သူမရဲ့ အိတ်ထဲမှာ
စာရွက် အပိုင်းအစ တွေ ရှိနေတယ်...
အဲ့ဒီ စာရွက် အပိုင်းအစ တွေထဲမှာ
ခံစားချက် အပိုင်းအစ တွေ ရှိနေတယ်...
အဲ့ဒီ ခံစားချက် အပိုင်းအစ တွေထဲမှာ
အဖွဲ့အနွဲ့ အပိုင်းအစ တွေ ရှိနေတယ်...
အဲ့ဒီအဖွဲ့အနွဲ့ အပိုင်းအစ တွေထဲမှာ
ကဗျာ အပိုင်းအစ တွေ ရှိနေတယ်....
အဲ့ဒီကဗျာ အပိုင်းအစ တွေထဲမှာ
ဘ၀ အပိုင်းအစ တွေ ရှိနေတယ်....
အဲ့ဒီ ဘ၀ အပိုင်းအစ တွေထဲမှာ
ဝမ်းနည်းမှု အပိုင်းအစ တွေ ရှိနေတယ်....
အဲ့ဒီ ၀မ်းနည်းမှု အပိုင်းအစ တွေထဲမှာ
အားငယ်မှု အပိုင်းအစ တွေ ရှိနေတယ်....
အဲ့ဒီ အားငယ်မှု အပိုင်းအစ တွေထဲမှာ
မျက်ရည် အပိုင်းအစ တွေ ရှိနေတယ်....
အဲ့ဒီ အပိုင်းအစ တွေ အားလုံးဟာ....
သူမ အိတ်ထဲက အပိုင်းအစ တွေပါပဲ....
အဲ့ဒီ အပိုင်းအစ တွေ အားလုံးကို....
သူမ ရှင်းလင်းဖို့ ကြိုးစားနေတယ်.....။
ဒဂုန်ခင်ခင်လေး နှစ်ပေါင်း ၆ဝ အပိုင်း (၁၅)
2 hours ago



24 comments:
ဟီးဟီး
တိန်ရှစ် ကဝိန်ရွှ..
ကျွန်တော့်ရဲ့ အိတ်ထဲမှာ
ငွေစက္ကူ အပိုင်းအစ တွေ ရှိနေတယ်...
အဲ့ဒီ ငွေစက္ကူ အပိုင်းအစ တွေထဲမှာ
လောဘ ဒေါသ မောဟ တွေ ရှိနေတယ်...
အဲ့ဒီ လောဘ ဒေါသ အပိုင်းအစ တွေထဲမှာ
အဖွဲ့အနွဲ့ အပိုင်းအစ တွေ ရှိနေတယ်...
အဲ့ဒီအဖွဲ့အနွဲ့ အပိုင်းအစ တွေထဲမှာ
လိမ်ညာကောက်ကျစ်မှု တွေ ရှိနေတယ်....
အဲ့ဒီ လိမ်ညာကောက်ကျစ်မှု တွေထဲမှာ
ဘ၀ အပိုင်းအစ တွေ ရှိနေတယ်....
အဲ့ဒီ ဘ၀ အပိုင်းအစ တွေထဲမှာ
ဝမ်းနည်းမှု အပိုင်းအစ တွေ ရှိနေတယ်....
အဲ့ဒီ ၀မ်းနည်းမှု အပိုင်းအစ တွေထဲမှာ
အားငယ်မှု အပိုင်းအစ တွေ ရှိနေတယ်....
အဲ့ဒီ အားငယ်မှု အပိုင်းအစ တွေထဲမှာ
မျက်ရည် အပိုင်းအစ တွေ ရှိနေတယ်....
အဲ့ဒီ အပိုင်းအစ တွေ အားလုံးဟာ....
ကျွန်တော့် အိတ်ထဲက ငွေစက္ကူ အပိုင်းအစ တွေပါပဲ....
အဲ့ဒီ ငွေစက္ကူအပိုင်းအစ တွေ အားလုံးကို....
ကျွန်တော် ရှင်းလင်းဖို့ ကြိုးစားနေတယ်.....။
ခံစားမိသော ခံစားချက်တစ်ချို့၏ တိုက်ဆိုင်မှုပါ..။
ခင်မင်စွာဖြင့်
စည်သူ
ကဗျာလေးကောင်းတယ်။
ကျနော်ကြိုက်တယ်..
အစ်မရေ...
အပိုင်းအစတွေ နဲနဲကောက်သွားတယ်...
ကျွန်တော့ဆီမှာ နဲနေလို့...း)
အဲ့ဒီ အပိုင်းအစ တွေ အားလုံးဟာ....
သူမ အိတ်ထဲက အပိုင်းအစ တွေပါပဲ....
အဲ့ဒီ အပိုင်းအစ တွေ အားလုံးကို....
သူမ ရှင်းလင်းဖို့ ကြိုးစားနေတယ်.....။
ရှင်းသင့်တဲ့ အပိုင်းတွေလောက်ပဲ ရှင်းပါမမရယ် နောက်မို့ဆို အကုန်ပါသွားမှာပေါ့ အမှတ်တရလေးတွေ
မန့်လို့မရဘူးလားမမပြာ ဒါဆို မနက်က မမပြာ ရေးထားတဲ့ အတိုင်း ကွန်စုတ် ကွန်ပဲ့ ကြောင့်ပဲနေမှာ
တယ်ပြတ်သားပါ့လား..
ကြိုးစားနေတုန်းပဲ မလား မေပြာ...
ကြိုးစားနေတုန်းပါ..
ခုထိ မအောင်မြင်သေးဘူးမလား...း)
အင်မြောင်ပေစာ
ချစ်ခင်လေးစားစွာဖြင့်
ဖိုးစိန်
ပြောသားပဲ
series တွေနဲ့ လွမ်းနေတာပါဆို...
အခုတော့ အပိုင်းတွေ ပိုများလာပါပေါ့...
းဝ)
အပိုင်းအစများ....လွင့်ထွက်သွား...
အပိုင်းအစများ...လွင့်ထွက်သွား...
ဆိုပြီး ကိုမျိုးကျော့မြိုင် သီချင်းထဲ က အတိုင်း ခံစားချက်တွေနဲ့ အပြည့်ပေါ့..
ကဗျာကောင်းပါပဲနော
ပျော်ပါစေ
“စကားသံလေးတွေ ကြားချင်မိတယ်”တဲ့ ဘာမှ စကားသံမဟုတ်ဘူး စာလုံးတွေ။
သူမအိတ်ထဲမှာ တစ်ရှုးအပိုင်းအစတချို့ရှိသည်။
သူမအိတ်ထဲမှာ အဖုံးတချို့ရှိသည်။
သူမ မရှင်းလင်းနိုင်သေး။ လို့ပြင်ဖတ်သွားသည်
ဒါကြောင့် သူ့အိတ်က ပွဲပြီးလေးနေတာကိုး.. ရှင်းစမ်းဗျာ... ဟီး
အပိုင်း အစလေးတွေလာကောက်တာ ဟီး
ဟို တစ်စ ဒီတစ်စ ပြန့်ကျဲလို့ဗျ နော့
စတာနော် စိတ်ဆိုးနဲ့ အားပေးလျှက်
ကဗျာလေးကတော့ မိုက်တယ် မမပြာရေ...
ရှုပ်နေတဲ့ အပိုင်းအစတွေ အားလုံး ရှင်းထုတ်နိုင်ပါစေ
ဘယ်ကစက္ကူစတွေလဲ အဝတ်လျော်စက်ထဲ တစ်ရှူးတွေ မထုတ်မိပဲပါသွားတာလား
မင်္ဂလာပါ ကောင်းကင်ပြာရေ..
အပိုင်းအစတွေ အားလုံးရှင်းမပစ်ခင် နောက်လိုရင်သုံးလို့ရအောင် အမှတ်တရအဖြစ် မိတ္တူတစ်ဆောင်ဆီ ကူးထားလိုက်နော်.. :)
ခင်မင်စွာဖြင့်
ကိုမျိုး
အပိုင်းအစတွေကို ဆက်စပ်ကြည့်သွားပါတယ်။
ပြီးတော့ နင်မမြင်နိုင်တဲ့ အပိုင်းအစလေး တစ်ခုရှိနေတယ်
အယ်.. ကြိုက်တယ်တော့....
ကြိုးစားတုန်းပဲလား... အောင်မြင်ပါစေ... မဟုတ်ရင် ပင်ပန်းလွန်းလို့.... :)
မကြီး မလိုတဲ့အပိုင်းအစတွေ ရှင်းပလိုက်။ ဒါမှ ပျော်မှာ။
ဖုန်းဆက်ပြီးအမှိုက်ကား ခေါ်ပေးလိုက်မယ်နော်း)
ပြာနေသော မမကောင်းကင်ရေ...
အပိုင်းအစတွေ များလာမှာပေါ့ ၊ နဲနဲချင်းကနေ ကိုယ်က စုစု
လာမိတာကိုး။ အရာဝထ္တု တစ်ခုကို ဆုပ်ကိုင်မိရင် ကိုယ်ဆုပ်
ထားမိတဲ့ ပမာဏ နဲ့ ညီမျှတဲ့ အားကို ကိုယ်ပဲစိုက်ထုပ်ရတာပါ။
လွှတ်ချကြည့် လိုက်ပါ။ အဲဒီ သဘောလေးပါပဲလို့ ။
မျိုးကျော့မြိုင်သီချင်းဆိုမလို့ဟာ ကိုလင်းကြယ်ဖြူ ဦးသွား၏
:)
ခင်မင်စွာဖြင့်
သီဟသစ်
အပိုင်းအစတွေဖတ်ပြီး... တပိုင်းတစသံဝေဂရသွားတယ်...
ကဗျာလေးက ကောင်းတယ်..
Post a Comment