ကျမ နာမည် ကောင်းကင်ပြာ ပါ...

နာမည်တဲ့....လူတယောက်မှာ နာမည်လေးတွေ ရှိကြတယ်၊ အိမ်နာမည်၊ ကျောင်းနာမည် မျိုးစုံပဲ၊ တချို့ မိဘက ပေးထားတဲ့ နာမည်လေးတွေ မကြိုက်လို့ ပြောင်းကြတာလဲ ရှိတယ်၊ ခု ဒီလို အင်တာနက် ပေါ်မှာ စာရေးကြတဲ့ အခါ ကိုယ်ပိုင် နာမည် အရင်းလေးတွေ နဲ့ ရေးတာ ရှိသလို ကိုယ်ကြိုက်တဲ့ nick name လေးတွေကို အဓိပ္ပါယ် ဖွင့်ဆိုပြီး ရေးကြတယ်၊ ကိုယ့်နာမည်လေးကို တန်ဖိုး ထားကြတယ်၊ လူကြီးတွေ ပြောသလိုဆို လူသေရင်တောင် နာမည် မသေစေနဲ့ ဆိုတဲ့ စကားလေးလဲ ကြားဖူးတယ်။

ကျမ ရေးချင်တာက ကျမရဲ့ ကောင်းကင်ပြာဆိုတဲ့ နာမည်လေးကို ရှင်းပြချင်တာပါ၊ နာမည်တူ မရှား လူတူ မရှားဆိုသလို ကျမရဲ့ ကောင်းကင်ပြာ ဟာ ကျမ တယောက်ထဲပိုင် မဟုတ်ပါဘူး၊ နာမည်တူ တွေ အများကြီး ရှိမှာပါ၊ အင်း...ဒီဘလော့ ပေါ်မှာတော့ ကျမ တယောက်ထဲ ပိုင်တာပါ၊ ကောင်းကင်ပြာ ဆိုတာ ဘလော့ရေးတဲ့ ထဲမှာ ကျမ တယောက်ပဲ ရှိမယ် ထင်ပါတယ်၊ ဘာလို့ ဒီလို ပြောလဲဆို ကျမကို ခဏခဏ လူမှားကြလို့ပါ၊ ကျမ ဟိုးအရင်ထဲက စာတွေ ရေးပါတယ်၊ ဒီ ဘလော့ပေါ်မှာ မဟုတ်ပါဘူး၊ MMZ ဆိုတဲ့ မြန်မာ မာတီပလိုင်းဇုန် တို့ မာတီပလိုင်း တို့ ဆိုတဲ့ ဆိုဒ်တွေမှာ ရေးတာ သိသူတွေ လဲ ရှိပါတယ်၊ ဒါပေမဲ့ ဒီ ကောင်းကင်ပြာ ဆိုတဲ့ နာမည်နဲ့ မရေးပါဘူး၊ တခြား နာမည်တခုနဲ့ ရေးတာပါ၊ နောက် ကျမ ညီအကို မောင်နှမတွေ ရှိတဲ့ MZ ဖိုရမ် ထဲကို သွားလည်တတ်ပါတယ်၊ အဲ့လို ၀ပ်ဘ်ဆိုဒ် တို့ ဖိုရမ် တို့ မှာ ကျမ သွားတဲ့၊ လည်တဲ့၊ ရေးတဲ့ အခါ ကျမ နာမည်ကို ကောင်းကင်ပြာ လို့ မသုံးပါဘူး၊ MZ မှာဆိုလဲ ကောင်းကင်ပြာ ဆိုတဲ့ မောင်ငယ်လေး တယောက်ရှိပါတယ်၊ ဒါပေမဲ့ အင်္ဂလိပ် လို စာလုံးပေါင်း မတူပါဘူး။

နောက် ကျမရဲ့ ကောင်းကင်ပြာ ကို Google မှာ ရိုက်ရှာကြည့်လိုက်တဲ့ အခါ ကောင်းကင်ပြာ နာမည်တွေ အများကြီး ကျလာပါတယ်၊ အဓိက တွေ့တာကတော့ စုဘူး ဆိုတဲ့ ဆိုဒ်ရယ်၊ Toilet wall ဆိုတဲ့ ဆိုဒ်ရယ်ပါ၊ စုဘူးတော့ ကျမ သိတယ်၊ ဒီ ဘလော့ရေးတဲ့ မောင်နှမတွေထဲမှာ စုဘူး ကနေ ကူးလာတဲ့ မောင်နှမတွေ အများကြီးပါ၊ Toilet wall ဆိုတဲ့ ဆိုဒ်တော့ ကျမ မသွားဖူး ပါဘူး၊ အဲ့ဒီမှာ ကျမရဲ့ စာဖတ်သူ ဂျီတော့ မှာ လာအပ်တဲ့ ညီမလေး တွေက ခဏခဏ လူမှားပါတယ်၊ စုဘူးက ကောင်းကင်ပြာလား၊ Toilet wall က ကောင်းကင်ပြာ လား ခဏခဏ ဖြေရှင်းရပါတယ်၊ ဘာကြောင့် မှ ရေးတာတော့ မဟုတ်ပါဘူး၊ သူတို့တွေနဲ့ လွဲလွဲ နေတာ လဲ ဘာမှ မဖြစ်ပါဘူး၊ ဒါပေမဲ့ ဒီ ဘလော့လေးပေါ်မှာ စာရေးတဲ့ ကောင်းကင်ပြာ ဟာ ဘယ်ဆိုဒ် မှာမှ ဒီ နာမည်နဲ့ စာမရေးပဲ ကျမရဲ့ www.kaungkinpyar.info ဆိုတဲ့ တနေရာထဲမှာပဲ ဒီနာမည်လေးကို တန်ဖိုး ထားပြီး ရေးတဲ့ အကြောင်းလေး ပြောချင်ယုံ သက်သက်ပါ။

29 comments:

ဂျပန်ကောင်လေး December 8, 2009 6:06 PM  

:).. မမပြာရေ.. နာမည်ကို ထရိတ်မတ်လုပ်ထား...း) နာမည်အပေါ်မှာ Rအ၀ိုင်းလေးပေါ်နေရင် ဘယ်သူမှ ယူလို့မရဘူး.. ယူရင် တရားစွဲ.. ဒါဗြဲ....

နေ့အိပ်မက် December 8, 2009 7:44 PM  

ဖြစ်ရမယ်... နေ့အိပ်မက်တော့ တစ်ကောင်းကင်ပဲပြာတာသိပါတယ်. တခြားကောင်းကင်တွေ ပြာတာသိဘူး :P

neking December 8, 2009 8:02 PM  

ဒါအရေးကြီးတယ်နော်...မပေါ့နဲ့... ကိုယ်ပိုင်အဖြစ်မြန်မြန်ဝယ်ထား....မဟုတ်လို့နောက်မှဆိုရင်.... ကိုယ့်နာမည်ကိုပြန်ပြီးမတန်တဆဈေးနဲ့ပြန်ဝယ်နေရဦးမယ်....

SDL December 8, 2009 10:12 PM  

ကျွန်မနာမည် ကောင်းကင်ပြာ၊ စင်ကာပူမှာနေပါတယ်
ကျွန်မအသက် (၂၀) ပြည့်တာ အတော်ကြာပြီထင်ပါတယ်.. :)

မြတ်မွန် December 9, 2009 12:38 AM  

ပြာပြာလို့ပဲခေါ်ပါ့မယ်..

သီဟသစ် December 9, 2009 1:15 AM  

အို...
သူများပြာနဲ့ တို့ပြာ မတူဘူးပြောလိုက်ပြီးနေတာပဲ...

:D

KoSai December 9, 2009 2:52 AM  

အိုဗျာ ဘယ်လိုပဲ ပြာပြာ
လောလောဆယ် မကျော်ပဲ မန့်လို့ရအောင် လုပ်ပေး ဒါပဲ

{{လူညာ}}

လင်းကြယ်ဖြူ December 9, 2009 4:54 AM  

မှတ်ထားလိုက်ပါတယ်
ဆက်လက်အားပေးနေပါတယ်..
ဖြစ်တတ်ပါတယ်..နာမည်တူမရှားဆိုသလိုပေါ့နော..
ပျော်ပါစေ

ဗညားရှိန် December 9, 2009 10:22 AM  

စုဘူးက ကင်းကောင်ပြာကို သိတယ် ဒါကြောင့် တို့ မမပြာကိုတော့ မူပိုင်အဖြစ် မမှားနိုင်ဘူး ဟိဟိ တို့ မူပိုင်က မမပြာပဲတွ ဟဲဟဲ

may kyaw December 9, 2009 12:03 PM  

နာမည်မှားတာ နည်းနည်းတော့ စိတ်ရုပ်သွားမယ် ထင်တယ်နော်.... :P
သူတို့တွေ ပြောသလို Register လုပ်ထားလိုက်ပါ့မာလား အမရယ် ..... :)

Calm Hill December 9, 2009 4:23 PM  

ရေစ္စရီရုံးမှာ မူပိုင်ခွင့်တင်မှဖြစ်မယ် ဒီအတိုင်းမရဘူး။ စကားမစပ် ညည်းဘလော့က လော့အင်ဝင်မှ ရေးလို့ရနေသအေ။ URL လေးနဲ့တော့ ပေးရေးပါအေ လော့အင်မဝင်ချင်ဘူး ဘရောက်ဇာတွေ အများကြီးဖွင့်ရတာ အလုပ်ရှုပ်တယ်အေ့။

desertraindrops December 9, 2009 6:36 PM  

:) မငုံလဲ ဒီ မကောင်းကင်ပြာကိုပဲ သိတယ်။

မြစ်ကျိုးအင်း December 9, 2009 8:35 PM  

အကျွေးအမွေးလေးနဲ့ လုပ်ပါ :)

ညရဲ့ကောင်းကင် December 10, 2009 11:02 AM  

ကျွန်တော်လည်း ဘာမှပြောဘူးလေဗျာ...
ကျွန်တော်ကတော့ မမကောင်းကင်ပြာပြာ ပဲသိတယ်..
း)

ကိုမျိုး (အညာမြေ) December 10, 2009 2:20 PM  

မင်္ဂလာပါ ကောင်းကင်ပြာရေ..

ဘယ်သူတွေ ဘယ်လိုဘဲ ပြာပြာ.. ကျနော်ကတော့ ဟောဒီက ကောင်းကင်ပြာ တစ်ယောက်ကိုဘဲ သိပါတယ်။ အမြဲ အားပေးနေမယ်.. :)

ခင်မင်စွာဖြင့်
ကိုမျိုး

ဝက်ဝံလေး December 11, 2009 1:48 AM  

မမရေ တန်းလန်းကြီး တော့

Shoutbox limit of 60 posts per hour reached.

Please try again in the next hour.

This shoutbox version is Basic and can accept up to 60 posts per hour only.
ဒါကြီးပေါ်လာတယ် ဟင့် ရွှတ် ဗြဲ

ဝက်ဝံလေး December 11, 2009 1:50 AM  

မမ ရေ ပြန်တော့မယ် နော် သိချင်တာ တွေ ပြောပြပေးလို့လဲ ကျေးဇူးးးးးးးးးနော် အာဘွားးးးးးးးရှလူးးးးးးးးးးးးး မမ ခန့်ခန့်ကြီးရေ ဟိဟိ ဘိုင်

ဝက်ဝံလေး December 11, 2009 1:51 AM  

လိုက်မလာနဲ့နော် အိမ်ကို သိလား ပိတ်ထားတယ် ဒါဗြဲ ဒုန်းးးးးးးးးဒုန်းးးးးးးးးးဒုန်းးးးးးးးးးး ဝက် လိမ့်သံ ခစ်ခစ်

ကောင်းကင်ပြာ December 11, 2009 1:51 AM  

ဝေးးးဟုတ်တယ် ၀က်ဝံလေးရေ..တနာရီကို အခု ၆၀ပဲ လက်ခံတယ်တဲ့..ဟိဟိ

ဝက်ဝံလေး December 11, 2009 1:53 AM  

မမ ကွန်မန့်က ၁၉ ခုဆိုတော့ တန်းလန်းကြီး အဲလေ မကောင်းဘူး စုံဂဏန်းဖြစ်သွားအောင် ဟဲဟဲ သောင်းကျန်းပေးတွားဒယ် နော် ဟက် ပျော်ရွှင်ပါစေ နော် တာ့တာ

မိုးစက်အိမ် December 11, 2009 1:58 AM  

ဘလော့မှာတော့ အမ နာမည်တစ်ခုဘဲရှိမယ်ထင်ပါတယ်

ကိုလူထွေး December 11, 2009 3:13 AM  

ကောင်းကင်ပြာ (အခန်းဆက်လွမ်းသူ)
ဆိုတဲ့ ကလောင်နာမည်ဆိုရင် မှားစရာမရှိတော့ဘူးဆိုတာ ယုံကြည်ပါတယ်...

ရိုးတယ်ထင်ရင် ဒီလိုပေးပေါ့...

ကောင်းကင်ပြာ (လွမ်းခန်းဆက်)

... လို့

းဝ)

ကိုလူထွေး December 11, 2009 3:13 AM  

ကောင်းကင်ပြာ (အခန်းဆက်လွမ်းသူ)
ဆိုတဲ့ ကလောင်နာမည်ဆိုရင် မှားစရာမရှိတော့ဘူးဆိုတာ ယုံကြည်ပါတယ်...

ရိုးတယ်ထင်ရင် ဒီလိုပေးပေါ့...

ကောင်းကင်ပြာ (လွမ်းခန်းဆက်)

... လို့

းဝ)

ကိုလူထွေး December 11, 2009 3:13 AM  

ကောင်းကင်ပြာ (အခန်းဆက်လွမ်းသူ)
ဆိုတဲ့ ကလောင်နာမည်ဆိုရင် မှားစရာမရှိတော့ဘူးဆိုတာ ယုံကြည်ပါတယ်...

ရိုးတယ်ထင်ရင် ဒီလိုပေးပေါ့...

ကောင်းကင်ပြာ (လွမ်းခန်းဆက်)

... လို့

းဝ)

Steve Evergreen December 11, 2009 4:13 AM  

at work, there are 3 steves, 4 saras and 2 suus . interestingly, 2 indian doctors are with the same name Patel :)

of course not surprising.

Welcome December 12, 2009 1:36 PM  

ရွှေမိ ဆိုရင် ရွာလယ်က သူကြီးအိမ်မှာနေတယ်
သာဂိ ဆိုရင် ရွာထိပ် အကြော်ဆိုင်က
ကောင်းကင်ပြာဆို ဒီဘလောဂ့်အိမ်က ဆိုတာ သိပြီးသား

^^ရွှေ ယွန်း ဝါ^^ December 12, 2009 8:55 PM  

"ကောင်းကင်ကြီးအောက်မှာ ကြီးပြင်းလာတဲ့ အပြာရောင်ကြိုက်တဲ့ သာမန်မိန်းကလေးတဦးပါ၊"
လို့ ပြောတတ်တဲ့ အမကိုဘဲသိပါတယ်

MrDBA December 13, 2009 5:46 PM  

ကွမ်းစားသော ကောင်းကင်ပြာဆို မရှုတ်တော့ဘူး။ ဒါမျိုး ဘယ်သူမှ မရှိဘူး။ ရှင်းနေတာကို။

ရေတမာ December 14, 2009 8:35 AM  

ပထမမရလို့ နောက်ဆုံးယူလိုက်တယ်။ ကိုစည်သူကြီး ပြောသလို ကောင်းကင်ပြာ(ကာကင်ပြောင်း)ဆိုပြီး ထပ်ထည့်လိုက်ပါ့လား။ စတာပါ။ ဘယ်သူဘယ်လောက် ပြာပြာ တို့(ဒို့ဟုဖတ်ပါ)အမလောက် မပြာဘူး ဟုတ်။