ချစ်တဲ့ အိန္ဒြာ အတွက်ရေးတဲ့ တဂ်

ကျမရဲ့ ချစ်စရာ ကဗျာဆရာမလေး အိန္ဒြာက တဂ်တာပါ၊ ၂၀၁၂ မှာ ကမ္ဘာ ပျက်ခဲ့ရင်တဲ့၊ ကျမက စာမရေးချင်ဘူး၊ ခေါင်းထဲက စာတွေ မထွက်ဘူး၊ ရေးလိုက်ရင်လဲ ကြောင်တောင်တောင်တွေပဲ ရေးမိနေတယ် ဆိုတော့ အဲ့လို ကြောင်တောင်တောင်တွေပဲ ရေးပါ၊ ရပါတယ်တဲ့၊ ရေးဖို့ စဉ်းစားရင်း သူများရေးထားတာလေးတွေ သွားသွားဖတ်မိတော့ အကိုအောင်သာငယ် ရေးသလို ချစ်တဲ့သူတွေနဲ့ မခွဲနိုင်တဲ့ အကြောင်းပဲ ရေးရမလို၊ ကိုနော့်လို ဟာသ လေးတွေပဲ ရေးကြည့်ချင်သလိုလို၊ ကိုကိုမိုးကုတ်လို ဒဿန ဆန်ဆန်တွေပဲ ရေးရမလိုလို ၊ လိုလိုတွေနဲ့ပဲ ချရေးကြည့်မိလိုက်တော့.......

၁။ ဘယ်သူတွေနဲ့ ရှိနေချင်လဲ

ကျမ ဘယ်သူတွေနဲ့မှ တူတူ ရှိမနေချင်ဘူး၊ တယောက်ထဲ တနေရာရာမှာ ရှိနေမယ်၊ ဘာလို့လဲဆို ကျမ အဖေ၊ အမေ၊ အချစ်ဆုံး၊ အကိုတွေ၊ မောင်တွေ ဘလော့ မောင်နှမတွေ အားလုံးကို သိပ်ချစ်တတ်တယ်၊ အဲ့လို သိပ်ချစ်တတ်တဲ့ အတွက်ကြောင့် ဘယ်သူ့နားမှာမှ မနေချင်တာ၊ သူတို့တွေ တခုခုဖြစ်သွားမှာကို ကျမ မမြင်ရက်သလို၊ ကိုယ်တခုခု ဖြစ်သွားမှာကိုလည်း မမြင်စေချင်လို့ပါ၊ သူတို့တွေ အားလုံးကိုတော့ တနေရာထဲ တူတူ ရှိနေစေချင်ပြီး ကျမတော့ တယောက်ထဲ နေပါ့မယ်။

၂။ ဘာတွေ ခံစားနေရလဲ

ထွေထွေထူးထူးတော့ ခံစားနေရမယ် မထင်ဘူး၊ အများခံစားနေရသလို ကြောက်လန့် တုန်လှုပ်၊ မလွဲမသွေ ရင်ဆိုင်ရတော့မယ် ဆိုတဲ့ ခံစားချက်ပဲ ရှိနေမှာပါ။

၃။ ဘာတွေ ပြင်ဆင်ထားမလဲ

ဘာမှ ပြင်ဆင်လို့မှ မရတာ ပြင်ဆင်ထားလဲ သေမှာပဲ၊ မပြင်ဆင်ထားလဲ သေရတော့မှာ ( ဟုတ်မယ်ထင်တယ်..နော်)

၎။ ၀မ်းနည်းနေမိမှာက

အကုန်လုံးနဲ့ သေကွဲ ခွဲရတော့မှတော့ ၀မ်းနည်းမှုက ပြောပြလို့တောင် မရဘူး၊ ဟို အရင်အချိန်တွေကို ပြန်တွေး ၀မ်းနည်း နေမိမယ်၊ အားလုံး ပြန်တွေ့ဖို့ဆိုတာ မဖြစ်နိုင်တော့ဘူးလေ။

၅။ ကြောက်လန့် မိတာက

ကျမ တော်တော် ကြောက်တတ်ပါတယ်၊ ရုပ်ရှင်တောင် တော်ရုံ သွေးထွက် သံယို၊ အကောင်ပလောင် ပါတဲ့ ကားတွေဆို မကြည့်ပါဘူး၊ ပြောမပြတတ်အောင် ဘာကိုကြောက်မှန်းမသိ ကြောက်လန့်နေမိမှာ ကြောက်ကြောက် နဲ့တောင် မြည်နေမလား မသိ..း)

၆။ ဆောင်ထားချင်တာက

ကျမမှာ ဘုရားဂုဏ်တော်၊ တရားဂုဏ်တော် ကလွဲလို့ ဆောင်ထားစရာ မရှိပါဘူး၊ ဒါတောင် အမြဲရွတ်နေကျ ဂါထာတွေက အဲ့ အချိန်ဆို ကပေါက်တိ ကပေါက်ချာ ဖြစ်နေလောက်တယ်။

၇။ ဘာတွေ ရေးမိမလဲ

မရေးမိလောက်ဘူး၊ ခုတောင် စိတ်ကလေး နဲနဲ အဆင်မပြေ၊ အလုပ်လေး အဆင်မပြေတာနဲ့ စာမရေးနိုင်ဖြစ်နေတာ အဲဒီ့ အချိန်ဆို တွေးသာကြည့်ပေတော့...

၈။ တွေးမိတွေးရာ အတွေး

အင်း.... ချစ်ရတဲ့ အဖေ အမေ အချစ်ဆုံး၊ ဒီမောင်နှမတွေနဲ့ နောင်ဘ၀ ရှိခဲ့ရင် ပြန်တွေ့ပါဦးမလား၊ ဘလော့မောင်နှမတွေရော ဘယ်တွေ ရောက်ကုန်မလဲ၊ ငါရော...နတ်ပြည်လား၊ ငရဲပြည်လား၊ ငရဲပြည် ရောက်ဖို့က ပိုများနေမယ်ထင်တယ်..( တွေးတာနော် တွေးတာ..)

၉။ ဂုဏ်ယူချင်တာက

ဂုဏ်ယူချင်နေတာ အများကြီးပါ၊ ဒါပေမဲ့ ဘာမှ ဂုဏ်ယူစရာ မရှိဘူး၊ သေချာသလောက်ပဲ။

၁၀။ ရှာကြံ ဖြေသိမ့်မိတာက

အဖေနဲ့ အမေအတွက် ငါဟာ လူဆိုးမကြီး ၊ ရွာသားရေးသလိုဆို( လူမိုက်မကြီးး ခုထိမိုက်တုန်း) ဆိုသလို ငါမရှိတော့တာ ကောင်းပါတယ်၊ အဖေ အမေနဲ့ အချစ်ဆုံးတွေ ပြန်တွေ့ပြီး ငါမပါလဲ စိတ်ချမ်းချမ်းသာသာ နေနိုင်မှာပါလို့ ဖြေတွေးနေမိမလားပဲ။

၁၁။ ကျူးရင်ချင်တဲ့ ဥဒါန်း

ဘ၀ ဇာတ်ဆရာ၊ ကံကြမ္မာ မျက်လှည့်ဆရာတို့ရဲ့ အလိုအရ ဒီဘ၀....ဒီမျှပါပဲ။

မမ အိန္ဒြာ ကျေနပ်ပါနော်၊ တော်တော်လေး တွေးပြီး ရေးထားတာတောင် အတော်ကြောင်တယ် နော်...အိုကေ..း)
ပုံလေးလဲ ကြည့်သွားနော်၊ ကျမ ဒီပို့စ်လေး ရေးမယ်ဆိုလို့ သားကြီး လုပ်ပေးထားတဲ့ ပုံလေးပါ၊




28 comments:

နှင်းဆီပန်းချစ်တဲ့ကောင်မလေး October 31, 2009 1:18 AM  

ဟူးးးး
၂၀၁၂ ထိအသက်ရှိအုန်းမယ်ဆိုတော့ ကံကောင်းတာပေါ့
အလုပ်ကအဆင်ပြေနေပါပီ
ဟွမ်းးး

ကိုလူထွေး October 31, 2009 1:40 AM  

အဲ့လိုဆိုရင်တော့ ငရဲပြည်မှာ အတူတူဆက်ပြီး ဘလော့ဂင်းကြမယ်လေ...

ဖတ်ရင်းနဲ့ ငိုချင်လိုက်ထှာဗျာ...

း´(

ကိုလူထွေး October 31, 2009 1:43 AM  

ဆီပုံးမရှိတော့ဒီမှာပဲ သောင်းကျန်းမယ်နော်...
စာတွေပြန်ရေးလို့ ဝမ်းသာမိတာအမှန်ပဲ...

"မိုးသားကင်းစင် လင်းတဲ့တနေ့မှာ ပြန်လည်ကာတွေ့ရမှာပဲ... ယုံကြည်ချက်တခုတော့ ရှိနေမယ်..."

အခက်အခဲဆိုတာ ဘဝရဲ့ အစိတ်အပိုင်းတခုလေ...

ဇွဲမလျော့တမ်းပေါ့...

းဝ)

Ko Toe Gyi ( Multiply Boo Boo Gyi ) October 31, 2009 1:43 AM  

ဆရာမ
သေသေချာချာကြီးကို ဖတ်ခဲ့ပါတယ်
မောင်လေးတိုး

ကိုရင်နော်ခင်လေးငယ် October 31, 2009 1:52 AM  

မမကောင်းကင်ပြာရေ..
တကယ်ကို ခံစားပြီးရေးထားတယ် ဆိုတာ ဖတ်ရတာနဲ့တင် သိသာပါတယ်.. တွေးမြင်ပုံတွေက လက်တွေ့ကျနေတယ်.. ရေးနေတုန်းက ရင်တွေတုန်.. လက်တွေတုန်မှ ဖြစ်ရဲ့လား..း)

ဒီတဂ်မျိုးကို ရေးဖို့ တော်တော် အားမွေးရမှာပါ.. ဘယ်သူက သေကြ၊ ပျက်စီးကြတာကို ရေးချင်မှာလဲနော်.. ဒါပေမဲ့.. ကျနော်ကတော့ ဒီတဂ်ကို ကြိုက်တယ်..။

ဒီတဂ်မှာ တွေးစရာတွေ အများကြီးပဲ.. သရော်ချင်စရာတွေလည်း တွေ့ရတယ်.. တရားသဘောတွေလည်း တွေ့ရတယ်..။ ဒီလို သေခြင်းတရား၊ သံဝေဂ တရားတွေကို သတိရမိစေအောင် တဂ်တဲ့ မအိန္ဒြာကို ကျေးဇူးတင်ရမှာပဲ..။

တစ်ခု တွေးကြည့်ရအောင် ၂၀၁၂ ကမ္ဘာ ပျက်၊ မပျက် အသာထားဦး.. ဆရာဝန် လက်လျော့လိုက်တဲ့ လူနာ တစ်ယောက် အဖြစ်ပဲ ခံစားကြည့်.. သူ့အတွက် ကမ္ဘာပျက်တော့မှာပဲ.. သေချာနေပြီ.. သေခြင်းတရားက သူနဲ့ မျက်နှာချင်းဆိုင်နေပြီလေ..။
ဒါကြောင့် ၂၀၁၂ ကို ကောလဟလ ဖြစ်ဖြစ်.. တကယ်ဖြစ်ဖြစ် ဒို့တွေ ပြင်ဆင်ထားသင့်တာက သေဖို့အတွက်ပဲ..။ ဘာတွေ ပြင်ဆင်ရမယ်ဆိုတာ လူတိုင်းသိပါတယ်လေ..။

“၂၀၁၂ ကို ဘာမှ မဖြစ်ဘူးလို ယုံထားတယ်”
ဒါပေမဲ့ ကမ္ဘာ မပျက်လည်း တစ်ရက်တော့ သေရမှာမို့ ကောင်းကောင်းသေနိုင်ဖို့ စဉ်းစားရတော့မယ်..။

ခင်မင်လေးစားချစ်ခြင်းအားဖြင့်
ကိုရင်နော်

My Calm Hill October 31, 2009 1:59 AM  

ပျက်မယ်ဆိုလည်း ကိုယ်တားလို့မှမရတာပဲ ဘာလို့ပူပန်နေမလဲ ပျက်မယ်ဆိုလို့ပဲဖြစ်ဖြစ် ဘုရားသတိရတာတော့ ကောင်းတဲ့အချက်ပါ ဒါပေမယ့် ဘုရားဂုဏ်တော်လည်း အားကိုးမနေနဲ့ သူလည်းမကယ်နိုင်ပါဘူး တရားပဲအားကိုးပါ ၂၀၁၂ ပျက်မယ်ဆိုတောင် ဗုဒ္ဓံသရဏံတွေ ဘာတွေရွတ်နေလည်း ဘုရားသက်ရှိထင်ရှားရှိရင်တောင် သာဓုတောင်ခေါ်မှာမဟုတ်ဘူး အနည်းဆုံး တစ်ရက်ကို ၁၀ မိနစ်လောက် တရားလေးထိုင်နိုင်ရင်ပဲ အင်မတန်အကျိုးများမယ်မဟုတ်လား မြတ်စွာဘုရားသက်ရှိ ထင်ရှားရှိမယ်ဆိုတောင် ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်မယ်မဟုတ်လား

မိုးခါး October 31, 2009 2:19 AM  

ချစ်မပြာရေး))
ဖြစ်တော့လည်း ဖြစ်ပေါ့ .. ဟုတ်တယ်မလား ..း))
သေချာရင်တော့ အလုပ် မလုပ်တော့ဘူး .. ပင်ပန်းတယ် .. :P

MieMie October 31, 2009 2:51 AM  

အပေါ်က ကိုလူပျို ရဲ့  တရားစကား ကို နာခံသွားပါတယ်...

ညီမရေ..ကြောက်တတ်ရင် ကြောက်တတ်သာတွေ
များများကြည့်ပေး ... နောက် ဆို ကြောက်တတ်တော့မှာ မဟုတ်ဖူးး)

mie nge

မြစ်ကျိုးအင်း October 31, 2009 2:55 AM  

လူကျန်းမာပါစေ စိတ်ချမ်းသာပါစေ :)

သားကြီး October 31, 2009 3:07 AM  

ခုကတည်းက မစားဖူးတာတွေ
မသောက်ဖူးတာတွေ စားထားရမယ်
သောက်ထားရမယ် ဒါမှအရင်းကျေမှာ :)

သားကြီး October 31, 2009 3:10 AM  

အကောင်ပလောင်တွေ monsterတွေပါတဲ့
သွေးထွက်သံယိုကားမကြိုက်ဘူးပေါ့ ဟုတ်စ?
ကျနော်တော့ကြိုက်သလားမမေးနဲ့
ကြိုက်ကြိုက်နဲ့တောင်မြည်သေး :P
ပြောရင်းဆိုရင်းတောင်ကြည့်ချင်လာပြီ
နေဦး youtubeမှာ most scary moviesဆိုပြီး
search boxမှာရိုက်ပြီးရှာကြည့်လိုက်ဦးမယ်

သားကြီး October 31, 2009 3:12 AM  

ဟုတ်တယ်
အမြဲရွတ်နေကျဂါထာက အဲချိန်ဆိုပြောင်းပြန်ဖြစ်နေလောက်တယ်
အစမေ့လိုက် ခလယ်မေ့လိုက်
အဆုံးသတိမရလိုက်နဲ့ :P

သားကြီး October 31, 2009 3:14 AM  

ငရဲပြည်ရောက်ဖို့ပိုများတယ်လား
သေချာလို့လား
သေချာတယ်ဆိုရင် welcome to hellပေါ့
ကျနော်ကအဲဒီမှာဘွတ်ကင်ကြိုလုပ်ထားပြီးပြီ :P

ညီညီ October 31, 2009 3:15 AM  

သံဝေဂတွေတော့ တသီကြီး ရနေပါပြီဗျာ။
ကောင်းတာလုပ်ဘို့ သတိပေးသံတွေ အဆက်မပြတ်ကြားနေရပြီ။ ၂၀၁၂ မှာ တစ်ကယ်ပျက်သည် ဖြစ်စေ မပျက်သည်ဖြစ်စေ အသိတရားတွေတော့ ဖုံတွေ သဲတွေ ကြားထဲကနေ ခေါင်ပြူထွက်နေပါပြီ။ ကျေးဇူးတင်ပါတယ် မမ ကောင်းကင်ပြာရေ.။

ခင်မင်လေးစားလျှက်

ညီညီ(အနာဂါတ်သံစဉ်)

သားကြီး October 31, 2009 3:15 AM  

နောက်ဆုံးတစ်ခုပြောလိုက်မယ်
ကမ ၻာၾကီးလံုးဝ (လံုးဝ)မပ်က္ပါခင္ဗ်ာ
ပျက်စရာရှိ ကျနော်တို့တိုင်းပြည်ပဲပျက်ပါမယ်ခင်ဗျာ
အခုတောင်အကောင်းမှမရှိတော့ဘဲ

ဂျပန်ကောင်လေး October 31, 2009 6:38 AM  

မကြီးရေ.. ရောက်ပါတယ်.. မောနင်းဗျား.......

flyboy October 31, 2009 8:58 AM  

Don't worry i will stand by u. ha.haa
U make me think what i am going to do if this will be happened really. But i believe should not be any pb.
Don't worry.......

အိန္ဒြာ October 31, 2009 9:09 AM  

ကျေနပ်ပါတယ်..
ကျေနပ်ပါတယ်..

တစ်ခုပဲအေ...

မမ မမ နဲ့....း))

စိတ်ရော လူရောမအားလပ်တဲ့ကြားက တကူးတက ရေးပေးဖေါ်ရတာအတွက် ကျေးဇူးတင်ပါတယ်.ကောင်းကင်ပြာရေ..

ချစ်ခင်စွာ

အိန္ဒြာ

Mogok Thar October 31, 2009 10:20 AM  

မိုင်ကမ်ဟီး ရေးသွားတာ တွေ့တယ် ဟုတ်။
မျက်နှာစာအုပ်မှာပဲ အလုပ် ကြိုးစားမနေနဲ့။
အဲ့ဒီထဲက တစ်ရက် နာရီဝက် ဖဲ့ယူ ပီး မိုင်ကမ်ဟီး ပြောသလို တရားထိုင်ပါ။
ဒါပဲ ပြာဂျီး။

လူမိုက်မ လုပ်မနေနဲ့......

ပေါက်တယ်နော်

ဗညားရှိန် October 31, 2009 10:27 AM  

အင်း တို့ မမပြာတော့ တစ်ယောက်တည်းပဲ နေတော့မှာလား အဲဒီအချိန်ကျရင် ဘေးနား တစ်ယောက် ခေါ်ထားလေ နောက် တစ်ခုခု ဖြစ်ရင် လက်ဆွဲပြီး ပြေးလို့ရအောင် ( ပြေးစရာလဲ နေရာ ရှိမှမဟုတ်ပါဘူး အကုန်ပျက်မှာကိုးနော် မမပြာ ဟိဟိ )

မေဇင် October 31, 2009 12:36 PM  

မမ ရေ...မီးမီးလဲ ကြောက်ကြောက် နဲ့ ဖြစ်နေမှာ...သိလား...:) ။ မသေချင်သေးပါကွယ်...ဒါပေမယ့် သေရမှာပါပဲ...တစ်နေ့တော့ပေါ့...။

မေဇင် October 31, 2009 12:37 PM  

မမ ရေ...မီးမီးလဲ ကြောက်ကြောက် နဲ့ ဖြစ်နေမှာ...သိလား...:) ။ မသေချင်သေးပါကွယ်...ဒါပေမယ့် သေရမှာပါပဲ...တစ်နေ့တော့ပေါ့...။

ရေတမာ October 31, 2009 1:51 PM  

ကောင်းကင်ပြာဆိုတာ ဒီလိုလား

မိုးစက်အိမ် October 31, 2009 5:34 PM  

ကြံဖန်ဖြေသိမ့် တာတော့ တော်တော်သဘောကျတယ်
ကမ္ဘာ ပျက်ရင် မကောင်း နဲ့ လိုက်မယ်နော် ဘိုကင်လုပ်
ထားတာ ကောင်းကင်ပြာပေါ်ကို ဟဲဟဲ

စည်သူ October 31, 2009 6:42 PM  

ဘာမှ မပူနဲ့.. အဲလိုပြောရင် ပိုပူတယ်..
ဘာမှ ကို ပူမနေနဲ့ ပူနေလို့လည်း အလကားပဲ.. မပြောတော့ဘူး...

နဲနဲလေး ထပ်ပြောအုံးမယ်.. ကိုယ်က အနေသာကြီးပါ သူများတကာတွေက လောဘရမ္မက်တွေ ထောင်တက်နေပြီး.. မိုးမမြင် လေမမြင် အောက်လူကိုလည်း မကြည့်.. လုပ်ချင်ရာလုပ်နေတဲ့ လူတွေကိုပဲ သနားတယ်လို့ ပြောချင်တယ်..

နဲနဲလေးကျန်သေးတယ်..
မသေလင်လေးတော့ ကောင်းတာတွေ ရွေးလုပ်သွားလို့ ရတာပေါ့..

ဘာပဲပြောပြော သံဝေဂလေတော့ ရမိပါတယ်..
ကိုယ်ဖြစ်မှ ကြောက်ကြတာလေ.. သူများကို လုပ်တုန်းကတော့ ပျော်နေလိုက်ကြတာ..

အဲလိုပြောလို့ ကျွန်တော် မကြောက်ဘူးလားလို့ မေးလို့ရတယ်...

ဖြေပါတယ်.. ကြောက်ပါတယ်.. ကြောက်တာမှ ကြောက်ကြောက်.. ကြောက်ကြောက်နဲ့ ကို မြည်နေတာ..

ပျော်ရွှင်ပါစေ
ခင်မင်စွာဖြင့်
စည်သူ။

ကိုလူထွေး November 2, 2009 3:27 AM  

သူများအိမ်မှာ ဘာတွေစားချင်နေလဲ...

းဝ)

Angel Shaper November 6, 2009 4:13 AM  

ကမ္ဘာပျက်သွားလဲ ပျော်ပျော်ကြီး ကဲကြတာပေါ့လေ။
ငရဲပြည်ဖြစ်ဖြစ်၊ နတ်ပြည်ဖြစ်ဖြစ်ပေါ့။ အဟဲ...
ကြောက်ပါဘူးနော်။ ဟိ

may kyaw November 19, 2009 2:08 PM  

အဲဒီ ကမ္ဘာပျက်မယ် ဆိုတာကို ကြားတယ် ၊ ဖတ်လည်းဖတ်နေရတယ် ... တလောက သူငယ်ချင်းတစ်ယောက်ကလည်း မေးတယ် ၊ ကမ္ဘာပျက်မယ်ဆိုတာကို ယုံလားတဲ့... ညီမထင်တာပေါ့နော်.... ဘုရားရှင် ချန်ခဲ့တဲ့ သာသနာနှစ် ကျန်သေးတယ်လို့ .... ဘယ်လိုမှ မပျက်နိုင်ဘူးလို့ ... ဘုရားရှင်စကား ဘယ်လိုမှ မမှားနိုင်ဘူးလို့လေ... ညီမတွေးတာကို ပြောလိုက်မိတယ် ... အဲဒီသူငယ်ချင်းကလည်း ပြန်ပြောတယ် ... ဘုရင်တွေ သက္ကရာဇ် ဖြိုခဲ့တာရော မဖြစ်နိုင်ဘူးလားတဲ့.... ညီမ နည်းနည်း ကြောင်တောင်တောင်ဖြစ်သွားတယ်.... ဘယ်လိုပဲ ဖြစ်ဖြစ် ပျက်မယ်ဆိုတာ မဖြစ်နိုင်ဘူးလို့တော့ ညီမထင်တာပဲနော်.....
ဒါနဲ့ စကားမစပ် ကိုလူပျိုကြီး ပြောသွားတာလေး သဘောကျတယ်..... :)