ငါလေ နင့်ကို သတိရနေတယ်..ဘာလို့လဲ နင်မေးတော့မယ် မို့လား၊ ဒီမှာလေ မိုးတွေ တအားရွာတယ်၊ ငါ မိုးရွာတာ မကြိုက်တာ နင်သိတယ်လေ၊ အဲဒီတော့ မိုးရေထဲမှာ ငါ နင့်ကို သတိရတာပေါ့၊ မိုးခြိမ်းသေးလားလဲ မမေးနဲ့ ငါက လူကောင်ကြီး ကြီးသလောက် အသည်းက တော်တော်လေး ငယ်တာ နင် အသိဆုံးပဲ၊ မိုးကြိုးတွေ ပစ်လို့ အော်လိုက်ရတာ လမ်းသွားလမ်းလာ တွေတောင် မရှက်နိုင်ဘူး၊ ထီး ယူ သွားသေးလားလို့ မေးဦးမှာလား၊ ငါ ဘယ်တုန်းက ထီး ဆောင်ဖူးလို့လဲ၊ ထွက်တဲ့ အချိန် မိုးရွာနေမှ ယူသွားတတ်တာ နင် သိသားနဲ့၊ ပီးရင် ထားချင်တဲ့ နေရာမှာ ထားခဲ့တာလဲ မဆူနဲ့နော်၊ အခု ဒီရက်တွေမှာ ငါ ဘာတွေ စုမိလဲ နင်သိလား၊ ထီး တွေလေ၊ အဲ့ဒါ နင့်ကြောင့်ပေါ့၊ အပြင်တခါထွက် မိုးရွာတာနဲ့ တိုးလိုက်၊ မိုးရေထဲကို လျှောက်ချင်တဲ့ ငါ၊ နင်က ပြောတယ်လေ အသက်ကြီးပြီ၊ အသက်ကို ဥာဏ်စောင့်တယ်၊ ကိုယ့်ကျန်းမာရေး ကို ဂရုစိုက်ပါ ဆို၊ ဒီတော့ အမြဲ ထီးမပါတဲ့ ငါ ခဏခဏ ထီးဝယ်ရတယ်လေ၊ MRT က ထွက်တာနဲ့ ထီး ၀ယ်လို့ ရနေတာပဲ တော်သေးတယ်။
မိုးမိလာရင် ဆေးတလုံးလောက် ကော်ဖီလေးနဲ့ သောက်ထား ဖျားမယ်လို့ ပြောတာလဲ သတိရပေမဲ့ ငါက ဆေးဆို ဗမာဆေး ရော အင်္ဂလိပ်ဆေး ရော ကြောက်တတ်တာ သိတယ် မို့လား၊ ငါ့ ရဲ့ ထုံးစံ အတိုင်း ဓါတ်ကြမ်း တိုက်သလို ရေတွေချိုး ခေါင်းတွေ လျှော် လုပ်ရင်ရော၊ ဂရုဏာ ဒေါသောနဲ့ နင် သေတော့ မှာပဲလို့ မပြောနဲ့နော်၊
အခုလဲ မိုးတွေ မိလာပြန်ပီ၊ မိုးရွာရင် အလကားနေ စိတ်တို မျက်ရည်ကျတတ်တဲ့ ငါ ၊ မိုးရေထဲ မှာ ငိုမိတဲ့ အခါတွေ ပို သတိရနေပါတယ်၊ ငါ က မိုးရွာလဲ မျက်ရည်ကျ၊ နေပူလဲ ကျနေတာပါပဲ၊ နင်မကြိုက်ဘူးလေ၊ ငါ မျက်ရည်ကျရင် နင် သိပ်စိတ်တိုတယ်၊ အမြဲတမ်း မှာတတ်တဲ့ မိုးရွာမယ် ထင်ရင် အ၀တ်တွေ မလျှော်ခဲ့နဲ့ အပြင်ထုတ် မလှမ်းခဲ့နဲ့ဆို နင့်စကားကို နားမထောင်မိလို့ ခု အ၀တ်တွေ မိုးပြန်စို ကုန်လို့ နောက်တခေါက် ပြန်လျှော်ရပြန်ပီလေ။
ခုတော့ နင့်စကားအတိုင်း ငါ ကော်ဖီ ပူပူလေး သောက် နွေးနွေးထွေးထွေး ဘလော့ဂင်းမလို့ နင့်ကို သတိရတဲ့ အကြောင်းလေး ချရေးထားတာပါ၊
ရင်ခွင့်မဲ့ ငှက်တကောင်
1 hour ago



22 comments:
နင် ငါ့စကား ဘယ်တော့မှ နားမထောင်ဘူး။ သေအုံးမယ်။
ဆေးသောက်ပီး နွေးနွေးထွေးထွေးနေ။
ဗီယက်နမ်ကော်ဖီလေးဖျော်ပီး ဘလော့ဂင်းပါ။
တစ်ယောက်ထဲ ငိုမနေနဲ့အုံးနော်။
ငါလဲ နင့်ကို သတိရနေပါတယ်ဟာ။
မိုးအေးအေးလေးနဲ့လွမ်း..
ကော်ဖီသောက်ရင်းလွမ်း..
ဂေါ်ဖီကြော်စားရင်းလွမ်း...
ငရုတ်သီးတွေအများကြီးဆိုတော့ စပ်မှာပဲနော်...:P
ဘာမှတော့မဆိုင်ဘူး လာဖတ်ကြည့်ရင်း မိမိုးကို သတိရသွားတယ်သိလား ငိုချင်ထှာ မျက်ရည်တွေတောင် ဘူးသီးလုံးလောက်ကျတယ်။
မှတ်ချက်။ ။ ကြက်သွန်လှီးရင်း ခဏဘလော့လာဖတ်သည်။
ဖြစ်ရမယ်
ပိုစ့်တခုလုံး ဖတ်ပြီးသကာလ အပြစ်အရှိဆုံးကတော့ မိုးပါပဲ။ မမပြာအပြစ်မဟုတ်ပါဘူး။
ဒါနဲ့နောက်ဆုံးစာသားလေး မှားနေသလားလို့၊ ဒီလိုမဟုတ်ဘူးလား....
ခုတော့ နင့်စကားအတိုင်း ငါ ဂေါ်ဖီထုပ်ကြော် ပူပူလေး စား ပုစွန်ထုပ်ဆီပြန်လေးချက်ရင်း နင့်ကို သတိရတဲ့ အကြောင်းလေး ချရေးထားတာပါ၊ ဟီ ဟိး)
နွေးနေခြည်
တီတီပြာ ကျန်းမာရေး ဂရုစိုက်လေ
ကွမ်းတွေ သိပ် မစားနဲ့လို့ မမှာဘူးလားဗျး)
ကျွန်တော်တော့ မိုးကိုကြိုက်တယ်ဗျ...
ဘာလို့လည်းဆိုတော့ တစ်ယောက်သောသူက ပြောခဲ့ဖူးတယ်...
“မိုးတွေသည်းလာတာ ချစ်သူတွေ အရမ်းချစ်ကြလို့တဲ့”
ခုတော့လည်း...
ကော်ဖီပူပူလေးဆိုတော့ သိသွားပြီ.. တီပြာရေ.. တားတားတိတွားပြီ.. ဟိဟိ..
ြ ပြာနေသောမမကောင်းကင်ရေ့ ...
အစအဆုံး ဖတ်ကြည့် တော့  ကြုံသလို လွမ်းနေတော့ တဲ့ 
မမိန်းခလေး တစ်ယောက်ကို တွေ့ လိုက်ရသလိုပါပဲ။
အလွမ်း ဆိုတာ အပြင်းပြေ ဘို့ ပြင်းရင်လွမ်းဘို့  ကစားနည်း
တစ်ခု ပါလို့ ပဲ မျက်စေ့ မှိတ် ဆိုချင်တော့ တယ်။
ဟေ့ .. မလွမ်းချင်ရင်လေ.. သံယောဇဉ်တို့ ကို စစ်ပိုင်း
သုံးဆွဲ နိုင်တဲ့ သူဖြစ်လာအောင် ကြိုးစားပေတော့ လို့ ....။
မိုးရွာထဲ နှစ်ယောက်အတူ လျှောက်ပြေးရတာ အရသာ တစ်မျိုးရှိတယ် အစ်မရေ.. ပြေးကြည့်ပါလား..အဟီး။
yu ya
မိုးရွာရင် လွမ်းတတ်သူတွေက အများသား ။ သတိပေးစကား ပြောမဲ့သူတာ နည်းတတ်တာလေး)
မိုးအေးအေး နဲ့ ဂေါ်ဖီတွေ ကြော်စားတော့ ဗိုက်နာတော့မှာပဲ :P ဒါပဲ နောက်ဆို ထီးယူသွား ၊ ဆေးသောက် ၊ကော်ဖီလျော့ ( မကြီးကို စိတ်ပူလို့ )
မင်္ဂလာပါ ကောင်းကင်ပြာ ရေ..
အင်း.. ထီးတော်မိုး တစ်ယောက်တော့ လိုနေပြီထင်တယ်။ ထီးတော်မိုး ရှိတော့ မိုးရွာရွာ၊ နေပူပူ အဆင်ပြေတာပေါ့။ ဘာပဲဖြစ်ဖြစ် ကျန်းမာရေးကိုတော့ ဂရုစိုက်ပါလို့...
ခင်မင်စွာဖြင့်
ကိုမျိုး (အညာမြေ)
လွမ်းမိတိုင်း မိုးရွာရင်လည်း မိုးရာသီကြီးပဲဖြစ်ရော့မယ်
မိုးခေါင်တဲ့အရပ်မှာတော့ မိုးမျှော်တဲ့ပွဲတော်ကျင်းပပြီး
လွမ်းကြရအောင်..
စာလာဖတ်တဲ့လူတွေအတွက်ပါ ကော်ဖီပိုဖျော်ပေးထားဖို့ အဆို တင်သွင်းပါတယ်ခင်ဗျာ
ဗမာဆေး အင်္ဂလိပ်ဆေး ကြောက်ရင်
အစွမ်းထက်တဲ့ တရုတ်ဆေးတို့ ဂျပန်ဆေးတို့လည်း ရှိပါတယ်ဟာ... နင်ကလဲ...းP
အလွမ်းဖြစ်သွားပီတဲ့လား...
အမလေး.. အရင်တုန်းကတော့ မိမိုးကို ချစ်လိုက်တာဆို..
မျက်ရည်တွေကို ထိုင်ဝမ်ဖရဲသီးလောက်ကျတယ်..
မှတ်ချက်။ ။ ငရုတ်သီးထောင်းရင်း ဘလော့ခဏဖတ်သည်။
ဟား..ဟား..ဟား.. ဒီလိုလား..
မြန်မာဆေးက ကြောက်စရာမှမဟုတ်တာ ဘာကမ်မီကယ်မှလည်း မပါဘူး..
ဟောဟိုမှာ ကြည့်လိုက်
“တစ်လုံးတစ်လုံး ထန်းသီးလုံး သုံးလုံးတစ်ခါမျို” ဘာဖြစ်မှာမို့လို့..
ခါးတာတို့ အပူကန်တာတာတို့ ဘာမှဖြစ်ဘူး..းP
ပျော်ရွှင်ပါစေ
စည်သူ။
ကော်ဖီသောက်ရင်း "ငိုနေမယ်မိုးသည်းထဲမှာ" သီချင်းနားထောင်ပေါ့။
လွမ်းပါဟယ် လွမ်းပါ..
တို့ကတော့ မိုးထက် ကွမ်းထုပ်လေးကို ပိုလွမ်းပါတယ်
ကွမ်းရှိပြီးသား ဆိုရင်တော့ နင့်ကို လွမ်းပါတယ်ဟယ်..
အဲလိုလေးပါ ရေးပါလားဟင်
:D
အလွမ်းမိုး ပေါ့...
mie nge
“မိုးကလေးညိုလာရင် လွမ်းမျက်ရည်လေးလည်”
အဲဒီသီချင်းလေးကို ကြားယောင်မိတယ်
ဘယ်သူ့ကြောင့်ပဲ သတိထားထားပါ ။ နေကောင်းဖို့ အရေးကြီးတာပါပဲ။
Post a Comment