သူရှိနေတာ သိနေသားနဲ့
ငါမြင်ချင်နေမိတယ်
သူပျောက်သွားတာ
ငါ့ရင်မှာ ခံစားနေခဲ့ရပီ......
ချစ်သူရေ
နောက်ဘဝ ဆိုတာ ရှိခဲ့ရင်
ငါ........မင်းဖြစ်ပေါ့
ငါ့အဖြစ်ကိုတော့
မင်းရပါစေ
လုံလောက်တဲ့ အကြောင်းပြချက်....မရှိ
ဘာကြောင့်လဲ မသိ
ချစ်ခြင်းရဲ့ ဝေဒနာက
မင်းမချစ်တဲ့ ကဗျာတွေကို ရေးနေမိတယ်
မင်းရဲ့မနီးမဝေးမှာ
မင်းအရေးမလုပ်တဲ့ နှလုံးသားဟာ
ချစ်သူရေ...........
မကြာခဏ ဖျားနေတယ်...
= ဆက်လက်ဖတ်ရှူရန် ...
&tl;/span> = ပြီးပါပြီ ...
မကြာခဏ ဖျားနေတယ်...
Posted by
ကောင်းကင်ပြာ
at
Saturday, January 31, 2009
Labels: ကဗျာ



16 comments:
သူငယ်ချင်းရေ...
အဖျားဆိုတာ ကြာရှည်ရင်တော့ မကောင်းဘူးနော်..
ဟုတ်တယ်နော်ဖျားတာကြာရင်ကောင်းဘူး..ဂရုစိုက်
ဟုတ်တယ်နော်ဖျားတာကြာရင်ကောင်းဘူး..ဂရုစိုက်
ဖျားနေရင် ဆေးသောက်ပြီး
ငြိမ်ငြိမ်လေး နေကြည့်လေ
သက်သာရာရမှာပါ
ဖျားနေတာလား... ဂရုစိုက်ဦးဗျ..
အဟီး
အလွမ်းဖျားက ဆေး မရှိဘူးနော်...
အချစ်ဖျား
အလွမ်းဖျားမို့
နာတာရှည်တတ်ပါတယ်
သတိထားပါနော် .. ..
ဝေဒနာတွေ အမြန်သက်သာပါစေ .. ..
အချစ်ဖျား အမြန်ပျောက်ပါစေ
အချစ်ဖျား အလွမ်းဖျားဆိုရင် ဆေးမရှိဘူးနော်။ ပျောက်အောင်မကုပေးတတ်ဘူးတဲ့ ကျန်းမာရေးကိုဂရုစိုက်ပါဗျို့။
်ကျွန်တော်လည်း မကြာခဏဖျားတယ် အချစ်ကြောင့် ဟိ:P
အလွမ်းဖျားဆိုရင်တော့ ဆေးပေးဖူးတယ် လိုက်ရှာပြီး သောက်လိုက်ဦးနော် :P
အဆင်ပြေပါစေဗျာ
အချစ်ဖျား အလွမ်းဖျား တွေ အမြန်ဆုံး ပျောက်ကင်းအောင် ကုသပေးမယ့် သူနဲ့ အမြန်ဆုံး နီးနိုင်ပါစေ ညီမငယ်ရေ...။
ကဗျာလေးလာဖတ်သွားတယ်။ အဖျား မြန်မြန် ပျောက်ပါစေနော်။
လက်စသတ်တော့
သူကြောင့်ဖျားတာကိုးးး
အော် ရဲလေးရဲ့ အကြောင်းပြချက်မရှိက သူ့ဆီမှာကိုးးး
လုံလောက်တဲ့ အကြောင်းပြချက်....မရှိ
ဘာကြောင့်လဲ မသိ
ချစ်ခြင်းရဲ့ ဝေဒနာက
မင်းမချစ်တဲ့ ကဗျာတွေကို ရေးနေမိတယ်
မင်းရဲ့မနီးမဝေးမှာ
မင်းအရေးမလုပ်တဲ့ နှလုံးသားဟာ
ချစ်သူရေ...........
မကြာခဏ ဖျားနေတယ်...
အဲဒီ စာသားလေးတွေက တော်တော်လေး အသက်ပါတယ်နော်
ဆက်လက်ရေးသားနိုင်ပါစေ
Post a Comment