တစ်ရက်က Gtalk မှာ ကိုတိုးလေး နဲ့စကားပြောရင်း ဘယ်လို ကဘယ်လို ငွေအကြောင်း ရောက်သွားလဲ မသိဘူး၊ သူက မေးတယ် ငွေကို လူကလုပ်တာလား၊ လူကငွေ ကိုလုပ်တာလားတဲ့၊ ကျွန်မလဲ ကြောင်တောင်တောင်နဲ့ တန်းမဖြေ နိုင်ဘူး၊ သူ့မေးခွန်းကို ပြန်စဉ်းစားပြီး ချာလပတ်လည်နေတယ်၊ အဲဒီလောက်တော်တာ၊ မေးတဲ့သူက မနေနိုင်လို့ သေချာ မှတ်ထားတဲ့ ငွေ ဆိုတာလူက လုပ်တာတဲ့၊ အင်း သူရှင်းပြတော့ လဲဟုတ်တာပဲ၊ ဒါပေမဲ့ ကောင်းကင်ပြာ ပဲလေ(ပြန်မပြော နားမထောင်)သိတယ်မို့လား၊ ဟုတ်ကဲ့ လို့ပြောလိုက်ပေမဲ့ ဒီအကြောင်းကို မမေ့ဘူး၊ ကျွန်မ ဖတ်၊မှတ်ထားတဲ့ စာအုပ်တွေ ထဲမှာပြန်ရှာကြည့်တယ်၊ အဲဒီမှာ ဘာတွေ့လဲ ဆိုတော့ Netherland က စီးပွားရေး သမား တစ်ဦး ရေးထားတဲ့ တရုတ် စကားပုံ တစ်ခုကို ဖတ်မိတယ်၊ ဆိုလိုရင်းမှာ ငွေ ကို လူက ရှာဖွေ သည်မှန်သော်လည်း ငွေ ကမဖန်တီးနိုင်သော အရာများ ရှိသည်ကို နှိုင်းယှဉ်ပေးထားခြင်း ဖြစ်တယ်။
With money........
You can buy a house , not a home.
You can buy a clock , not time.
You can buy a bed , not sleep.
You can buy a position , not respect.
You can buy a book , not knowledge.
You can buy a blood , not life.
You can buy a sex , not love.
You can see a doctor , not health.
ရိုးရိုးရှင်းရှင်းဖြင့် ထိမိလှသည်၊ သူကတော့ ခပ်ရှည်ရှည်ရှင်းပြ ထားတယ် ၊ ငွေဖြင့် နာရီကိုသာ ဝယ်၍ ရသော်လည်း အချိန်ကိုကားမရချေ၊ ငွေဖြင့် ရာထူး ဝယ်နိုင် သော်လည်း လေးစားမှုက ကိုယ့်အကျင့် သီလနှင့်သာ ဆိုင်ကြောင်းပါဝင်သည်၊ လောကမှာ တကယ် ဖြစ်နေသော အရာ များသာဖြစ်သည်၊ ဓမ္မဘက်က ကြည့်လျှင်လဲ ပီပြင်ဧ။်၊ လူမှုရေးဘက်က ရှုလျှင်လည်း အံဝင်သည်၊ ငွေရှိလျှင် အတော်ဆုံး ဆရာဝန်ကို ခေါ်နိုင်သော်လည်း ကျန်းမာရေး ကိုကား ဝယ်ယူ၍ မရကြောင်း သံဝေဂရစေသည်၊
ငွေကိုရေလိုသုံး၍ သွေးဖြင့် အသက်ဆက်ရန် ကြိုးစား နိုင်သော်လည်း ဘဝတစ်ခု(အသက်) မဟုတ်ကြောင်းလဲပါသည်၊ ငွေဖြင့် ကာမဆန္ဒတို့ကို အကောင်းဆုံး ဖြည့်ဆည်းနိုင်ခြင်းသည် တကယ်မှန်ကန်သော အချစ်မဟုတ်ကြောင်းလည်း ပါသည်၊ အချို့ ချမ်းသာလွန်း၍ အိမ်တွေ အများကြီး ဝယ်ထား သော်လည်း Home Sweet Home ဆိုသော အရာကိုမရ၊ နွေးထွေးသော မိသားစုဘဝကို မပိုင်ဆိုင် 'တိုးတတ်၊အောင်မြင်' ဟူသော စကားတွဲတွင် တိုးတတ်ခြင်းကို ယေဘုယျရုပ်ဝတ္ထု အပြောင်းအလဲတို့ဖြင့် ဆုံးဖြတ်ကြသော်လည်း အောင်မြင်ခြင်း ကိုမူ ရုပ်ဝတ္ထု တိုးတတ်ခြင်းဖြင့် မသတ်မှတ်နိုင်၊ ငွေသည် အတိုင်းအတာ တစ်ခုအထိ အထောက်အပံ့ပေးသော်လည်း အလုံးစုံကိုကား မဟုတ်၊ ကျန်သော အပိုင်းက 'ပြုသူ' ပေါ်မှာသာ မူတည်သည်။
ငွေကြေးချမ်းသာ၍ မယားပေါင်းများစွာ ယူခဲ့သော သူဋ္ဌေး တစ်ဦးသည် တစ်ချိန် အမေကွဲ သားသမီးပေါင်း များစွာဧ။် ဒုက္ခကို ခံရမည်မှာမလွဲ၊ 'ကံ' ကြောင့်မဟုတ်။ ထိုကံကို ဖန်တီး ခဲ့သူကြောင့်သာ ဖြစ်သည်။ မူးယစ်ဆေးဝါးဖြင့်လည်းကောင်း၊ ရာဇဝတ်မှု မကင်းသော လုပ်ငန်းဖြင့် လည်းကောင်း ချမ်းသာလာ ကြသူများ တစ်ချိန် 'ကံ' ရင့်ကျက်လာသောအခါ ဥပဒေနှင့် ရင်ဆိုင်ကြရခြင်းသည် လည်း မိုးပေါ်ကကျလာသော ကံကြောင့်မဟုတ် ၊ မြေပြင်ပေါ်က ပြုသူဧ။် ကံ ကြောင့်သာ ဖြစ်သည်။ ' ကံ 'ဆိုသောအရာသည် အကျိုးပေးရင့်ကျက် လာသောအခါ တူသောအကျိုးကို ပြန်၍ ပေးတတ်စမြဲ ဖြစ်သည်၊၊ မဖောက်မပြန်၊ ပြုသူထံ ပြန်ရောက်လာသည်။ အတိုးတွက်ပါသည်။
' ကံ ' ကို မယုံ၍ မရ ၊ မပုံဖို့သာလိုသည်။
လူတိုင်းငွေရှာကြပါသည်။ ငွေသည် အရာအချို့ကို ပြေလည် စေသောကြောင့် ဖြစ်သည်။ သို့သော်လည်း အရာအားလုံးကိုမူ ငွေဖြင့် ဆုံးဖြတ်၍မရပါ။ အသိသည် အတွေ့အကြုံထဲမှလည်း ရှာဖွေရပါသည်။ ပတ်ဝန်းကျင် မှလည်း ရနိုင်ပါသည်။ သို့သော်လည်း "We can buy a book, but not knowledge" ဟူသော စကားအတိုင်း ငွေဖြင့် စာအုပ်သာဝယ်၍ အလှဆင်နိုင် ပါသည်။ ငွေဖြင့် ပညာကိုဝယ်၍ ဦးနှောက်ထဲ အဆင်သင့် ထည့်၍ မရပါ။ ထို့အတူ နာရီကိုသာ ဝယ်နိုင်ပါသည်။ ကုန်ဆုံး သွားသော အချိန်တို့ကို ပြန်ဝယ်ယူ၍ မရနိုင်ပါ။
အားလုံးငွေရှာကြပါသည်။ ငွေရရန် ကြိုးစားကြပါသည်။
ကျွန်မ ဖတ်ထားတာလေး မျှဝေတာပါ၊
&tl;/span> =
' ကံ ' ကို မယုံ၍ မရ၊ မပုံဖို့ သာလိုသည်
Posted by
ကောင်းကင်ပြာ
at
Wednesday, February 4, 2009
Labels: မျှဝေခြင်း



13 comments:
သိပ်ကို ကောင်းမွန်တဲ့ ပို့စ်လေးပါပဲ။ မှတ်သားစရာတွေ အများကြီး ရစေခဲ့တာ အမှန်ပါ။ မျှဝေတဲ့အတွက် ကျေးဇူးပါ။
ဗဟုသုတရစေတဲ့ စာကောင်းလေးတွေ ရေးပေးတဲ့အတွက် ကျေးဇူးတင်တယ်။
ဗဟုသုတရစေတဲ့ ပို့စ်ကောင်းလေးတစ်ခုပါ ညီမလေးရေ. ပျော်ရွှင်ပါစေ။
ဖတ်သွားပါတယ် ။ ကျေးဇူး.....
ဖတ်မှတ်လေ့လာသွားပါတယ်ရှင်
မှတ်သားသွားပါတယ်..အဆင်ပြေပါစေဗျာ
ဟုတ်ကဲ့ ခင်ဗျာ..ငွေနဲ့ ပတ်သတ်တာလေးတွေ ဖတ်ရှုသွားပါတယ်...
ငွေနဲ့ ဝယ်လို့ မရတဲ့ အရာတွေ အများကြီးကျန်နေဦးမှာပေါ့...
တကယ့်မှတ်သားစရာကောင်းတဲ့ပို့လေးပါပဲ
မှတ်သားသွားပါတယ်
အခုချိန်မှာ ငါသိချင်နေတာက အခု knowledge လေးကို ရဖို့ ပိုက်ဆံတွေ ကုန်ခဲ့ရသေးလား ဆိုတာပါပဲ..
ဖတ်မှတ်သွားတယ်ကောင်းကင်ပြာ...............အဆင်ပြေပါစေနော်။ ကိုတိုးလေးက ဘာမှာမဟုတ်ဘူးနော် ကောင်းကင်ပြာရေးထားတာလေးကောင်းပါတယ်နော် ပျော်ရွှင်အဆင်ပြေပါစေနော်။
ငွေတွေအကြောင်း စိတ်ဝင်စားလို့ ကိုတိုးလေးက အဲလိုပြောတာလား ... သူက သိတယ်ပေါ့
:)
မှတ်သားပါတယ်
အမှန်ပဲဗျို့...
ငွေက လူကိုလုပ်တာလား လူက ငွေကိုလုပ်တာလား
စဉ်းစားစရာပါပဲ...။
ဒါလေးကို ဖတ်ဖူးသလိုပဲ အစ်မ။ ဒါပေမယ့် သတိမထားမိတော့ မေ့သလိုလို ဖြစ်နေပြီ။ ပြန်ပြီး စဉ်းစား ဆင်ခြင်မိပါတယ်။ မျှဝေပေးတာ ကျေးဇူးပါဗျာ။ အောင်မြင်မှု နဲ့ ပတ်သက်တဲ့၊ စီးပွားရေးနဲ့ ပတ်သက်တဲ့ စာအုပ်တွေမှာ “တိုးတက်၊ အောင်မြင်၊ ကြီးပွား” ဒီစကားလုံးတွေကို ခွဲရှင်းထားတာလေးတွေလဲ ကောင်းတယ်ဗျ။ ချမ်းသာခြင်းက ဘာပဲဖြစ်ဖြစ် နည်းနည်းတော့ ပိုကောင်းမှာပါ။
Post a Comment