အဲဒါ....ပျော်စရာပေါ့..

ပူပြင်းလှ တဲ့ တနေ့ ပေါ့၊ နေက ကောင်းကင် မှာ တွဲလဲ ခိုနေတယ်၊ လေက တစက်လေးတောင် မတိုက်ဘူး၊ တိမ်က တမျှင်တောင် မရှိဘူး၊ ငှက် တကောင်တမှီးမှ ပျံဖို့ မ၀ံ့ဘူး၊ ထမင်းလဲ မစားချင်ဘူး၊ အ၀တ်လဲ မလျှော်ချင်ဘူး၊ မီးပူလဲ မတိုက်ချင်ဘူး၊ အိမ်မှာလဲ မနေချင်ဘူး၊ အဲ့ဒါ အပူကြောင့်ပေါ့၊ အဲ့သလို ဟန်မကျတဲ့ အချိန်မှာ မိုးခြိမ်းသံ ကြားလိုက်ရတယ်၊ တိမ်မဲအုပ်ကြီးလဲ ကောင်းကင် မှာ ရောက်နေတယ်၊ တိုက်ပွဲ ၀င်ဖို့ စစ်တပ်တတပ် ခမ်းခမ်းနားနား ချီလာတဲ့ ပုံ၊ မိုး ဟာ ရေတံခွန်လို သွန်းလောင်းပြီး ရွာပါပြီ၊ အားလုံး အေးချမ်း သွားသလိုပဲ..အဲဒါ ပျော်စရာပေါ့။

သူငယ်ချင်း တယောက် ရောက်လာတယ်၊ သူနဲ့ မတွေ့တာ တလလောက် ရှိနေပြီ၊ တံခါးကို ဖွင့်ပြီး သူကို ကြိုတယ်၊ ရထားနဲ့ လာသလား ၊ ကားနဲ့ လာသလား၊ မမေးပါဘူး၊ ခုံပေါ်မှာထိုင်၊ ဆိုဖာပေါ်ထိုင် မပြောပါဘူး၊ သူငယ်ချင်းကို ချစ်ခင်စွာပဲ ပြောလိုက်ပါတယ်၊ ငါ့ အိမ်မှာ ဘာမှ မရှိဘူး၊ အပြင်ထွက် ကော်ဖီ သောက်ရအောင်လို့...အဲ့ဒါ ပျော်စရာပေါ့။

လမ်းမ မှာ လမ်းလျှောက်သွားတုန်း လူမိုက်လိုလို နှစ်ယောက် ရန်ထောင်နေကြတာ တွေ့တယ်၊ တကယ့် ရန်သူတော်ကြီးတွေ လို ရန်ထောင်နေကြတာ၊ ရိုက်မယ် ပုတ်မယ် လုပ်ကြတာ၊ မင်းတော့ကွာ ငါ လုပ်လိုက်ရ၊ မင်း... သေသွားမကွာ၊ ငါ့ကို ဘာလို့ ထင်တုန်း( အဲ့လိုတွေ ပြောတယ် ထင်တာပဲ) လမ်းထဲမှာလဲ ဆူညံနေတာပဲ၊ ရုတ်တရက် ဗလကြီး တယောက် ရောက်လာပြီး၊ ဟို နှစ်ယောက်ကို မင်းတို့ ထွက်သွားကြလို့ တချက်ပဲ အော်လိုက်တယ်၊ ဟို နှစ်ယောက်လဲ ငြိမ်ပြီး ထွက်သွားကြတယ်..အဲ့ဒါ ပျော်စရာပေါ့။
မနေ့ညက အဝေးက သူငယ်ချင်းတယောက် ကျမကို သတိရနေပြီး အော်လိုက်သလို ထင်ယောင်ဝိုးဝါး ဖြစ်ခဲ့တယ်၊ မိုးလင်းတော့ သူ့ဆီ သွားလည်တယ်၊ တံခါးပေါက်က၀င် အခန်းထဲ ဟိုသည် ကြည့်လိုက်တော့ သူငယ်ချင်းက စားပွဲမှာ ထိုင်ပြီး စာအုပ်တအုပ် ဖတ်နေတာ တွေ့ရတယ်၊ ကျမကို မြင်တဲ့ အခါ ခေါင်း တညိမ့်ညိမ့် လုပ်ကာ ကျမကို လက်ဆွဲပြီး သူ့ အနီးမှာ ထိုင်စေတယ်၊ နင် ဒီရောက်လာမှတော့ ဒီ စာအုပ်ကို ဖတ်ပါလို့ ပြောတယ်၊ ကျမတို့ နှစ်ယောက် ရယ်လိုက်ကြတာ၊ နံရံ ပေါ်က အရိပ်တွေ တောင် ပျောက်ပြီး လင်းသွားသလို ထင်ရတယ်၊ ငါ ထမင်းဆာပြီဟာ တဲ့ ၊ သူငယ်ချင်းကပြောတယ်၊ နင်လဲ ဆာပြီ မဟုတ်လားတဲ့၊ ကြင်နာစွာ ပြောတယ်...အဲ့ဒါ ပျော်စရာပေါ့။

ခင်ဗျားနဲ့ တည စကားပြောရတာ (၁၀)နှစ်တာ စာဖတ်တာထက် ပိုကောင်းသဗျာ လို့ တရုတ်ပညာ ရှိကြီး တယောက်က သူ့သူငယ်ချင်းတယောက်ကို ပြောသတဲ့၊ သူငယ်ချင်းတွေနဲ့ တညတာ စကားလက်ဆုံကျ ခြင်းက ရတဲ့ အရသာကတော့ ရှားရှာပါးပါး အရသာ မျိုးပဲ၊ ပညာရှိသော်လည်း စကားတတ်ချင်မှ တတ်မယ်၊ စကားတတ်သူဟာလည်း ပညာ ရှိချင်မှ ရှိမယ်၊ သူငယ်ချင်းတွေ ဘာပြောပြော နားထောင်ချင်တဲ့ ကျမအတွက်တော့ ...အဲဒါ ပျော်စရာပေါ့။

မီးဖိုနဘေးမှာ စကားပြောတဲ့ အရသာ မျိုးကွယ် ပျောက်ကုန်ပါပီ၊ ယခု ခေတ် မှာ စီးပွား ရေးပဲ အရေး စိုက်ကြလို့ ပါပဲ၊ အိမ်ရယ် လို့ မရှိပဲ အခန်းတွေ ဖြစ်ကုန်ကြတော့ထင်း မီးဖိုရယ် လို့လဲ မရှိတော့ပါ၊ ယခု ခေတ်ရဲ့ အမြန်ဟာ ဟန်မကျလှပါ၊ စကားလက်ဆုံကျခြင်းဆိုတာ ဇိမ်ကျနေတဲ့ အရှိန်နှေးတဲ့ လူတွေ ပဲ လုပ်နိုင်တဲ့ အရာပါ၊စကားပြောခြင်း နဲ့ စကားလက်ဆုံ ကျခြင်း ဟာ မတူလှပါ၊ စကားလက်ဆုံကျခြင်းဆိုတာ လုပ်ငန်းကြောင်း ပြောတာ မဟုတ်ပဲ ရောက်တတ်ရာရာ ပြောတာ၊ ငယ်ငယ်က အသေးအဖွဲလေးတွေ ပြောတာ သို့သော် ဇိမ်ရှိရှိ ပြောတာမျိုးပါ၊ ချစ်ခင်သူရဲ့ အသံလည်းကြားရလို့ ဟန်ပန်လဲ မြင်ရလို့ပါပဲ၊ သူငယ်ချင်း တွေ နဲ့ ထမင်းစားပွဲ မှာရထားတစီးပေါ်မှာ ..စကားလက်စုံ ကျတတ်ပါတယ်၊တစ္ဆေ တွေ ပုံပြင်၊ ဒဏ္ဍာရီ တွေ ပြိုကွဲ တာတွေ ပြောင်းလဲ တာတွေ ..ဘ၀ ကို အရသာ ခံစေတဲ့ သိရခြင်းများမှာဒီလို စကားစမြည် ပြောတာတွေ ....အဲဒါ ပျော်စရာပေါ့။

14 comments:

ကိုလူထွေး November 29, 2009 4:20 AM  

ဖတ်ရတာ ပျော်စရာကြီး...

၁၀ နှစ်စာဖတ်ခဲ့မိတာ အလုပ်တောင်ရှုပ်သွားတယ်... အဲဒီတရုတ်အဖိုးကြီးဆီကို လမ်းညွှန်လိုက်စမ်းဘာ...

းဝ)

Calm Hill November 29, 2009 8:38 AM  

ဘယ်နှယ့်ပူပါတယ်ဆို မီးဖိုဘေးစကားပြောရမယ်လို့ အဲကွန်းရှိတဲ့ လက်ဘက်ရည်ဆိုင်ထဲ စကားပြောမယ်လုပ်ပါဗျ။

ဂျပန်ကောင်လေး November 29, 2009 9:08 AM  

ဟုတ်ပ.. ဒါပေမယ့် တီပြာ.. တို့ တူဝရီးနှစ်ယောက်တော့ ပင်နီစူလာမှာ တဖြဲနှစ်ဖြဲစားပြီး အတင်းတော့ နှပ်နိုင်ခဲ့ကြတယ်နော်.. ဒီခောတ်ကြီးမှ ဂုဏ်ယူလိုက်စမ်းပါ... ပြီးတော့ ပျော်စရာလို့ မှတ်လိုက်စမ်းပါ... ဟိဟိ

ရေတမာ November 29, 2009 10:59 AM  

ပညာရှိသော်လည်း စကားတတ်ချင်မှ တတ်မယ်၊ စကားတတ်သူဟာလည်း ပညာ ရှိချင်မှ ရှိမယ်၊ သူငယ်ချင်းတွေ ဘာပြောပြော နားထောင်ချင်တဲ့ ကျမအတွက်တော့ ...အဲဒါ ပျော်စရာပေါ့။

အဲဒါလေး တော်တော်သဘောကျတယ်

သီဟသစ် November 29, 2009 1:06 PM  

အို.. ဘယ်လိုပဲ ဖြစ်ဖြစ်
ဘာပဲပြောရ ပြောရ

ခင်မင်စရာ ကောင်းတဲ့ မိတ်ဆွေတွေနဲ့ တွေ့ရင် ပျော်တယ်..

သူများတွေ ပျော်နေတာ တွေ့ရင် ကိုယ်လည်းပျော်တယ်..

ပေါက်တတ်ကရတွေ ပြောပြီး ရီရရင် ပိုတောင်ပျော်သေး

:P

နှင်းဆီပန်းချစ်တဲ့ကောင်မလေး November 29, 2009 3:33 PM  

နောက်တစ်ခါဘီင်္တုတ်အိမ်လာလည်ရင် အရေမရ အဖတ်မရ(ကွမ်းတွေ)ပြောဖို့မစဉ်းစားပါနဲ့
ဘီတုတ်အိမ်ကရသစာပေအကြောင်းဆွေးနွေးတဲ့ဧည်သည်ဘဲလက်ခံပါဒယ်..းP :P :P

ညရဲ့ကောင်းကင် November 29, 2009 7:18 PM  

အဲဒါ ပျော်စရာပေါ့...း)

မြစ်ကျိုးအင်း November 29, 2009 9:22 PM  

ပျော်နေတာ အကောင်းဆုံးပဲ မဟုတ်လား

၂ ခေါက်ပြန်ဖတ်လို့ရလို့ ပျော်ဘူး
ဟဲဟဲ အလကားစတာ

(ခေတ်ကသိပ်ကောင်းတာမဟုတ်ဘူး စရင်စတယ်လို့ ဘေးကရေးပေးရသေးတယ်)

မြတ်မွန် November 30, 2009 1:22 AM  

ကောင်းကင်ပြာပြာလေး အောက်မှာ စာလာလာဖတ်ရတာ အဲတာ..ပျော်စရာပေါ့။
ခင်တဲ့...
*မွန်း

သမီးပျို November 30, 2009 2:08 AM  

ဖတ်ရတာ တကယ်ပျော်စရာကြီး ပြာပြာရေ....
အားပေးနေမယ်နော် ဒါမျိုးတွေ ထပ်ဖတ်ချင်သေးတယ် စောင့်နေမယ်နော် ပြောတော့ မရေးတတ်ဘူးတဲ့ လူကို ညာတယ် လူဇိုး....


ခင်မင်လျှက်
သမီးပျို

လင်းကြယ်ဖြူ November 30, 2009 7:38 AM  

စကားလက်ဆုံကျမိနေရင်
တော်တော်ပျော်စရာကောင်းတယ်..
အထူးသဖြင့် အရမ်းခင်တဲ့ သူငယ်ချင်းတွေနဲ့
ချစ်ရသူတွေနဲ့ဆို ရင်ပေါ့လေ...
ပျော်ပါစေ ခင်ဗျာ

Mogok Thar November 30, 2009 3:14 PM  

ပျော်စရာလေးတွေကို ပျော်ပျော်ကြီး ဖတ်သွားရတယ်။

ဘ၀မှာ နေတတ်ရင် ပျော်စရာကြီး ပါပဲဗျာ။

ခင်မင်လျက်

စည်သူ November 30, 2009 5:58 PM  

လေက တစက်လေးတောင် မတိုက်ဘူး၊ တိမ်က တမျှင်တောင် မရှိဘူး၊ ငှက် တကောင်တမှီးမှ ပျံဖို့ မ၀ံ့ဘူး၊ ထမင်းလဲ မစားချင်ဘူး၊ အ၀တ်လဲ မလျှော်ချင်ဘူး၊ မီးပူလဲ မတိုက်ချင်ဘူး၊ အိမ်မှာလဲ မနေချင်ဘူး၊
အဲဒါ.. ပျော်စရာပေါ့.. ခိခိခိ

ရထားနဲ့ လာသလား..
ကားနဲ့ လာသလား..
ငါ့မှာတော့ ဘာမှမရှိဘူး..
နင့်မှာရော ဘာပါလာလဲ..
ပါရင် ဝါးလိုက်ကြရအောင်လေ..
မပါရင်လည်း အပြင်မှာ လိုက်ကြွေးလေ..
အဲဒါ.. ပျော်စရာပေါ့.. ခိခိခိ

ဘိန်ရှာ လိန်ရှုတ် နိန်ရှည် လိန်ရှဲ
မိန်ရှေး နိန်ရှည် တိန်ရှယ် လိန်ရှေး..
အဲဒါ... ပျော်စရာပေါ့.. ခိခိခိ.

ဟား..ဟား..ဟား
ဟီးဟီးဟီးဟီး
ဟိုးဟိုးဟိုး
ဟဲဟဲဟဲ
ဟဲဟိုး.. ဟဲဟိုး..
အဲဒါ.. ပျော်စရာပေါ့..ခိခိခိ

ပျော်ရွှင်ပါစေ
စိန်ရှီ သိန်ရှူ..း)

ကိုမျိုး (အညာမြေ) December 1, 2009 11:51 AM  

မင်္ဂလာပါ ကောင်းကင်ပြာ ရေ..

ငယ်သူချင်းတွေနဲ့ တွေ့ဆုံပြီး တစ်ညတာ ဖြစ်ဖြစ် ထွေရာလေးပါး ပြောရတာ တကယ့်ကို ပျော်စရာပါ။ သူငယ်ချင်းဆိုတော့ အိမ်လည်လာတာ ဘာမှ ထွေထွေထူးထူးပြောပြီး ဧည့်ခံနေစရာမလိုတော့။ ငါ့မှာ ဘာမှမရှိဘူးဟေ့။ အပြင်သွားပြီး လဘက်ရည်သောက်ကြမယ်.. သူငယ်ချင်း .. မင်းပိုက်ဆံရှင်း... :)

ခင်မင်စွာဖြင့်
ကိုမျိုး