စိတ်

ဘာရယ် မဟုတ်ပါဘူး၊ စိတ်တွေ ကျမရဲ့ စိတ်တွေ၊ ဘယ်တွေ ရောက်နေ၊ ဘာတွေ တွေးနေတယ် ဆိုတာ ကျောင်းမှာ စာသင်ရင်း (အိပ်ငိုက်ရင်း) တွေးမိလို့ ချရေးထားလိုက်တာ....

ကျမ အသက်ကြီးနေပေမဲ့ ကိုယ့်ကိုယ်ကို မရင့်ကျက်သေးဘူး ထင်ပါတယ်၊ ထင်တာမဟုတ်ဘူး၊ ဟုတ်ကို ဟုတ်တာ၊ စိတ်က အသက်ရဲ့ ထက်ဝက်တောင် ရှိပါ့မလားပဲ၊ စိတ်ဆိုး၊ စိတ်ကောက်၊ စိတ်အလိုမကျ တာတွေ အများကြီး၊ လောဘ ကလဲ ကြီးသေး၊ လောဘကြီးတယ် ဆိုတာ ငွေရေးကြေးရေး လောဘ ကြီးတာ မဟုတ်ပဲ၊ စိတ်လောဘ ကြီးတာပါ၊ ဒီ အရွယ်ကြီး ရောက်နေပြီ ဘုရားတရား မလုပ်ပဲ စိတ်လောဘ ကလဲ ကြီးသေးလို့ မပြောပါနဲ့၊ ဘုရားရှိခိုး တရားထိုင် ( အဲ တရားမထိုင်နိုင်သေးဘူး) မနက် ည ဘုရားရှိခိုးတာ လောက်ကလွဲပြီး ဘာမှ မလုပ်နိုင်သေးပါ၊ ဆက်ရေးရရင် စိတ်လောဘ ကြီးတယ် ဆိုတာက ကျမက အကိုတွေ မောင်တွေ ဦးလေးတွေ ကြားမှာ ကြီးတော့ နေရာတကာ ဂရုစိုက်ခံရတယ်၊ ဒီသမီးလေး တယောက်ထဲ ဆိုပြီး အဖေနဲ့ အမေက ဂရုစိုက်၊ သူငယ်ချင်း အပေါင်းအသင်း သိပ်မရှိပေမဲ့ ရှိတဲ့သူတွေရဲ့ ဂရုစိုက်တာကို ခံခဲ့ရသူ တယောက်ပေါ့၊ အဲ့ အတွက် ဘယ်သူနဲ့ တွေ့တွေ့ လောဘကြီးတတ်ပါတယ်၊ ကိုယ့်ကို ဂရုစိုက်နေသူ တယောက် တခုခု ပြောင်းလဲ သွားတယ် ထင်ရင် အတော်လေး ခံစားရပါတယ်၊

ဒီရောက်စကလဲ အလူးအလဲ ခံစားခဲ့ ရတယ်၊ ကိုယ်ဘာသာစား၊ သွား၊ အလုပ်လုပ်၊ အဲ့ဒီ စိတ်နဲ့ပဲ ဖျားနာခဲ့ဖူးတယ်၊ ဒီမှာ အတူနေတဲ့ သူငယ်ချင်းကလဲ ရွာမှာထဲက အချစ်ဆုံး သူငယ်ချင်း ဖြစ်ခဲ့တော့ ခုထိလဲ ကျမ အတွက် ကျမ ဆိုးသမျှ၊ ဂျီကျ သမျှ သူ ခံနေရတုန်းပေါ့၊ ကျမ အပြင်မှာ စိတ် အဆင်မပြေလာ သမျှ အိမ် ရောက်ရင် သူခံရတတ်ပါတယ်၊

ကျမရဲ့ စိတ်တွေ မကောင်းတာ ပြောပါတယ်၊ မနက်မိုးလင်း အိပ်ရာထဖို့ နှိုးစက် ပေးထားပေမဲ့၊ အိပ်ရာထဖို့ နှိုး လာမဲ့ ဖုန်းကို မျှော်ပြီး မထ တတ်ပါဘူး၊ကိုယ့်ဘာသာ စိတ်ကို ဆုံးမထားပေမဲ့ စိတ်လေ စိတ်၊ ကျောင်းသွားသွား၊ အလုပ်သွားသွား၊ ကိုယ့် ကို ဘယ်ရောက်နေလဲ၊ ပင်ပန်းနေလား ဆိုတဲ့ မက်ဆေ့လေး တစောင်ဟာ ကျမအတွက် အမောပြေ အားဆေး တခွက်လို့ ထင်နေပြန်ရော၊ ၀မ်းနည်း ၊ အားငယ်တတ်ပြန်တာလဲ နှစ်ယောက်မရှိ တခုခုဆို ချက်ချင်း မျက်ရည်က အရင် ထွက်၊ မငိုနဲ့ လို့ ကိုယ့်စိတ်ကို ပြောနေပေမဲ့ သူ့ဘာသာ မျက်ရည်က ထွက်လာတာ ထိန်းမရတတ်ပြန်ဘူး၊ ကျမ မကောင်းဘူး။

တယောက်ထဲ နေတဲ့ အချိန်တွေ များတော့ စိတ်အတွေးတွေ လဲ သိပ်များတတ်တယ်၊ စိုးရိမ်စိတ်၊ ၀မ်းနည်းစိတ်၊ တနေရာ သွားချင်ပြီဆို မရောက်ရောက်အောင် သွားတဲ့ စိတ်၊ မသွားချင်ဘူးဆို ဘယ်လိုခေါ်ခေါ် မသွားတဲ့ စိတ်( ဘလော့ မောင်နှမတွေ ဆီ မပါပါ) ၊ လုပ်ချင်ပီ ဆို ရှေ့နောက် မကြည့်ပဲ လုပ်တတ်တဲ့ စိတ်၊ ညဆို အတွေးတွေ များပြီး မနက်ဆို မထချင်တဲ့ စိတ်၊ ကိုယ့်ကိုယ်ကို ဂရုမစိုက်ပဲ သူများဂရုစိုက်တာကို ခံချင်တဲ့ စိတ်၊ အဲ့ စိတ်တွေ ကို ပြင်ဖို့ ကြိုးစားနေတာ မအောင်မြင်သေးဘူး၊ ထပ်ပြီး ကြိုးစားရဦးမယ်၊

တော်ပါပီ စိတ်တွေ အကြောင်းရေးရင် ပီးမှာ မဟုတ်တော့ဘူး၊ အတန်းလဲ ပြီးသွားပြီ၊ ပြန်တော့ မယ်.....အင်း အတန်းပြီ ဘယ်သွားရင် ကောင်းမလဲ၊ ဟို... သွားရမလားး တွေးနေတဲ့ စိတ်...မကောင်းဘူးး စိတ်တွေ စိတ်တွေ....။

25 comments:

Mogok Thar November 9, 2009 2:26 PM  

အဲ ဆိတ်တွေ
ပျံချင်ရာပျံ လွှတ်မထားနဲ့။ ဟိုခြုံ ဒီခြုံတိုးတတ်တယ်။
သတိထားကျောင်း

My Calm Hill November 9, 2009 4:12 PM  

ငိုက်ရင်းများ စာရေးရတယ်လို့ ကြားကြားဖူးပါဘူးအေ ဆိတ်တွေလည်းသတိထားဦး မသွားချင်ဘူးဆို ဆိတ်ကိုချည်ထားဦး တော်ကြာလျောက်သွားနေဦးမယ် :P

ဂျပန်ကောင်လေး November 9, 2009 4:56 PM  

အတန်းပြီးတော့ ကွမ်းသွားဝယ်မလို့မလား.. အဲဒီ စိတ်လည်းဖျောက်.. ဟွင်း....

Su November 9, 2009 5:05 PM  

တူလိုက်တာပြာရယ်
စိတ်အလိုလိုက်တာရော
မျက်ရေလွယ်တာရော
မကောင်းမှန်းသိရက်နဲ.မပြင်နိုင်တာရော

Ko Toe Gyi ( Multiply Boo Boo Gyi ) November 9, 2009 6:43 PM  

ဟုတ် မမ ကောင်းကင်ပြာ ဟုတ်

SongChanMoe November 9, 2009 7:36 PM  

အဲဒါမောင့်အပြစ်တွေပါကွယ်..
မောင့်အပြစ်တွေပါ..

ဒန့်တန့်တန့်
:P

Welcome November 9, 2009 8:43 PM  

ဒွါရကိုးပေါက်ထဲမှာ စိတ်က အပိတ်ရအခက်ဆုံးဆိုလားပဲ

သီဟသစ် November 9, 2009 11:05 PM  

ငဆောင်းတော့ ဝင်စားသွားတယ်
ဘာတွေလဲတော့မသိ
:)
စိတ်တွေ စိတ်တွေ
တွယ်ရာမဲ့နှလုံးသားနှင့် လမ်းမကြီးဘေးမှာ လွင့်မျောနေသော မမပြာပြာ အေးချမ်းပျော်ရွှင်ပါစေ

:)

ခင်မင်စွာဖြင့်
သီဟသစ်

မြစ်ကျိုးအင်း November 10, 2009 12:19 AM  

စိတ်တခု ရုပ်ကိုးဆယ် တဲ့

ဒီလောက်တွေးတာ ဘာမှမဟုတ်သေးဘူးလေ

များများထပ်တွေးလို့ရသေးတယ်။

ကိုလူထွေး November 10, 2009 1:52 AM  

ချွဲနေတာ.. မောင်နှမတွေကို ပတ်ချွဲနေတာ...

သိတယ်..သိတယ်...

ဂရုစိုက်ခံချင်လို့...

းဝ)

ကိုလူထွေး November 10, 2009 1:53 AM  

ဒုတိယအပိုဒ်မှာ မရင်ကျက် ဖြစ်နေတယ်...

အမြီးကျက် အမြီးစားလို ဖြစ်သွားမှာစိုးလို့...း)

ဆရာလုပ်တာပါ...

းဝ)

ကိုလူထွေး November 10, 2009 1:54 AM  

စိတ်က အသက်ထက်ဝက်ဆိုတော့ အခုမှ မူကြိုတက်တုန်းပေါ့...

းဝ)

ဖိုးဂျယ် November 10, 2009 11:44 AM  

တီပြာ ဆိတ်တွေ လွှတ်ထားတာ
ဟုတ်ပါပီ ကွမ်းတွေ သိပ် စားမနေနဲ့ဦး
တီပြာရေး)

မောင်ငယ် ဖိုးဂျယ်

mya yay November 10, 2009 3:51 PM  

အစ်မရေ မောင့်အပြစ်ပါလို့ ၀န်ခံနေတဲ့ဆောင်းဆောင်းကို အပြစ်ပေးတဲ့အနေနဲ့
ကုန်းပြီးစီးပြီး ကမ်းခြေမှာ ၂ပတ်လောက် ပတ်ချင်စိတ်ရော
မဖြစ်ဘူးလား

mya yay November 10, 2009 3:51 PM  
This post has been removed by the author.
ကိုရေတမာ November 10, 2009 5:04 PM  

မကောင်းမှန်းသိရင်ပြင်ပေါ့။ ကြိုးစားနေတယ်ဟုတ်။ ကိုလူထွေးပြောသလို မချွဲနဲ့တော့။ ရင့်ကျက်အောင်ကြိုးစား။ ချစ်နိုင်(စိတ်ပညာ)

may16 November 10, 2009 7:06 PM  

စိတ်တွေ ကိုနိုင်အောင်ထိန်းနိုင်ပါစေ..

lovelessguiter November 11, 2009 2:23 PM  

စိတ်ကို ထိန်းနိုင်ရင် အရာရာကို အောင်မြင်တယ်တဲ့.....
ဒါကြောင့်လဲ ထိန်းရအခက်ဆုံးဟာ စိတ်ဖြစ်နေတာပေါ့....

စည်သူ November 11, 2009 6:49 PM  

အော်.. အဲလိုလား.
အိုကေ.. စိတ်ရင့်ကျက်နည်းကို ပေးမယ်..

ခုတော့ မရသေးဘူး..
နှိုးစက်ပေးထားတယ်.. ဖုန်နဲ့ ခေါ်နှိုးတာကို မလိုချင်ပေမယ့် မျှော်နေမိတယ်..

မိုက်တယ်ဟ.. အတွေးတွေက လန်ထွက်နေတာပဲ

ဘာပဲဖြစ်ဖြစ် လူဆိုတာ များများတွေးရတယ်.

အချိန်ရှိတိုင်းစဉ်းစားပါ.. တွေးပါ..
ဒါပေမယ့်..
စဉ်းစားရင်းတွေးရင်း အချိန်မကုန်ပါစေနဲ့..

ခင်မင်စွာဖြင့်
စည်သူ။

သားကြီး November 12, 2009 3:22 PM  

ဖုန်းနဲ့ခေါ်နှိုးစေချင်ရင်ဖုန်းနံပါတ်ပေးထား
ဒါပဲ :P

သားကြီး November 12, 2009 3:23 PM  

ကွမ်းစားတယ်ထင်တယ်
ကွန်မန့်တော်တော်များများကပြောနေကြတယ်
ကွမ်းစားတာမကောင်းဘူးလေ

သားကြီး November 12, 2009 3:25 PM  

အိပ်ငိုက်ရင်းနဲ့စာရေးတယ် ဟုတ်လား
အတန်းပြီးသွားတော့ ဟို...သွားရမလားကဘာလဲ?
ဘယ်နေရာကိုပြောတာလဲ
စိတ်ကျန်းမာအောင်နေ
စိတ်ထောင်းရင်ကိုယ်ကြေတယ် OK?

ကြည်ဖြူပိုင် November 13, 2009 9:15 PM  

မင်းသမီးလေးချစ်ပြာပြာ
ဘယ်လိုနေနေချစ်နေမှာ

ဂျူနို November 14, 2009 4:01 AM  

ပြာပြာရေ တူမလေး ဒေါ်လေး အယ်ဇီ လာပါတယ်။
ပြာပြာ့ စိတ်ကို တူလေး သိရင် ပြီးတာပဲကွယ်။း)))

တူလေးနဲ့ လိုက်ခဲ့ပါအုန်း ပြာပြာရေ။:)))))))


ဒေါ်လေး

အယ်ဇီ

ဇွန်မိုးစက် December 12, 2009 4:52 PM  

အစ်မကောင်းကင်ပြာရေ..ကော်မန့်ပေးမယ်ပေးမယ်နဲ့ ခုမှလာပေးဖြစ်တယ်။ အဘိဓမ္မာတရားဟောအရ စိတ်ဆိုတာ လက်တစ်ဖျစ်မှာ ကုဋေသိန်းချီပြီးဖြစ်ပါတယ်တဲ့။ အရမ်းမြန်လို့တစ်ခုတစ်ခုပြီးတစ်ခုဖြစ်သွားလိုက်တာ ဖမ်းမမိနိုင်ပါဘူး။
တစ်ဆက်တည်း ကိုမြစ်ကျိုးအင်းကိုလည်း သိထာတာလေး မျှဝေချင်ပါတယ်။ "တစ်ခုယုတ် စိတ်ကိုးဆယ်" ကနေ စကားတွေရွေ့လျောပြီး၊ "စိတ်တစ်ခု ရုပ်ကိုးဆယ်" ဆိုပြီးဖြစ်သွားတာပါ။ ဘုရားဟောအဘိဓမ္မာအရ စိတ်ပေါင်း ၈၉စိတ်ရှိပါတယ်။ အကုသိုလ်စိတ် ၁၂ပါး၊ ကုသိုလ်စိတ် ၂၁ပါးနဲ့ အဗျာကတစိတ် ၅၆ပါး ပေါင်း ၈၉ ပါးဖြစ်ပါတယ်။ ဒါကို ရှေးက တစ်ခုယုတ်လျော့နေတဲ့ စိတ်ကိုးဆယ် (၈၉စိတ်) လို့ဆိုခဲ့ကြတယ်လို့ ဆရာကြီးဒေါက်တာမင်းတင်မွန် ပြောပြခဲ့တာ အမှတ်ရသွားလို့ပါ။