၂၀၁၀ ရောက်ပြီ..
စာရေးမယ်လို့ ကြံရွယ် ပြန်တော့ ဘယ်က စရေးရမှန်းတောင် မသိဖြစ်နေပြီး ..ဘလော့နဲ့ ဝေးနေတာ ကြာသလို ဖြစ်သွားတယ်၊ တချို့ရက်တွေ ကွန်ပျူတာ တောင် မဖွင့်မိသလို ဖွင့်ပြန်တော့လေး ဘလော့လေးဆီ မရောက်ပဲ ဟိုရောက်ဒီရောက် ၊ သူများရေးထားတာ လေးတွေကို ရတဲ့အချိန်လေး အပြေးအလွှား ဖတ်မိပေမဲ့ ကိုယ် လာဖတ်သွားတယ် ဆိုတာတောင် အကြောင်းမကြားမိခဲ့၊ ခြေရာလေး ချန်ခဲ့ဖို့ သတိမရ၊ စာဖတ်ချင်တဲ့ စိတ်လေးကို အာသာ ပြေအောင် လုပ်မိနေရုံပဲ၊ ဘာတွေ ရှုပ်နေသလဲ၊ ဘာတွေ လုပ်နေသလဲ၊ ၂၀၀၉ ကုန်ခါနီးမှာ လုပ်ချင်တာတွေ စိတ်ထဲ ရှိတဲ့ အတိုင်း အကုန် လျှောက်လုပ်ပါတယ်၊ သွားချင်တဲ့ နေရာတွေ အကုန်သွားတယ်၊ စားချင်တာတွေ လိုက်စားတယ်၊ စိတ်ကို တခုမှ ထိန်းချုပ် မထားတော့ပဲ လွှတ်ပေးလိုက်တဲ့ နှစ်တခုရဲ့ အဆုံးပိုင်းနဲ့ နှစ်သစ်တခုရဲ့ အစပေါ့၊
ပျော်နေလား မေးရင် ပျော်နေပါတယ် ဖြေရမှာပဲ၊ စိတ်ညစ်စရာတွေ အားလုံးကို ခဏ မေ့ထားပြီး ပျော်စရာတွေ ကိုပဲ စတွေးတော့မယ် ဆိုတဲ့ စိတ်နဲ့ ကိုယ့်စိတ်ကို နဲနဲ လိမ်လည်လှည့်ဖျား ထားလိုက်တယ်၊ သူများတွေ တွေးသလို ရေးသလို ကျန်ခဲ့တဲ့ နှစ်မှာ ကိုယ်ဘာတွေ လုပ်ခဲ့ပြီး ခု ရောက်လာတဲ့ နှစ်အသစ်မှာ ဘာတွေ လုပ်မယ်ဆိုတာတွေ စာထဲ ချရေးရင် လုံးချင်း ၀တ္ထု တအုပ်လောက် ဖြစ်သွားနိုင်တဲ့ အတွက်လဲ ကိုယ့်စိတ်ထဲမှာပဲ မှတ်ထားလိုက်မိတော့တယ်၊ ကိုယ်ဖြစ်ချင်တာတွေ စာထဲ ချရေးမိ၊ ပြန်ဖတ်မိလို့ မဖြစ်လာခဲ့ရင် ကိုယ့်ရဲ့ အစွဲအလန်းကြီးတတ်တဲ့ စိတ်ကြောင့် ကိုယ့်ဘာသာ ပြန် မခံစားချင်တော့ဘူး၊ ခံစားချက် ဆိုတာ လူတဦးနဲ့ တဦး မတူတော့ ခံစားချက်ချင်း မတူကြပေမဲ့ လူတိုင်းတော့ ကိုယ့်ခံစားချက်လေးတွေ ကိုယ်စီ နဲ့ပေါ့လေ၊ တယောက်ထဲ သွားလာနေချိန် နဲ့ အများနဲ့ သွားလာ နေချိန် တွေတောင် ခံစားချက်က ခဏချင်း ပြောင်းလဲ နေသေးတာပဲ၊ ကိုယ်နဲ့ ပတ်သက်နေတဲ့ မောင်တွေ ညီမတွေ အကို တွေ နှစ်သစ်မှာ ပျော်နေကြတယ်၊ သူတို့ ဆီက အပျော်တွေ ကိုယ် ကူးယူလိုက်တယ်၊ ကိုယ့်ဆီက မပျော်တာတွေ သူတို့ကို မပေးမိအောင် နေလိုက်တယ်၊ စိတ်ချမ်းသာ စရာပါပဲ၊
ညီအကို မောင်နှမတွေ နဲ့ အတူနေချိန် များလာတဲ့ အခါ တယောက်ထဲ မနေတတ်တော့တဲ့ သူတွေထဲမှာ ကိုယ် တယောက် အပါအ၀င်ပေါ့၊ တယောက်ထဲ အေးအေးဆေးဆေး နေတတ်တဲ့ ၊ အရယ် သန်တာကလွဲလို့ စကားတွေ အများကြီး မပြောတတ်တဲ့ ဟိုဟိုဒီဒီ ဘယ်မှ မသွားတတ်တဲ့ ကိုယ့်အတွက်တော့ ၂၀၁၀ ဟာ အားလုံး ပြောင်းပြန်ဖြစ်သွားနိုင်တယ်၊ ခုလဲ ၂၀၁၀ ရဲ့ လွတ်လပ်လေး နေ့လေးကို အမှတ်တရ တခုခု ရေးချင်ပေမဲ့ ရေးတဲ့ဆီ မရောက်ပဲ ရေးမိရေးရာတွေ ရေးနေမိတယ်၊ စာတွေ အများကြီး ရေးနိုင်အောင်လဲ ကြိုးစားရဦးမယ်၊ တွေးချင်တာတွေးပြီး လုပ်ချင်ရာတွေ လုပ်နေတဲ့ စိတ်ကိုလဲ ဆုံးမရဦးမယ်။
စာရေးချင် လွန်းလို့ ရေးချင်ရာတွေ ချရေးလိုက်တဲ့ စာတပုဒ်ပါပဲ....
ရင်ခွင့်မဲ့ ငှက်တကောင်
1 hour ago



18 comments:
ဟုတ်မယ်ဆရာမရေ
မတွေ့ တာကြာလို့ စိတ်ပူနေတာ မာတီမှာတောင်သွားအော်နေမိသေး
ဟဟဟဟဟဟ
ဒီတခါ ငါ နံပါတ်တစ်ရတယ်ကွ
ဒီလိုပါပဲ စာတွေ ပြန်ရေးတဲ့ အကျင့်ကို ပြန်လုပ် ရလိမ့် မယ်ထင်တယ် .... စိတ်တွေကို ပြန်စုစည်းထားပါဗျာ ... ဘလောဂ့် လောက နဲ့တော့ ခွဲမသွားပါနဲ့ဗျာ
လုပ်ချင်တာလုပ်နေတယ်ဆိုတာ တကယ်ယုံတယ်းP
စိတ်ကိုလွှတ်သာထားလိုက်မမ
~~~~~~~~ပျော်သလိုသာနေလိုက်တော့ ချစ်လေးးး
ငိုရင် လူဖြစ်ရှုံးမတဲ့ ~~~~~~~~~~~~~~
ငါပဲနားကြားလွဲသလား “ဟိုဟိုဒီဒီ ဘယ်မှ မသွားတတ်တဲ့ ” ဆိုလား အဲလေ နားကြားလွဲတာ ဘယ်ဟုတ်မလည်း မျက်စေ့မှောက်တာ ဖြစ်မယ် :D
ရင်တထိတ်ထိတ်နဲ့ ဖတ်နေသေးတယ်...
တော်ကြာ အလုပ်တွေ မအား... ပိုစ့်ရေးမအားတာ ဖိုးစိန်ခေါင်းပေါ် ကျလာမလားလို့..
သွားလေရာ အိတ်ဆွဲလိုက်ပေးတဲ့ မေပြာ...
ကွမ်းတမြုံမြုံနဲ့ အရယ်သန်တဲ့ မေပြာ...
မောင်နှမတွေရဲ့ အမတစ်ယောက်ကို ဘယ်သွားသွားပါနေတတ်တဲ့မေပြာ..
ပြီးတော့... ပြီးတော့.... မေပြာ..
(၂၀၁၀) မှာ မေပြာ စိတ်ထဲရှိနေတဲ့ ဝမ်းနည်းခြင်းတွေ မကောင်းခြင်းတွေ ပျောက်ပြီး ဒီမောင်နှမတွေနဲ့ ကောင်းခြင်း ပျော်ရွင်ခြင်းတွေ ရောက်လာမှာပါ...
မေ့မရတဲ့ အမတစ်ယောက်ထဲမှာ မေပြာပါတယ်..း)
ချစ်ခင်လေးစားစွာဖြင့်
ဖိုးစိန်
စိတ်ထဲပေါ့သွားမယ်ဆို ချသာရေးလိုက်ပါ အမရေ ။ ပျော်ရွှင်တယ်ဆိုလို့ ဝမ်းသာပါတယ်
အမရေ... ခဏတာသာ နေရတဲ့ ဘ၀ကြီးမှာ ပျော်အောင်သာနေပါ။ ၂၀၀၉ ကုန်လို့ ၂၀၁၀ ရောက်တဲ့ အချိန်လေးတွေမှာ ပျော်နေတယ်ဆိုလို့ ၀မ်းသာပါတယ်။ ရေးချင်တာတွေ ချရေးလိုက်လို့ စိတ်ကျေနပ်ရင် ချသာရေးလိုက် အမ။ လာဖတ်မယ်....။
ခင်မင်လေးစားလျှက်
သိပ်လည်းမတွေးနဲ့.....
အဆင်မပြေတော့လည်း မပြေလို့ပေါ့
အလုပ်မြန်မြန်ရပါစေ
မင်္ဂလာပါ..
တစ်ခါတစ်လေ မိမိစိတ်ကို အခုလို လွတ်လပ်ပေါ့ပါးသွားအောင် ခဏတာ လွှတ်ထားလိုက်တာ ကောင်းပါတယ်။ ပေါ့ပါးလန်းဆန်းပြီး အစစအရာရာ အဆင်ပြေချောမွေ့တဲ့ နေရက်များစွာကို 2010 တင်မဟုတ်ဘဲ တစ်ဘ၀လုံး ရရှိပိုင်ဆိုင်နိုင်ပါစေလို့.. ဆုမွန်ချွေလိုက်ပါတယ်....
ခင်မင်စွာဖြင့်
ကိုမျိုး
နှစ်သစ်မှာလေ...
ဘယ်တော့ မှ မပြောင်းလဲနိုင်တော့ တဲ့  ပြောင်းလဲမှု တစ်ခု
ကိုတော့  တမ်းတ နေမိပါတယ်လို့ ။
နှစ်တွေ အချိန်တွေက ကုန်လာ ဟောင်းလာရင် ပြောင်း
ပြောင်းလာပြီး အသစ်အသစ် တို့ နဲ့ ပဲ အစားထိုး လာခဲ့ 
လေ့ ရှိပေမဲ့  မပြောင်းလဲသေးတဲ့  ပြောင်းလဲမှု တစ်ခုကို
တော့  အိမ်မက်အဖြစ် ကျွန်တော်တို့  အားလုံး မက်နေကြ
ရပါတ်ာလို့ ...။ ရေးထားမိပါတယ်၊အိမ်မက်စေတမန်။
စိတ်ညစ်ခြင်းတွေအဝေးလွင့်ပြီး
အောင်မြင်မှုနဲ့အတူ
ပျော်ရွှင်ခြင်းတွေပါသယ်ဆောင်လာနိုင်ပါစေ
တော်သေးတာပေါ့ မမပြာပြာရယ်..
စာရေးချင်တဲ့ စိတ်လေးရှိသေးလို့..
စားဖတ်ဖို့ စောင့်မျှော်နေမယ်နော်..။
ချစ်ခင်လေးစားလျှက်ပါ..မမပြာ..
စကားမစပ်မေးပါရစေ
စိတ်ထဲကို လုပ်ချင်တာကို မထိန်းချုပ်ပဲ လွှတ်တာ ခုမှလားဟင်
:)
၂၀၁၀ မှ မမပြာဘ၀ အောင်မြင်ပျော်ရွှင်သော နှစ်များစွာ ဖြတ်သန်းနိုင်ပါစေ
ခင်မင်စွာဖြင့်
သီဟသစ်
ရေးချင်တာတွေရေးနေပေမယ
့်ဖတ်ကောင်းချင်တိုင်းကိုကောင်းနေတော့တာပါပဲ
ရေးချင်တာရေး
စိတ်မှာလေးတိုင်း
အတွေးနယ်ချဲ့ မနေနဲ့...
ခံစားချက်တူ
အချိန်ယူလို့
ဒီလူလာဖတ် လိမ့်မပေါ့...
းဝ)
2010 မှာပျော်ရွှင်စွာနဲ့ စာတွေ အများကြီးရေးနိုင်ပါစေ ကောင်းကင်ရေ
ကေကေရေ....
ဘယ်ကစပြီးရေးရမယ် မသိပဲရေးထားတဲ့
စာ လှလှလေးကို အဆုံးထိဖတ်သွားမိတယ်
ပျော်ရွှင်ခြင်းတွေ...
ကြေကွဲခြင်းတွေ...
မွန်းကြပ်ခြင်းတွေ...
အထီးကျန်ခြင်းတွေ.... ရဲ့
နောက်ကွယ်က လွတ်လွတ်လပ်လပ် ချချရေးပြနေမဲ့ စာအသစ်တွေကို စောင့်ဖတ်ဖို့ မျှော်နေတယ်....
ခင်မင်စွာ ချစ်ခြင်းအားဖြင့်
Post a Comment