ကျန်ခဲ့တဲ့ စနေ နေ့က ကျမ ကပွဲလေး တခု သွားခဲ့တယ်၊ NTU (Nanyang Technological University) မှာပါ၊ ကျမ မောင် မောင်လူပျိုကြီး တို့ရဲ့ ကပွဲလေးပါ၊ ကျောင်းဆင်းပွဲပဲ ဆိုပါတော့၊ အဲ့ဒီပွဲ မှာ မောင်လူပျိုက ဦးရွှေရိုး အက ကမယ်လို့ သတင်းရထဲက သူတော့ မသိ ကျမတော့ အဲ့ဒီရက်ကလေးကို မျှော်နေမိတယ်၊ မောင်လူပျိုကြီး အကြောင်း နဲနဲ ပြောပြရရင် သူက လူ့ဂွစာပါ၊ တကယ်...အကြောင်းအရာ တခုကို မသိပဲ သူနဲ့ သွားမငြင်းရဲပါဘူး၊ သက်သေခိုင်ခိုင် လုံလုံ နဲ့ ဂျက်ကျလက်ကျ သူ ပြန်ပြောရင် ကိုယ် ပါးစပ် အဟောင်းသား နားထောင်ရတယ်၊ ကျမရဲ့ ဆရာပါပဲ၊ ဘာဆရာလဲ ဆိုတော့ ကျမ ဟင်းတခုခု ချက်ချင်ရင် သူ့ကို မေးရပါတယ်၊ စိတ်ရှည် လက်ရှည်လဲ ပြော တယ်၊ဒါမဲ့ ကျမက လုပ်လိုက်ရင် တလွဲ ချည်းပဲ၊ သူ ပြောသလို နားထောင်ပြီး ချက် ၊ ချက်ပြီး ဖေ့ဘွတ် ပေါ်တင်လိုက်ရင် တခါထဲ ကွိ ကနဲ ကို ပြောစရာ တွေ့တော့ တာပဲ၊ အဲ့ဒါ သူအကြောင်း အနည်းအကျဉ်းပါ၊
ပွဲစဖို့ တပတ် အလို လက်ဖက်ရည်ဆိုင် မှာ တွေ့တော့ ၊ ကဲ မောင်လူပျို ..ဦးရွှေရိုး ကမယ်ဆိုတော့ အ၀တ်အစား ၊ ခေါင်းပေါင်း ၊ ထီး ၊ နှုတ်ခမ်းမွှေး၊ အားလုံး အိုကေ ပီလားဆိုတော့ ပုဆိုး ၀ယ်ရမယ်လို့ ပြောပါတယ်၊ အဲ့ဒါနဲ့ ကျမတို့ မောင်နှမ ၂ယောက် စီးတီးဟောမှာ ပုဆိုး အကွက်ကြီးကြီး ကြောင်ကြောင်ကြားကြား ရှာလိုက်တာ အပေါ်ထပ် အောက်ထပ် စုန်ချီ ဆန်ချီပဲ၊ နောက်ဆုံး ဆင်တူ ပုဆိုး နီကြောင်ကြား ကြီး အဆင်ပြေသွားတယ်၊ သွားချုပ်တော့လဲ နာရီဝက် လောက်စောင့်ရမယ် ဆိုလို့ လက်ဖက်ရည်ဆိုင် တခေါက် ပြန်ထိုင်ရပြန်တယ်၊ အဲ့ဒီမှာ နှုတ်ခမ်းမွှေး ၀ယ်ဖို့ သတိရတော့ စင်ကာပူရဲ့ ဘယ်နေရာမှာ ဘာရှိတယ် ဆိုတာ အပ်ကျတာတောင် သိတဲ့ ကျမတို့ရဲ့ တူလေး မောင်ဖြိုးမော် ဆီကို ဖုန်းဆက် မေးတော့၊ ချိုင်းနားတောင်း မှာ ရှိတယ်လို့ သတင်းရပါတယ်၊ နောက်နေ့မှ ၀ယ်မယ်ဆိုပြီး ပုဆိုး၂ကွင်း ပေါင်းချုပ်တာကို ၁နာရီခွဲလောက် ထိုင် စောင့်ပြီး ကျမတို့ ၂ယောက် လမ်းခွဲ အိမ်ပြန်ခဲ့တယ်၊
ရဟာဆယ် ကပြီးတဲ့ ရက်ထိ ဦးရွှေရိုး တယောက် ခေါင်းပေါင်းနဲ့ ထီး လဲ မရသေးသလို၊ ဒေါ်မိုးရဲ့ ဘီးဆံထုံး လဲ မရသေးဘူး၊ စီးတီးဟော က ၀တ်စုံတွေ ငှားတဲ့ ဆိုင်ကို တခေါက် ရောက်ပြန်ပါတယ်၊ ဘီးဆံထုံးလဲ အဆင်ပြေသွားသလို၊ ပုသိမ်ထီးပါ ငှားခဲ့တယ်၊ ခေါင်းပေါင်းကတော့ တွေ့တဲ့ ဆိုင်က ပ၀ါတစ ၀ယ်လိုက်ပါလို့ အကြံပေးလိုက်ရတယ်၊ အဓိက ကျတဲ့ ဦးရွှေရိုးရဲ့ နှုတ်ခမ်းမွှေးကတော့ မောင်လူပျိုကိုယ်တိုင် လက်စွမ်းပြပြီး လုပ်လိုက်သလို၊ ရဟာဆယ် ကတဲ့နေ့မှာ ရိုးရိုး ထီးတချောင်း ကျိုးသွားအောင် ကလိုက်ပါတယ်လို့ မင်းသားဆီက သတင်းရတယ်။
ပွဲနေ့ရောက်တော့ သွားဖို့အတွက် ကျမတိုရဲ့ ဓါတ်ပုံ ကင်မဒါ ဆရာ အကျော်အမော်ကြီးနဲ့ ၄း၃၀ တိတိ ပိုင်အိုးနီးယား MRT မှာ ချိန်းထားပေမဲ့ အရမ်းအချိန်တိကျတဲ့ ကျမ မရောက်ခဲ့ပါဘူး၊ ဓါတ်ပုံဆရာကြီး နဲ့ မဟေသီ က ကျမတို့ မောင်နှမ ၂ယောက်ကို မစောင့်နိုင်တဲ့ အတွက် သွားနှင့်ပါလို့ပဲ ကြောက်ကြောက်နဲ့ ပြောလိုက်ရတယ်၊ သွားတတ်ပါတယ် ဆိုတဲ့ မောင်ငယ် ၀တုတ်တုတ် တယောက်ကလဲ ပိုင်အိုးနီးယား MRT ကို ဟိုဘက်ဒီဘက် ၂ခါ ကားလမ်းကူးပြီးမှ ဖယ်ရီ စီးပြီး ကျောင်းထဲ ရောက်ခဲ့ရတယ်၊ မောင်လူပျို က ဖယ်ရီ စီးလာရင် ၅ မှတ်တိုင် မြောက်မှာဆင်းလို့ ပြောပေမဲ့ ၀တုတ်တုတ် မောင်ငယ်က ဘယ်သူပြောတာကို အမှတ်မှားတယ် မသိ ကျမ ကို ၃ မှတ်တိုင် မြောက်မှာ ဆင်းခိုင်းပြီး ကပွဲ ကမဲ့ နောက်ပေါက်ကို တခါထဲ ရောက်သွားပြီး အထဲကို ၀င်မရခဲ့ ပြန်ပါဘူး၊ ဒါပေမဲ့ ဓါတ်ပုံ ထွက်ရိုက်ကြတဲ့ ကျောင်းသူ မင်းသမီးလေးတွေ နဲ့ ရောဝင်လို့ ရတဲ့ အတွက် အထဲကို ရှောရှော ရှုရှု ရောက်သွားရပါတယ်၊ ကျမ တို့ရဲ့ မင်းသားကလည်း မိတ်ကပ် အဖွေးသားနဲ့ ပြင်ဆင်ထားတာ လှသလို မင်းသမီးလေး ဒေါ်မိုးကလဲ ချစ်စရာပါပဲ၊ မင်းသားချော မောင်လူပျို ကတော့ အဲ့ဒီနေ့က မင်းသမီး ချောတွေနဲ့ ဓါတ်ပုံ တွဲ ရိုက်လိုက်ရတာ ပင်တွေပန်းသွားပြီး နောက်တရက်မှာ အပျင်းဖျား သွားပါတယ်ရှင်။
ကဲ ကျမ မောင် လူပျို ရဲ့ ကကွက်လေးတွေ ကို အောက်က youtube မှာ ရှုစားကြည့်ပါလို့....
PS.. မောင်လူပျို ရဲ့ ဘလော့မှာလဲ သူရဲ့ လှုပ်ရှားမှုတွေ ကို အပိုင်း (၁) အပိုင်း (၂) ခွဲ ပြီး တင်ထားပါတယ်..
လူပျို ကတဲ့ မောင်ရွှေရိုး
Posted by
ကောင်းကင်ပြာ
at
Wednesday, December 16, 2009



15 comments:
လူကသာ ဂွကျတာ.. တီတီပြာ့မောင်က အကတော့ရှယ်ကောင်းနော်..
ဆီမီးခွက်အက ကြည့်လိုက်ရတယ်...
းဝ)
ဘုရားဘုရား ဒီဘက်မှာလည်း တင်ထားပါလား ကြော်ငြာတွေ များနေပြီ။
ဆီမီးခွက်က အမယ်ဘုတ်ချည်ခင် ဖြစ်နေပါပေါ့ အပြန်အလှန် နင်ကူးတယ် ငါမကူးဘူးနဲ့ နှုတ်လှံထိုး အဲလေ ကော့မင့်လှံထိုးနေကြတယ်။ ရွှေရိုးယထာဘူတ ကျကျဝင်ပြောတယ် မူရင်းတူရင် မိတ္တူတွေ ဆင်ကြမှာပေါ့လို့ ရဘူးဗျာ ချနေတာပဲ ဟိဟိ။ နောက်ဆုံးတစ်ခေါက် ဝင်ပြောပေးခဲ့တယ် မရလည်းပြောတော့ဘူး
း))).... လာကြည့်သွားတယ်..မမပြာ...
အတွဲညီတဲ့ ဦးရွှေရိုး နဲ့ ဒေါ်မိုး ...
က တတ်လိုက်တာ.. ညီမလေး ပြာပြာ ရေ... ကိုလူပျိုက
ဒါတောင် သူ ပထမဆုံး က တာ တဲ့... ပြာ ရွေးပေးတဲ့
ပုဆိုးဆင်က လှတယ် ...
mie nge
စီစဉ်တဲ့လူကလည်း ကောင်းတာကိုးဗျ။ ဒီတခါတော့ တော်သွားပြီ။
လူပျိုအကြောင်းပတ်ပြီးလိုက်ဖတ်နေတာဗျို့
း)း)
အိုင်ဒီယာရော အကရော အရမ်းကောင်းတယ်
ကိုလူပျိုတော်တယ်း)
၂ပါးသွားထက် ဒီအကကို ပိုသဘောကျတယ်။ ဆီမီးခွက် အကက မမတွေလည်းတော်ကြတယ်။ ကြည့်ရတာ ကျက်သရေရှိတယ်။
မမပြာချက်ချက်ပြီးတင်နေတဲ့ ဟင်းတွေရဲ့ နောက်ကွယ်ကလူကို တွေ့ပြီ ... ဟိ
နွေးနေခြည်
ဟားဟား..ကြည့်သွားတယ် မမပြာပြာ..မိုက်တယ်..
မင်္ဂလာပါ ကောင်းကင်ပြာ ရေ..
ဒီအက လေးတွေကို ကြည့်ရင်း ကျနော်တို့ ပထမနှစ်တုန်းက NTU မှာ နားပန်းဆံအကလေး ရယ်.. တိုင်းရင်းသား ၀တ်စုံလေးတွေနဲ့ ကခဲ့တာကို သတိရသွားတယ်။ http://www.youtube.com/user/komyokh#p/u/8/z2_cnJ-toUw
အခုလို ဝေမျှပေးလို့ ကျေးဇူးပါ ကောင်းကင်ပြာ ရေ။
ခင်မင်စွာဖြင့်
ကိုမျိုး
ကြည့်သွားတယ် အမရေ ၊ ဝတုတ်တုတ်မောင်ငယ်ဆိုလို့ ကိုဆောင်းချန်းမိုး ပြောတာလားမသိဘူးဆိုပြီးသွားကြည့်လိုက်တာ တကယ်ဖြစ်နေတယ်။
ကတာလေးကြည့်ရတာ လှတယ်ဗျာ . . . ဦးရွှေရိုးရော
ရော ဒေါ်မိုးရော ( အထူးသဖြင့် :D ) လန်းပါ၏ . . . :P
အောင်မယ်လေးဗျ..
ဒေါ်မိုးကြီး ရက်ကျက်တယ်..
တားတား ဦးချွေရိုး နဖူးကို ထူထုထည့်လိုက်တယ်.. တားတားဦချွေရိုး နဖူးကွဲပါပြီးဗျ.. (((ဗြဲ))))).း)
အမရေ.. ရွာမှာ ကခဲ့တာကို သတိရသွားတယ်
ရွှီ.. ဖြောင်းဖြောင်း ဦးရွှေရိုး နှင့် ဒေါ်မိုး ကတာအတော်မိုက်တယ်ဗျ...
ကောင်းကင်ပြာရေ...
အကလေးတွေကြည့်ရင်း..စိတ်ထဲမှာပျော်သွားတယ်ဗျာ...။
သူတို့ တော်တော်လေးကတတ်ကြတယ်နော်...။
ခင်မင်တတ်တဲ့
ဏီလင်းညို
Post a Comment