ကဗျာ တပုဒ် ရေးချင်တယ်...

နင့် ဘ၀ အကြောင်း
ငါ့ ဘ၀ အကြောင်း
ကဗျာ တပုဒ် ရေးဖွဲ့ချင်ရဲ့

နင့်ရင်ထဲက အကြောင်း
ငါ့ရင်ထဲက အကြောင်း
ကဗျာ တပုဒ် ရေးဖွဲ့ချင်ရဲ့

နင့်စိတ် အကြောင်း
ငါ့စိတ် အကြောင်း
ကဗျာတပုဒ် ရေးဖွဲ့ချင်ရဲ့

နင့်အလုပ် အကြောင်း
ငါ့ အလုပ် အကြောင်း
ကဗျာတပုဒ် ရေးဖွဲ့ချင်ရဲ့

ကဗျာမဖြစ် စာတွေပဲဖြစ်
ဒီစာတွေကို ကဗျာဖြစ်အောင် ရေးဖွဲ့ချင်ရဲ့

ဒီ တညရဲ့ စာတွေထဲ
ငါ ကိုယ်တိုင် ကဗျာ ဖြစ်သွားခဲ့ရတယ်...

17 comments:

ဖိုးစိန် January 15, 2010 8:18 AM  

ကဗျာ မဖြစ် စာ မဖြစ်တွေက ခံစားချက်စစ်စစ်တွေပါ

ခံစားချက်တွေ များလွန်းတဲ့အ ခါတော့

ကဗျာကို လှအောင် မဖွဲ့နိုင်ဘူး..

ခံစားချက်တွေက ဘီယာပုလင်းကို လှုပ်ပြီး ဖွင့်လိုက်သလို ပါပဲ....

ထွက်ကျလာတာက ကဗျာတွေ စာတွေ မဟုတ်နိုင်ဘူးပေါ့လေ...


ချစ်ခင်လေးစားစွာဖြင့်

ဖိုးစိန်

neking January 15, 2010 9:29 AM  

စာတွေမလှပေမယ့်..အမှန်တကယ်ခံစားချက်တွေဆိုတာ
ဖတ်လိုက်ရုံနဲ့နားလည်ပါတယ်အမရေ....

မြတ်မွန် January 15, 2010 11:31 AM  

ခံစားချက်နဲ့ ရေးတဲ့စာတိုင်းဟာ ရသမြောက်ပါတယ် မမပြာ...။
ချစ်ခင်လေးစားစွာဖြင့်။

ဗညားရှိန် January 15, 2010 11:40 AM  

မမပြာ ဘ၀အကြောင်း
ကျွန်တော် ဘ၀အကြောင်း
ကဗျာတပုဒ် ရေးဖွဲ့ချင်ရဲ့

ဟိဟိ

ကဗျာမဖြစ် စာမဖြစ်
ဟာသတွေ ဖြစ်တာတွေလည်း
ကဗျာမဟုတ်သလို ရေးဖွဲ့ချင်ရဲ့

ဒီတညရဲ့ စာတွေထဲ
ငါကိုယ်တိုင် အိပ်ပျော်သွားရဲ့ . . .

ဟိဟိ

မမပြာ ကဗျာလေးကောင်း၏ ဟီးဟီး ချတာနော်
ကလေးကို ချိတ်ချိုးရ၀ူးနော် . . .

ခြေလှမ်းသစ် January 15, 2010 12:04 PM  

ကဗျာဖြစ်အောင် ရေးချင်တဲ့စိတ်ကြောင့် ဘာစာပဲ ရေးရေး ကဗျာပဲ ဖြစ်သွားမှာပါဗျာ

ကြည်ဖြူပိုင် January 15, 2010 1:26 PM  

မမပြာပြာ
ကဗျာပဲရေးရေး
စာပဲရေးရေး
ကဗျာရေးရင်းနဲ့စာဖြစ်သွားလည်းကိစ္စမရှိဘူး
စာရေးရင်းနဲ့ ကဗျာဖြစ်သွားလည်းကိစ္စမရှိဘူး
အကုန်ဖတ်လို့ကောင်းတယ်
ရေးသာရေး
လာဖတ်မှာပဲ

ကိုမျိုး (အညာမြေ) January 15, 2010 3:09 PM  

မင်္ဂလာပါ ကောင်းကင်ပြာ ရေ..

ကဗျာလေးတွေ လှလှပပ ရေးဖွဲ့တတ်သူ တစ်ယောက်ဖြစ်လို့ ကဗျာလေးတစ်ပုဒ် ရေးချင်တယ် ပြောရင်းနဲ့ကို ကဗျာလေးတစ်ပုဒ် ဖြစ်အောင် ရေးဖွဲ့နိုင်တယ်နော်... အားပေးနေမယ်.. ရေးသာရေး... :): :) :)..

ခင်မင်စွာဖြင့်
ကိုမျိုး

Mogok Thar January 15, 2010 3:39 PM  

သူ့ဘဝ ကိုယ့်ဘဝ
လှပတာတွေလဲ ရှိရဲ့
မောခဲ့တာတွေလဲရှိရဲ့

သူ့ရင်ခုန်သံ ကိုယ့်ရင်ခုန်သံ
အတူဆုံတာလဲ ရှိရဲ့
သံတူကြောင်းကွဲတာလဲ ရှိရဲ့

သူ့စိတ်နဲ့ ကိုယ့်စိတ်က
ထပ်တူကျတာတွေ ရှိရဲ့
ကွဲလွဲတာတွေလဲ ရှိခဲ့

သူ့အလုပ် ကိုယ့်အလုပ်
ကိုယ်စီ ရှုပ်နေချိန်လဲ ရှိရဲ့
ဆိုသီတေးဖွဲ့ချိန်တွေ ရှိခဲ့

ဒီလိုနဲ့...
သူ့စကား.. ကိုယ့်စကား
အသံမကြားရပဲ ပြောသွားတာ...
မမပြာရဲ့ ကဗျာ..... တဲ့။ ။

(ဘာရယ်မဟုတ် ၀င်ရှုပ်သွားသည်.. ပြာပျော်ပါမည် ယုံကြည်...)

ချစ်ခင်တဲ့

နွေဆူးလင်္ကာ January 15, 2010 8:17 PM  

ကဗျာဖြစ်သွားတော့ ဘယ်သူက လာဖတ်လဲဗျ။

မယ်ကိုး January 16, 2010 7:50 AM  

နှလုံးသားချင်း ထပ်တူကျတဲ့ အခါ အလင်္ကာတွေ မလှပေမယ့် စကားလုံးတွေ ရင်ထဲံရောက်တတ်ပါတယ် မ။
အားပေးနေတယ်နော်။

ချစ်တဲ့

မိုးခါး January 16, 2010 9:16 AM  

မမပြာ
ကဗျာ ဖွဲ့ချင်တယ်ပဲရှိသေးတယ်
ကဗျာက ဖြစ်သွားရော ..း))

သီဟသစ် January 16, 2010 9:57 AM  

မမပြာရေ

ကဗျာတစ်ပုဒ်ရေးပြီးခဏ
တေးချင်းတွေကို သီလိုက်ပါ
ရင်ထဲကလာတာဆိုတော့
အနှစ်တွေက အပြည့်တွေပါ

ခင်မင်စွာဖြင့်
မောင်လေးဟ
:)

ဇွန်မိုးစက် January 16, 2010 11:26 AM  

စာတွေထဲ ကိုယ်တိုင်ကဗျာဖြစ်သွားတဲ့ မမပြာ ပျော်ရွှင်ပါစေ။

ညရဲ့ကောင်းကင် January 16, 2010 8:37 PM  

ကဗျာက မိုက်တယ်...း)))

ကိုလူထွေး January 16, 2010 8:59 PM  

ကြောင်တောင်တောင်တွေ ရေးထားတာက
မိုက်တယ်...း)))

နေ့အိပ်မက် January 16, 2010 11:00 PM  

လာဖတ်တဲ့လူလည်း ကဗျာဖြစ်သွားပြီ :P

desertraindrops January 22, 2010 7:25 PM  

စိတ်ထဲမှာရှိတဲ့ ခံစားချက်ကို ကဗျာ မပီ စာမပီလေး ရေးဖွဲ့ချလိုက်ရရင် ဘာဖြစ်ဖြစ် ကျေနပ်တယ်။