ခြံ စိုက်စားရအောင်နော်....

လူ တဦးတယောက်မှာ ရှေ့ရေးအတွက် ဆိုပြီး ဘာဖြစ်ချင်တယ် ဘာတွေ လုပ်မယ်ဆိုတာ ကြိုတင် စိတ်ကူး မစဉ်းစား ထားသူ မရှိလောက်ဘူး ထင်တယ်၊ ဖြစ်တာ မဖြစ်တာ နောက်ထား တယောက်တမျိုး စီတော့ အစီအစဉ် လေးတွေ ရှိနေကြမှာပါပဲ၊ ရန်ကုန်သူ ကျမ ကောင်းကင်ပြာ မှာလဲ စိတ်ကူးယဉ် ထားတာလေးတွေ ရှိပါတယ်၊ တကယ်လဲ ဖြစ်လာနိုင်တာပဲ စဉ်းစားထားတာပါ၊

မိဘ နှစ်ပါး ဟာ အညာသူ အညာသားတွေ ဖြစ်ပေမဲ့ အဖေလုပ်သူဟာ ရှမ်းပြည်နယ် တောင်ပိုင်း မှာ ကြီးပြင်းခဲ့သူ ဖြစ်တဲ့ အတွက် မောရှမ်းဒေသဟာလဲ ကိုယ်တွေနဲ့ မစိမ်းတဲ့ ဒေသတခု ဖြစ်ခဲ့ရတယ်၊ အသက်ရှည်ချင် အပင်စိုက်ပါ ဆိုတဲ့ ဆိုရိုး စကား အတိုင်း အသက်တွေ ကြီးလာရင် အနားယူဖို့ ကျေးဇူးရှင် ဖခင်ရဲ့ စီမံမှုကြောင့် အခုဆိုရင် အောင်ဘန်း နဲ့ မန္တလေး ကြားမှာ ရှိတဲ့ ရွာငံ ဆိုတဲ့ မြို့ကလေးမှာ ၁၀ဧက အကျယ်အ၀န်း ရှိတဲ့ ကော်ဖီ နဲ့ လက်ဖက် တွေ စိုက်ပျိုး ထားတဲ့ ခြံကြီး တခြံ ရှိနေပါတယ်၊ ကောင်းကင်ပြာ ဟာ အရင်ကတည်းက အဲဒီခြံကြီး ထဲမှာ ပျော်ရွှင်ခဲ့ သလို နောက် ၅နှစ်ကြာ ရင်လဲ ဒီခြံ ထဲမှာ ပဲ ရှိနေမှာပါ၊

တချို့ မောင်နှမတွေ ရေးသလို နောက် ၅နှစ်မှာ အင်တာနက် ဆိုင်လေးတွေ ၊ စာအုပ်ဆိုင်လေးတွေ၊ စားသောက်ဆိုင်လေးတွေ၊ အင်္ကျီချုပ်ဆိုင်လေးတွေ ဖွင့်ဖို့ အစီအစဉ် မရှိပဲ၊ သစ်ပင်တွေ ကြားထဲမှာပဲ ကောင်းကင်ပြာ ရှိနေချင်ပါတယ်၊ ရွာငံ ဆိုတဲ့ မြို့လေး အကြောင်းကိုတော့ ရွာငံအလွမ်း ဆိုပြီး ရေးခဲ့ ဘူးပါတယ်၊ ပင်လယ်ရေမျက်နှာပြင် အထက် ပေ ၄၀၀၀ကျော် အမြင့်မှာ ရှိတဲ့ ဒီမြို့လေးဟာ ရှုခင်းလေးတွေ သိပ်လှ သိပ်သာယာတယ်၊ အရမ်းလဲ အေးတယ်၊ ကိုယ့်ရဲ့ ခြံလေးဟာ ရွာငံ ရဲ့ မန္တလေး ဘက်အထွက် ရွှေပွင့်လင်း ဆိုတဲ့ ရှေးဟာင်း ဆုတောင်းပြည့် ဘုရား အောက်ခြေမှာပါ၊ သွားရ လာရတာလဲ မခက်ခဲပါဘူး၊ အစိုးရ ကော်ဖီခြံတွေနဲ့ မျက်နှာချင်းဆိုင်မှာ ရှိပြီး နဘန်းကြီး ရွာသို့ ဆိုင်းဘုတ်လေးကို မြင်လိုက်ရင် ကိုယ့်ခြံကို ရောက်ပါပြီ၊

ခြံထဲမှာ ခုဆို အိမ်လေး ၂လုံးဆောက်ထားတယ်၊ ကားဝင်ထွက်ဖို့ အ၀င်တလမ်း အထွက်တလမ်း ရှိတယ်၊ အိမ်နောက်ဖက်ကို မျှော်ကြည့်လိုက်ရင် ဟိုးထိပ် တောင်ကုန်းပေါ်ထိ ကော်ဖီ ပင်တွေ ပြည့်နေတယ်၊ အိမ်ရှေ့ နဲ့ ဘေးပတ်လည်မှာ လက်ဖက်ပင်တွေ နဲ့ပေါ့၊ အိမ်ရှေ့ မျက်စောင်းထိုးလောက်မှာ ကော်ဖီ ပျိုးပင်တွေ ပျိုးထားတဲ့ နေရာကို နေရောင်ခြည် တိုက်ရိုက်မကျအောင်လဲ ဂေါ်ရခါးစင်ကြီးက မိုးထားသေးတယ်၊ အိမ်ဘေး ပတ်လည်မှာတော့ ကိုယ့် အမေရဲ့ အကြိုက် သောကလေးတွေ ကင်းဝေးအောင် သော်ကပန်းပင်လေးတွေ နဲ့ သစ်ခွပန်း ရောင်စုံ စိုက်ထားမယ်၊ နိုဝင်ဘာ ၊ ဒီဇင်ဘာရောက်ရင်လဲ ချယ်ရီပင်တွေက ဖူးပွင့်လာမဲ့ ချယ်ရီပန်းတွေရဲ့ အလှကို ခံစားရင်း ဖတ်ချင်တဲ့ စာအုပ်လေး တအုပ်နဲ့ အပင်အောက် သွားနေမယ်၊

မနက်မိုးလင်း ထွက်ပေါ်လာတဲ့ နေရောင်ခြည်လေးကို ခံစားရင်း ရွှေပွင့်လင်း ဘုရားကို ခေါင်းလေး မော့ဖူးလိုက်ရရင် တနေ့တာလုံး နေလို့အဆင်ပြေမှာပဲ၊ ကော်ဖီထွက်ချိန်ရောက်လို့ ကော်ဖီစေ့ လာကောက်သူတွေ၊ လက်ဖက်ခူးချိန်ရောက်လို့ လက်ဖက်ခူး လာသူတွေနဲ့ ဒီခြံလေးဟာ ဘယ်လောက် နေပျော်မလဲ၊ အိမ်လေးထဲမှာလဲ ကိုယ့်အဖေရဲ့ စိတ်တိုင်းကျ ဆောက်ထားတဲ့ ဘုရားခန်း၊ ဧည့်ခန်း၊ အိမ်သာ ရေချိုးခန်းတွဲရက်လေး ၂ခန်းရယ်၊ မီးဖိုချောင်သပ်သပ်၊ ထမင်းစားခန်းလေး သပ်သပ်ရယ်၊ နွေ၊ မိုး၊ ဆောင်း သုံးရာသီ လုံး အတွက် မီးသွေးမီးဖိုလေးရယ်၊ အင်း နောက်ထပ် အဓိက လိုမှာကတော့ အနွေးထည်ရယ် ၊ စောင်ထူထူ တွေရယ်ပါပဲ၊ အအေးကြိုက်တဲ့ ကိုယ်ကိုယ်တိုင်တောင် အနွေးထည် ၂ထပ် ၃ထပ် နဲ့ နေ့ရော ညရော ၀တ်ရတာ၊ မနက်မိုးလင်း စောင်ပုံကြီးထဲကနေ မထနိုင်ပဲ ကွေးနေတာတွေ ခုရေးနေရင်း တွေးလိုက်တာ ခြံထဲ ရောက်နေသလို ခံစားရတယ်၊

ဘလော့မောင်နှမတွေ ရော ကိုယ်နဲ့ တူတူ လာမနေချင်ဘူးလား၊ ခုလောလောဆယ် အိမ်လေး ၂လုံးထဲ ရှိနေပေမဲ့ မောင်နှမတွေ လာနေမယ် ဆို ထပ်ဆောက်ပေးဖို့ မြေနေရာတွေ အများကြီး ကျန်ပါသေးတယ်၊ အစားအသောက်အတွက်လဲ ပူစရာ မလို၊ ငါး ရက်တဈေး ဆိုပေမဲ့ ရွာတွေထဲမှာ ၀က်သားစားချင် ၀က်သား၊ ကြက်သားစားချင် ကြက်သား၊ အဆင်သင့် ရတယ်၊ အသီးအရွက်ပဲ ကြိုက်တဲ့ သူတွေ အတွက်တော့ အတိုင်းထက် အလွန်ပေါ့၊ အိမ်ရှေ့မှာ စိုက်ထားတဲ့ ဂေါ်ရခါးစင်ကြီးပေါ်က ဂေါ်ရခါးသီး ကြော်စားလဲ ရသလို၊ ဂေါ်ရခါးညွန့် လပ်လပ်ဆတ်ဆတ် လေးတွေ၊ မှို ပေါ်ချိန်မှာ ခြံထဲမှာပဲ ရှိနေတဲ့ မှိုကျင်းတွေ၊ ကန်ဇွန်းဥ ချိုချိုလေးတွေ တူးစားချင်လဲ လွယ်ကူ၊ ဘာလိုသေးလဲ..လိမ္မော်သီး ကြိုက်သူတွေကို လိမ္မော်ခြံထဲမှာ သပ်သပ် ထားပေးနိုင်ပါတယ်၊

တခု ရှိတာကတော့ ခုထိ အင်တာနက်လိုင်း မရသေးတာပါပဲ၊ မြို့လေးကို ဖြတ်ပြီး ဟဲဟိုး၊ တောင်ကြီး အကုန် ရနေပေမဲ့ ဒီ ရွာငံ မြို့လေးကျတော့ အိုင်ပီစတားဖုန်းလိုင်းကလွဲလို့ မရသေးဘူး၊ နောက် ၅နှစ်ဆိုရင်တော့ ရနိုင်ကောင်းပါရဲ့..း)အားလုံး လာနေပါလို့ ဖိတ်ခေါ်ပါရစေ...

မမ၀ါရဲ့ နောက် ၅နှစ်ကြာရင် ဘာလုပ်မလဲ ဆိုတဲ့ တဂ်ပို့စ်လေးပါ၊ ကောင်းကင်ပြာ ဟာ နောက် ၅နှစ်ကြာလို့ ဒီ စင်ကာပူ မှာ မရှိရင် ရှမ်းပြည်နယ် တောင်ပိုင်း ရွာငံ ဆိုတဲ့ မြို့ငယ်လေးမှာ ကော်ဖီပင်တွေ ၊လက်ဖက်ပင်တွေ ၊လိမ္မော်ပင်တွေ ကြားမှာ အဖေ အမေ အချစ်ဆုံး နဲ့ အတူတကွ ရှိနေပါမယ်လို့.....

တဂ်ခေါင်းစဉ် နံပါတ် ၂၊ စိတ်ကူးထဲက အိမ်ထောင်ဖက် အတွက်ကတော့ ကောင်းကင်ပြာ မှာ စိတ်ကူးယဉ် ထားတာ မရှိတဲ့ အတွက် မမ၀ါ ခွင့်လွှတ်မယ်လို့ ထင်ပါတယ်။

39 comments:

ဖိုးစိန် January 7, 2010 3:50 AM  

ခြံစိုက်စားမယ် မေပြာရေ....


မေပြာက သားတို့ အတွက် ထည့်စဉ်းစားပေးလို့ ဝမ်းသားလွန်းလွန်းလို့....

စိတ်ကူးနဲ့ စဉ်းစားကြည့်လိုက်ပါ...


ဦးသစ် ဖိုးသင်္ကြန် ဗီလိန် တောင်ပေါ် ရေတမာ ငချမ်းကောင် မျိုးထက်ဇော် တလနွန် ဖိုးပိုင် တို့လို က ကော်ဖီ ပင်တွေ အောက်မှာ ဖဲဝိုင်းထောင်မယ်...

အနားမှာ သံလွင် အဆိပ် တို့က ဘေးထိုးမယ်။။။

ဆောင်းချမ်းမိုး ကိုဂျေး ကိုဇက်တီ ကိုလူပျိုကြီး ဏီကင်းတို့က မလှမ်းမကမ်းကနေ ဂစ်တာတစ်လက်နဲ့ သီချင်းဆိုနေတဲ့အချိန်မှာ....


မေလေးက ဟင်းတွေ ထမင်းတွေကို ချွေးတလုံးလုံးနဲ့ နင်တို့တွေ ဘာဖြစ်တယ် ညာဖြစ်တယ်နဲ့ အော်ရင်းငေါက်ရင်း ချက်နေမယ်..

အော်မေ့ဂိုဏ်းက ဂိုဏ်းချုပ် မြက သူ့ တပည့်တွေဖြစ်တဲ့ မိုးခါး မေသူ နဲ့ အလှတွေ ပြင်ပေးနေချိန်မှာ....

နောင့်နဲ့ သဲသဲက မုန့်တွေ လုစားပြီး ရန်ဖြစ်နေမယ်..

ဖိုးစိန်နဲ့ မက်မက်က ဂေါ်ရခါးစင်ကြီးအောက်မှာ ချစ်စကားတွေ ပြောနေမယ်..


ဦးရှင်ကြီး စည်သူ တို့ လိုအရက်ကြိုက်သူတွေ က ဘလက်လေဘယ်တစ်လုံးနဲ့ ချယ်ရီပင်အောက် အရက်သောက်နေချိန်မှာ...

မေပြာရယ်. မရောင်ရယ်... မိုးကုတ်သားရယ်... ကိုရွာသားရယ်က လက်ဖက်သုပ်လေးစားပြီး မကြီးဝါတို့ ဇနီးမောင်နှံ နဲ့ သမီးလေး အလာကို မျှော်ရင်းသားတို့ကို ကြည့်ရင်းတ ပြုံးပြုံးဖြစ်နေမှာပါ...

အဲဒီအချိန် မေပြာ့ ချစ်တဲ့သူလဲ မေပြာ့ အနားမှာဆိုတော့

မေပြာ ပြီးပြည့်စုံနေပါပီးးးးး



မေပြာသာ ဖိုးစိန် လိုက်နောက်နေရင် ခေါင်းကိုဘယ်ယိမ်းရမလို ညာယိမ်းရမလို မဖြစ်စေနဲ့ပေါ့လေ....း))))


စိတ်ကူးတွေ အမြန်ဆုံးလက်တွေ့ကြပြီး မေပြာပျော်ရွင်ပါစေ...

ချစ်ခင်လေးစားစွာဖြင့်

ဖိုးစိန်

ဖိုးစိန် January 7, 2010 3:52 AM  

သေချာတယ်... နေခြည်က သူမပါလို့ စိတ်ဆိုးတော့မယ်.. ဘယ်ပါမလဲ... သူ က ဒေါင့်လေးမှာထိုင်နေတော့ ဘယ်သူမှ မမြင်လိုက်ဖူးလေ... ဒေါင့်လေးတစ်ခုမှာထိုင်ပြီး မျက်လှည့်ပြဖို့ စဉ်းစားနေမှာပေါ့

reenoemann January 7, 2010 6:57 AM  

ရွာငံ ဆိုတာာကို အမေပြောကတည်းက သွားလည်ချင်နေတာ။ မထင်မှတ်ပဲ ရွာငံသူနဲ့မှ ခင်ခွင့်ရလိုက်တယ်။
အသိအိမ်လိုက်ရှာစရာမလိုတော့ဘူး
မမပြာတို့ အိမ်မှာပဲ သွားနေလိုက်မယ်။
ဖိုးချစ်ပြောတဲ့ အထဲမှာမပါတော့လည်း ကိုယ်ဟာကိုယ် သပ်သပ် လာလည်မယ် မမရယ်။
နေပလေစေ။ အမေကပြောတယ်။ ရွာငံက အရမ်းနေချင်
စရာကောင်းတဲ့နေရာတဲ့။ နေတဲ့ လူတွေကလည်း
အရမ်းခင်ဖို့ကောင်းတယ်တဲ့။ မမပြာကို ကြည့်ချင်အားဖြင့် ၅၀ရာခိုင်းနှုန်းတော့ လက်ခ့လိုက်ပြီ။
ကျန်တာကိုတော့ ရွာရောက်မှ အတည်ပြုမယ်။
၁၀၀ရာခိုင်နှုန်း လက်ခံလိုက်ရင်း ရွာငံကို မလာရမှာ ကြောက်လို့ပါ။ ဟဲဟဲ

ဖိုးစိန် January 7, 2010 7:10 AM  

ဟုတ်ဖူး... ကိုယ်ရေးတာ ဘယ်လိုကျန်သွားလဲမသိတာ...

သယ်ရင်းရီနိုက သူ့ အကျင့် အတိုင်း ရှိနေတဲ့လူ အားလုံး စားဖို့လောက်ပါ့မလား.... စိတ်တွေပူလို့  ဟိုပြေးလိုက်... ဒီပြေးလိုက်.... ဖုန်းတစ်လုံးနဲ့ အလုပ်ကို ရှုတ်လို့ ...

(တွေ့ပုကျိ)

ခြေလှမ်းသစ် January 7, 2010 8:03 AM  

ကောင်းလိုက်တဲ့ အတွေးအခေါ်ပဲဗျ ... ဘသာဝ စိန်းလမ်း ခြင်းကို အထောက်အကူ ဖြစ်စေပါတယ်ဗျာ

ကိုရင်နော်ခင်လေးငယ် January 7, 2010 8:07 AM  

ကောင်းတယ်..
အတော် စိတ်ချမ်းမြေ့စရာလေးပါပဲ..

ဂျပန်ကောင်လေး January 7, 2010 8:13 AM  

လာနေမယ်.. တစ်ခုတော့ပြောမယ်.. ကွမ်းတော့ နေ့တိုင်းဝယ်မကျွေးဘူး.. ဟင်း

ရေတမာ January 7, 2010 8:24 AM  

အာလားးမားးး သာဗိုလေးသာဟန့်လားးးးး ဘရာဗို ဘရာဗို တကယ်လေးစားတယ်ဗျို့....... အိမ်ထောင်ရက်သားကျရင်တာ့ ဒီမောင်နှမတွေ ခေါ်ချင်မှာ မဟုတ်ပါဘူးးးးးP

နှင်းဆီပန်းချစ်တဲ့ ကောင်မလေး January 7, 2010 9:13 AM  

အပေါ်မှာ ကြည်ကြည်နူးနူးဖတ်လာသမျှ
အောက်လဲရောက်ရော .......
တူ့ကချစ်စကားပေါလို့
အလှပြင်တဲ့သူနဲ့
လက်ဖက်စားတဲ့သူနဲ့
နာ့ကျ ချွေးတစ်လုံးလုံးနဲ့ချက်တုန်းပြုတ်တုန်းးးးး
း(((((

ဒီမယ် ဒီမယ်
ဟင်းချက်တဲ့အချိန်လာကြည့်စမ်းးဘာာာာာာာ
ဘာမှချွေးတစ်လုံးလုံးမဟုတ်ဘူးးးးး
ပန်ကာဖွင့်ထားဒယ်
ပူမှာစိုးလို့ သနပ်ခါးအဖွေးသားနဲ့လှလို့ပလို့
ဟွမ်းးးးး
စနေနေ့လာရဲလာကြည့်
ဂဏန်းဟင်းတော့မစားရဘူးးး
ဂဏာန်းလက်မနဲ့ပြတ်သွားအောင်
ညှပ်ပလိုက်မယ်
ဘာမှတ်လဲ
ဟွမ်းးးးးးးးး
:D

မေဇင် January 7, 2010 9:27 AM  

အရမ်း..စိတ်ချမ်းသာစရာ ကောင်းတာပါပဲ...မမပြာ ရယ်...တကယ်ပါ..နောင့် စိတ်ကူးလေးတွေ နဲ့ ထပ်တူနီးပါး ကျတယ်..။ နောင့် လဲ ဒီမှာ ကြာကြီး မနေဘူး..နောင့် ရွာ က ကွမ်းသီးတောလေးထဲကိုပဲ ပြန်မှာ...။ မမပြာပြာ ရေးတာကို ဖတ်..ကိုဖိုးစိန် မန့်တာကို စိတ်ကူးယဉ်ပြီး... ဒီနေ့ မနက်...တော်တော် စိတ်ချမ်းမြေ့သွားတယ်....း))

မမပြာ ရေ..အေးချမ်းတဲ့ ဘ၀ လေး အဆင်သင့်ရှိတဲ့ မမပြာ ကို အားကျတယ်..။

မိုးခါး January 7, 2010 9:29 AM  

ညီမလည်း အဲလိုအေးအေးချမ်းချမ်းနေရာလေးမှာ နေချင်တယ်
လာနေမယ်း))
ညီမစိတ်ကူးထဲမှာလည်း အဲလိုအေးချမ်းတဲ့ ခြံလေး ပါတယ်
တခုပဲ
ညီမက တီကောင်က အစ အကောင်ဗလောင် အစုံကို ကြောက်တား( :D

ဇွန်မိုးစက် January 7, 2010 9:42 AM  

အစ်မပြာရေးတာလေးဖတ်ပြီး စိတ်ချမ်းသာလိုက်တာ။ ရှမ်းပြည်ရောက်ရင် အစ်မတို့ခြံကို လည်လည်လာမယ်နော်။း)

သံလွင် HeRo January 7, 2010 9:48 AM  

မပြာ....
ကွမ်းရွက်ပင်ကတစ်တန်း
ကွမ်းသီးပင်က ၁၀ပင်လောက်စိုက်လိုက်အုံးလေ
အဲဒါမှ အပင်အောက်အားရပါးရ
ထိုင်ပြီး မပြာတစ်ယောက်
ပအုံ့မတွေလို ခေါင်းပေါင်းကြီးနဲ့ ကွမ်းသီးထောင်း
တဲ့ ပြောင်းကြီးကိုထောင်း၊ တမြုံ့မြုံ့ဇိမ်နဲ့ အရသာ
ရှိစွာ ဆွေးနိုင်ပြီပေါ့ဗျာ....
ကော်ဖီသောက်တိုင်းလဲလွမ်းလို့ကောင်းပြီ။း)

ဦးစိန်ပြောသလို တစ်ချိန်တစ်ခါရောက်ခဲ့ရင်
တော့ ဘေးထိုးလို့ရတဲ့ပိုက်ပိုက်နဲ့ ငါးရက်တစ်ဈေးမှာ မုန့်မုန့်ဝယ်စားပစ်မယ်ဗျာ

တောင်ပေါ်သား January 7, 2010 10:15 AM  

လွမ်းသွားတယ် နောင်တချိန် လာဖြစ်အောင် လာမယ် လာမှ အော်မပြေးနဲ့ မသိချင် ဟန်မဆောင်နဲ့း)


လေးစားလျက်
တောင်ပေါ်သား

Lu Pyo Gyi January 7, 2010 10:57 AM  

ပြန်ဗျာ မဟုတ်လည်း ဓနုမကြီးလို့ ပြောရင်လည်း အဲဒီ့ကလူတွေ ယုံကြပါတယ်ဗျ။ ကွမ်းတစ်မြုံ့မြုံ့နဲ့ ဓနုမကြီးပေါ့ဗျာ မပူနဲ့ အဖော်ရှိတယ် အားလုံးကွမ်းစားတယ် စီးတီးဟောသွားစရာမလိုအောင် ခြံအပြင်မှာလည်း ကွမ်းယာဆိုင်ပါ ဖွင့်လိုက်ဗျာ လုပ်မယ့်လူမရှိ ဆောင်းချမ်းမိုး ကွမ်းရောင်းခိုင်းပေါ့။

မေကဆုန် January 7, 2010 12:25 PM  

မမပြာရေ
မမစိတ်ကူးလေး ကောင်းလိုက်တာ.. လက်တွေ့ အကောင်အထည်ဖော်နီုင်ပါစေနော်.. မေကဆုန်တို့၂ယောက်ရဲ့ စိတ်ကူးလေးနဲ့ တူတယ်.. လွန်ခဲ့တာ ၅နှစ်လောက်က မေကဆုန်ဦးလေက စခန်းမှူးအနေနဲ့ ၃နှစ်လောက်နေသွားတယ် မမ.. နေရတာ အရမ်းစိတ်ချမ်းသာတာပဲလို့ ပြောတယ်.. လာလည်ချင်တယ်.. မမ =)

ကိုမျိုး (အညာမြေ) January 7, 2010 12:57 PM  

မင်္ဂလာပါ ကောင်းကင်ပြာ..

ကောင်းကင်ပြာပြာကြီးအောက်မှာ အအေးဓာတ်ကလေးနဲ့ ရွာငံ ဆိုတဲ့ မြို့ကလေးရဲ့ ကော်ဖီခြံတစ်ခြံရဲ့ ဂေါ်ရခါးစင်အောက်မှာ ကော်ဖီခါးခါး တစ်ခွက်တော့ သောက်ချင်ပါရဲ့။

ခင်မင်စွာဖြင့်
ကိုမျိုး

WWKM January 7, 2010 3:07 PM  

ညီမလေးရဲ့ စိတ်ကူးလေးတွေ အရမ်းကောင်းတာပဲ..
စိတ်ချမ်းသာစရာ ကောင်းတယ်.
မမလည်း အသက်ကြီးရင်(အခုက ငယ်သေးတာကို..အဟဲ) အဲလို ကိုယ်ပိုင်ခြံဝင်း
အကျယ်ကြီးမှာ အသီးအနှံပင်တွေစိုက်ပြီး
မိသားစု မောင်နှမတွေအားလုံး တစ်စုတည်းနေချင်တဲ့ စိတ်ကူးလေးရှိတယ်လေ။

မမရှမ်းပြည်ရောက်ရင် ရွာငံကိုအလည်လာမယ်
နော်..း)
ဒါနဲ့ ရွာငံဆိုလို့ မဘိမ်းနဲ့နီးလား ညီမလေး။
သတ်သတ်စီလားတော့ မသိဘူး။မမ ပြည်ကောလိပ်တုန်းက ဇာတ်လိုက်ကျော်ကြီးက မဘိမ်းမြို့ကလေ.
ဟဲဟဲ..၀င်ဖောတာ ကြုံလို့..း)

စောစောက တခါမန့်ပြီးပြီ အရှည်ကြီး တင်လိုက်တာ ပျောက်သွားတာနဲ့ ထပ်မန့်ရတာလေ..

ရေးပေးတာကျေးဇူးပါ ညီမငယ်..
နံပါတ် ၂က ရေးပေးဘူးပေါ့.. သဘောပါလေ.
ကလေးတွေ စိတ်ချမ်းသာရင်ပြီးတာပါပဲ။
း))

ချစ်တဲ့

မမ၀ါ

ကြည်ဖြူပိုင် January 7, 2010 5:01 PM  

မမပြာ...အနော်လဲလာနေမယ်နော်
နွေသုံးလလုံးမမပြာဆီလာနေမယ်
အဲဒီရှမ်းပြည်ဖက်ဟာ
အနော်နေချင်ဆုံးပြည်နယ်တစ်ခုပဲ
ဒါပေမယ့်မြေဈေးတွေကြီးတယ်ဆိုလို့မှန်းရဲဘူး
ခုလိုမမပြာလူခံရှိတော့အိုခေပဲ...အိမ်ဝယ်စရာလိုတော့ဘူး
ပျော်ချာကြီး

phoechan January 7, 2010 8:28 PM  

ပလန်တွေချနေလိုက်ကြတာ။ ဒို့များတော့လည်း နောက်တစ်ပတ်လောက်ထိတောင် ကြိုမတွေးဖြစ်ဘူး။ တွေးမိရင် စိတ်ကုန်လို့။ လောကကြီးကို။ ဒီနေ့ထိ ဖြစ်ချင်တာတွေကတခြား ဖြစ်နေတာတွေကတခြားနဲ့။ စိတ်ညစ်တယ် လိပ်ဖြစ်တာ အခွံထူလို့။

phoechan January 7, 2010 8:28 PM  

ပလန်တွေချနေလိုက်ကြတာ။ ဒို့များတော့လည်း နောက်တစ်ပတ်လောက်ထိတောင် ကြိုမတွေးဖြစ်ဘူး။ တွေးမိရင် စိတ်ကုန်လို့။ လောကကြီးကို။ ဒီနေ့ထိ ဖြစ်ချင်တာတွေကတခြား ဖြစ်နေတာတွေကတခြားနဲ့။ စိတ်ညစ်တယ် လိပ်ဖြစ်တာ အခွံထူလို့။

ဆောင်းနှင်းရွက် January 8, 2010 12:59 AM  

မမပြာ ...

မမပြာ ရဲ့ နောင် ၅ နှစ် အစီအစဉ်ထဲမှာ

ကိုဖိုးစိန် ပြောသလို
အဲ့လို သာ ဆိုရင်
မမပြာ ရဲ့ ခြံ လည်း
စောက်ထိုး မိုးမျှော် ဖြစ်သွားလောက်တယ် ...

အင်တာနက် မရှိလည်း ရပါတယ် ..
အဲ့လို အချင်းချင်း အမြဲ တွေ့နေရရင်
နတ် တွေ ၊ သကြား တွေ လိုတော့ဘူးလေ ..
မျက်လုံး တောင် အညောင်းသက်သာသေး ...

ဘာပဲ ဖြစ်ဖြစ်
အဲ့လို ခြံလို မျိုးလေးကို
တကယ်
ရောက်ဖူးချင်တယ် ...
တော်တော် အေးချမ်းမယ်နော် ... :)
အခွင့်သာရင် လာလည် ချင်ပါတယ် ..

သီဟသစ် January 8, 2010 1:07 AM  

အင်း မမပြာကို နောင် ၅ နှစ် ဒီမှာလည်း ရှိစေချင်တယ်
ဟိုမှာရှိနေလည်းကောင်းတာပဲ

ရာသီဥတုအေးအေးမှာ မနက်ကော်ဖီသောက်၊ ညနေ ၀ိုင်လေးသောက် သင်္ချာလေးတွက်လိုက်နဲ့ ဂွတ်လိုက်တာ စိတ်ကူးယဉ်ပလိုက်ပြီ

နှင်းဆီဖြူလေးကတော့ ညီအစ်မ ဘလော့ဂါတွေရှိလို့ ပျင်းမှာ မပူရဘူး။

သားလေး အဖော်ရအောင်က ကျန်တဲ့သူတွေ မင်္ဂလာမြန်မြန်ဆောင်ကြပါ
:)

ခင်မင်စွာဖြင့်
သီဟသစ်

မြတ်မွန် January 8, 2010 2:43 AM  

မမပြာပြာရေ..သာယာကြည်းနူးဖွယ် ကောင်းလိုက်တာ..လာလည်ချင်ပါတယ် မမပြာ..။
ချစ်ခင်လေးစားလျှက်။:D

Mogok Thar January 8, 2010 8:22 AM  

ပြာဂျီးရေ....

ကျနော်လဲ မြို့ကလေးမှာ ခြံစိုက်စားဖို့ စိတ်ကူးရှိတာ စိတ်ကူးခြင်းတော့ တူနေဘီ။ တို့နှစ်ယောက် ပေါင်းလို့ ရပြီ
(စီးပွားဖက် မောင်နှမအဖြစ်ပြောတာနော်။ အထင်တွေ လွဲကုန်ကြအုံးမယ်။ :-P )
ကော်ဖီကြိုက်တဲ့ ကျွန်တော်က ကော်ဖီခြံလေး တစ်ခြံတော့ ရှိချင်သား။
ပြာဂျီးလိုတော့ ပိုင်ပြီးသား ခြံကျယ်ကြီး မရှိဘူး။
အပင်တွေ စိုက်ရတာ ၀ါသနာ ပါလွန်းလို့ မြို့ကလေးက အိမ်မှာ ရှိတဲ့ မြေကွက်လက် ကျဉ်းကျဉ်းလေးတွေမှာ ရအောင်ကို အပင်တွေ စိုက်လာတာ။
ခြံကျယ်ကြီး ပိုင်ဖို့တော့ ကြိုးစားရအုံးမယ်ဗျာ။


ပြာဂျီး စိတ်ကူးထားသလို ဖြစ်လာတဲ့နေ့ ဘလော့ဂါ မောင်နှမတွေ အားလုံးးး အပန်းဖြေအနားယူစရာ ဗိမာန်လေးတစ်ခု တိုးလာမှာပဲဗျာ။

အေးချမ်းသာယာတဲ့ ဘ၀တေလးတွေ... အားလုံး ပိုင်ဆိုင်နိုင်ကြပါစေ။

ချစ်ခင်လျက်
မိုးကုတ်သား

့hnin January 8, 2010 2:33 PM  

မမပြာပြာရေ....
ညလေးကိုလဲ ခေါ်ပါနော် ... တစ်ဂယ်ကို စိတ်ဝင်စားပါတယ် ... ဘ၀ဟာ ချမ်းသာခြင်းတွေနဲ့ အတူ ပြီးပြည့်စုံနေမှာ သေချာတယ် ... အားကျပါတယ် မမရေ .... နှင်းအတွက် ဂေါ်ရခါးသီးလေးတွေ ချန်ထားပေးပါဦးနော် ...းD
ခင်မင်စွာဖြင့်
နှင်းဟေမာ

ညရဲ့ကောင်းကင် January 8, 2010 8:00 PM  

မမကောင်းကင်ပြာပြာရေ...
စိတ်ကူးလေးမိုက်တယ်...
အစ်မက အပျိုကြီးလုပ်မှာလည်း မဟုတ်ဘူး...း)
တော်ကြာ မောင်နှမတွေ လာနေမှ...
အားနာပါးနာနဲ့ တူနှစ်ကိုယ်တိုင်းပြည်လေး မထူထောင်ရပဲ နေအုန်းမယ်... ဟဲဟဲ..း)

neking January 9, 2010 9:13 AM  

တကယ်ကိုလာလည်ချင်တာပါ.ကျွန်တော်ကအအေးကြိုက်တယ်
ရှမ်းတောင်တန်းလိုတောင်တန်းဒေသတွေရဲ့ရာသီဥတုကိုကြိုက်တယ်..
ကော်ဖီကြိုက်တယ်...လက်ဖက်ကြိုက်တယ်.....လိမ္မော်သီးကြိုက်တယ်... အကိုက်ပဲ.....လာလည်မယ်နော်အမ....
ဘော်ဘော်တွေအားလုံးကိုပါခေါ်လာမယ်...
အရမ်းကောင်းတဲ့စိတ်ကူးလေးပါ...
လိုအင်ဆန္ဒတွေတလုံးတ၀ပြည့်စုံပါစေဗျာ

flyboy January 10, 2010 10:57 AM  

I also want to stay there as well. So build for me one more house. i also have wide garden, tow houses and nice enviroment like ur. would like to invite u to come but only can access via internet cos on facebook.ha.haa.

ဆောင်းချမ်းမိုး January 11, 2010 8:42 AM  

ခြံလေးနဲ့ ကော်ဖီပင်တွေနဲ့ အဲဒီမှာတော့ အေးအေးဆေးဆေး စာရေးချင်တယ်။ ဒါပေမယ့် အေးလွန်းတော့ ကြောက်တယ်ဗျ။ တစ်ယောက်သောသူနဲ့ ခရီးရက်ရှည် အလည်တစ်ခေါက်တော့ လာခဲ့ပါဦးမယ်ဗျာ..။

မြစ်ကျိုးအင်း January 11, 2010 10:38 PM  

ဖတ်ရတာ မျက်လုံးထဲ မြင်ယောင်ပါတယ်ဗျာ
ကြည်နူးစရာပါပဲ

ကျနော်လည်း ကော်ဖီခြံ စိုက်ချင်တာ

noblemoe January 13, 2010 4:18 PM  

အမရေ အမရဲ့ အိမ်လေးကနေချင်စရာလေးပဲနော်။
တကယ်ကိုအေးချမ်းပါတယ်။မိုး ကတော့ အပင်ဆိုရင်
ပန်ပင်လေးတွေကိုပိုကြိုက်တယ်။နောက်သစ်သီးပင်လေး
တွေကောပေါ့ ဒါကြောင့် မိုးလာလည်ရင်တော့ အဲဒီအပင်
လေးတွေစိုက်ပေးခဲ့မယ်နော်။
အမဘ၀လေးကသာယာချမ်းမြေ့ ပြီးဘာသာရေးကို
လည်းဆေးလုပ်လို့ ရတဲ့ နေရာလေးပါပဲ။
အမသာယာချမ်းမြေ့ ပါစေ။
Noble Moe

lovelessguiter January 14, 2010 1:25 PM  

မှတ်ထားလိုက်ပြီ အစ်မရေ... နောက် ၅ နှစ်နော်... လိပ်စာသာ အတိအကျပြောထား...
ကိုဖိုးစိန်ပြောသွားသလိုဆိုရင်တော့ ပျော်စရာကြီးနေမှာပဲနော်... စိတ်ကူးယဉ်မိတယ်... အဟ

နေ့အိပ်မက် January 14, 2010 9:06 PM  

လက်ဖက်ပင်တော့ စိတ်ဝင်စားတယ် :P

Mr.Guiter January 15, 2010 12:43 PM  

အဲ့ဒိခြံထဲမှာ လာနေချင်တယ်။ မိန်းမရရင်ရော ခေါ်လာလို့ရလား :D

ကိုလူထွေး January 16, 2010 9:01 PM  

ခြံစိုက်စားမှာမို့လို့ အခုကတည်းက လယ်စိုက် ကျင့်နေတာကိုး...

လာလည်ရင် ရေနွေးကြမ်းနဲ့ ထန်းလျက်ခဲ ကျွေးမှာလား...

းဝ)

အပြုံးပန်း January 20, 2010 10:21 PM  

အခုတောင်သွားနေချင်တာ၊
ဘယ်လောက် အေးချမ်းလိုက်မလဲ၊

desertraindrops January 22, 2010 7:23 PM  

ဒါပဲနော်.. ရွာငံနဲ့မြိုင် နီးနီးလေး လာလည်မယ်။ မငုံလဲ နောက်ဆို ခြံပဲ စိုက်စားတော့မယ်။

MieMie January 26, 2010 8:01 AM  

ညီမပြာပြာရေ.. အမတော့ အခုမှ လာဖတ်ဖြစ်တယ်
တို့ အတွက်လည်း အိမ်လေးတလုံးစာ နေရာလေး ချန်ထားပေးပါဦး နော် ... အဲလို မျိုးလေး နေချင်လို့ ...
နောက်ပြီး တို့ က ဂေါ်ရခါးသီး တအားကြိုက်တယ် ...
မမေ့ နဲ့နော် ညီမ ...

mie nge