ခေါင်းမော့ပါဦး ချစ်သူရယ်

မိန်းကလေးတွေရဲ့ အရည်အသွေးတွေ ထဲမှာ အားနည်းပျော့ပျောင်းမှုကို အတော်များများ ကြိုက်နှစ်သက် တတ်ကြတယ်၊ ကျမရဲ့ အပြင်ပန်း ပုံသဏ္ဍန်က မာသလောက် အတွင်းစိတ်က အတော် အားနည်းနေတတ်တယ်၊ အင်းအားတွေ မရှိတော့ဘူး၊ ကျမ အင်အား လိုနေပြီ၊ အားနည်းတာတွေ မောင်းထုတ်ဖို့ သတ္တိလိုနေပြီ၊ အားနည်းပျော့ပျောင်းမှုဟာ ကြိုက်ရတဲ့ သူအတွက် ကောင်းပေမဲ့ အရည်အသွေး ရှိတဲ့ သူအတွက် ဘ၀ အားမာန် နည်းသွားမယ်ထင်တယ်၊ ခု ကျမကို ကျမ အားပေးနေတာပါ၊း)

ကျမကို အားပေးနေသူတွေလဲ ရှိပါတယ်၊ အဆင်မပြေလာတဲ့ အခါ ကျမ မက်ဆေ့ တချက်ပို့လိုက်ရုံနဲ့ မအားလပ်တဲ့ ကြားက ချက်ချင်း အကြောင်းပြန် ကူညီပေးတဲ့ ညီမလေးတွေ အများကြီးပါ၊ တယောက်နဲ့ တယောက် အားပေးကူညီမှုမှာ ကျမအတွက် မျက်ရည်ကျလောက်အောင် ၀မ်းသာပါတယ်၊ ကျမ ၀မ်းနည်းနေရင် အားငယ်နေရင် အားမလို အားမရ ပြောပြနေတတ်တဲ့ ညီမလေး တယောက်အတွက် ကျမ ခု ရင်ဂို သီချင်းလေး နားထောင်ပြီး အားတင်းနေတဲ့ အကြောင်းလေး ပြောချင်တာပါ၊


26 comments:

မြစ်ကျိုးအင်း October 27, 2009 8:04 PM  

တစ်များလားမတိဘူး

မြစ်ကျိုးအင်း October 27, 2009 8:05 PM  

အလဲ့ တကယ်ပါလား ကျားသားမိုးကြိုး
ကျားသမီး မိုးကြီး ပါပဲလား

မြစ်ကျိုးအင်း October 27, 2009 8:08 PM  

စိတ်အားငယ်တဲ့အချိန်တွေလည်း ရှိမှာပေါ့ အရေးကြီးတာ မြန်မြန်ပြန်ထ လာနိင်ဘို့ပဲလေ...။

သီချင်းနားထောင်ပြီး အားတင်းတယ်ဆိုတာလည်း ကောင်းပါတယ်။စိတ်နဲ့ကိုယ် သဟဇာတ ဖြစ်ရင်ပြီးတာပါပဲ...။

အားတင်းထားပါ မင်းသမီးရေ....။

မေသူ October 27, 2009 8:23 PM  

ကဲကဲ မမပြာ.......မေသူ့ လက်တွဲလိုက်....ခိခိ....

MrDBA October 27, 2009 10:34 PM  

မမပြာ .. လာဖတ်သွားပါတယ်

မိုးစက်အိမ် October 28, 2009 12:00 AM  

ဘာဖြစ်ဖြစ် ခြောက်လောက်တော့ရပါသေးတယ်
ဌဲ ဌဲ အားငယ်ချိန်လေးနားထောင်ဖြစ်တဲ့  ကိုရင်ဂို
သီချင်းလေး လာခံစားသွားပါတယ် အမကောင်းရေ :D

သားကြီး October 28, 2009 12:51 AM  

မကြောက်စမ်းနဲ့ အနားမှာလေ ကိုယ်ရှိတယ်...
(စိုင်းထီးဆိုင်သီချင်းဖြစ်ပါသည်)

သားကြီး October 28, 2009 12:52 AM  

ကျနော့ကိုလည်းmessageပို့နိုင်ပါတယ်
မအားတဲ့ကြားက ချက်ချင်းအကြောင်းပြန်ကူညီပေးမှာပါ :P

နှင်းဆီပန်းချစ်တဲ့ကောင်မလေး October 28, 2009 1:09 AM  

မမရေ သတိတရ တင်ပေးလို့ ကျေးဇူးးး
အာဘွားးးး

ကြည်ဖြူပိုင် October 28, 2009 1:59 AM  

ချစ်မပြာ....
ဘာတွေဖြစ်နေတုန်း
အားမငယ်ပါနဲ့နော်မမ
အနော်တို့ရှိတယ်
လိုအပ်ရင်ခေါ်လိုက်
အပြေးလာလို့မရတောင်
အနည်းဆုံးတော့မမပြာဆီကိုအသံလေးပြေးလာခဲ့မယ်
အားတင်းထားပါမမ

လင်းကြယ်ဖြူ October 28, 2009 6:00 AM  

အားလုံးအဆင်ပြေသွားမှာပါ...သေချာပါတယ်...
ပျော်ပါစေ ခင်ဗျာ....

ဂျပန်ကောင်လေး October 28, 2009 6:20 AM  

ငါ့အမကြီး ဘာတွေ ခံစားနေရလဲ ပြော...း)

ရေတမာ October 28, 2009 8:03 AM  

.............

စည်သူ October 28, 2009 9:09 AM  

ပျက်အစဉ် ပြင်ရင်ခနလေ..
ဘာမှ အားငယ်နဲ့.. လာခဲ့ ..တားတား ရေခဲမုန့် ကျွေးမယ်..း)

အားတင်းထားပါ မမကောင်းကင်ပြာရေ..
လူ့ဘဝကြီးက ဒီလိုပါပဲ.

ဝမ်းနည်းတစ်လှည့် ပျော်ရွှင်တစ်လှည့်ပေါ့..

အားပေးလျှက်
စည်သူ။

naychi October 28, 2009 9:30 AM  

မမပြာ...
အားတင်းထား
ကျားယို
ဖိုက်တင်

(ဒီလောက်ပဲတတ်တယ်း))

မိုးခါး October 28, 2009 10:56 AM  

ချစ်မမပြာ
ဘာကိစ္စ အားငယ်သတုန်း
အားမငယ်နဲ့
မီးတို့ချိဒယ်လေ
း))
မငိုနဲ့
မောင်နှမတွေ အားကြီးပဲ
ဖိုက်တင်းနော် ..း))

မြရေလျဉ် October 28, 2009 3:43 PM  

ငါအစ်မ မမပြာကအားငယ်တာမဟုတ်ဘူးဟေ့
သူခေါင်းငုံ့တာက
ခေါင်းလျှော်နေလို့


(စိတ်ညစ်နေရင် ပျော်အောင် စ ပေးခဲ့တယ်နော်)

နှင်းဆီပန်းချစ်တဲ့ကောင်မလေး October 28, 2009 8:41 PM  

ဟွမ်းးး စီဘောက်မရှိလို့ ဒီမှာရေးခဲ့ဒယ်
ခေါ်က်ဆွဲကြော်နဲ့ ပဲနီလေးဟင်းချို ချက်လိုက်အုန်းမယ်။
ပီးမှ ရန်ဆက်တွေ့မယ်
ဒါဗြဲ။
(အော် မေ့လို့ ခေါက်ဆွဲကြော်လေးလာချားပါလားဟင်
ကျွေးချင်လွန်းလို့ပါးP )

နေ့အိပ်မက် October 29, 2009 1:14 AM  

မမ ချိတ်ညစ်နဲ့နော်.... အမြဲတမ်း ကောင်းကင်ထဲမှာ အိပ်မက်လာမက်တယ်.. အားမငယ်နဲ့နော်.... နောက်နှစ်တွေကြာသွားလို့ ပြန်တွေးကြည့်ရင် ခုလက်ရှိအချိန်တွေကို ပြန်ရယ်ချင်ရယ်ဖြစ်နေမှာ မမရဲ့

MieMie October 29, 2009 2:05 AM  

ညီမလေး ရေ..အားမငယ်ပါနဲ့
ပျော်စရာတလှည့် ၀မ်းနည်းတလှည့် မို့ အမြဲတမ်း ဒီလိုမနေပါဘူး... အားပေးတဲ့ မောင်နှမတွေ အများကြီးရယ်...

mie nge

ခရေညို October 29, 2009 8:54 AM  

ဘာတွေစိတ်အားငယ်နေတာလဲဟင်?
ကူညီပါရစေ ကူညီပါရစေ ရှင့်/ဗျာ့
ပျော်ရွှင်စေရန် ရည်ရွယ်ပါသည်။

ဒဏ္ဍာရီ October 29, 2009 1:21 PM  

စိတ်မညစ်ပါနဲ့ မမရေ ... မမမှာ အခုလို ညီမလေးတွေ ရှိနေတာကိုက ဂုဏ်ယူစရာပါ။

ခင်မင်လေးစားလျှက်

Mogok Thar October 29, 2009 6:18 PM  

ကျားဘို ကျားဘို
အဲလေ
ကျားရို့ ကျားရို့
အဲလို ပြောသလား မသိဘူးနော

သားကြီး October 30, 2009 3:32 PM  

ပျောက်လှချည်လား
ပျောက်လှချည်လား

desertraindrops November 3, 2009 3:23 AM  

မကြီးရေ သီချင်းလေးကြိုက်တယ်။

Angel Shaper November 6, 2009 4:15 AM  

ချစ်မကြီးးးးးးးးး
သမီးကိုလဲ မက်ဆေ့ ပို့လိုက်။။။။
အလွန်အားနေတဲ့ကြားက သီချင်း ထဆိုပြမယ် ဟဲဟဲ။.....