သွားပါ ချစ်စရာကောင်းတဲ့ နှင်းဆီ ပန်းလေးရယ်...
သူမကို ပြောပေးပါ...သူ့အချိန်တွေနဲ့ ငါ့ အချိန်တွေ အချည်းအနှီး ဖြစ်ကုန်တယ်လို့..
အခု ဆိုရင် သူမ သိလောက်ပါပြီ....
သူနဲ့ ငါ ထပ်တူ ညီသွားတဲ့ အခါ ဘယ်လောက်များချစ်စရာ ကောင်းပြီး တင့်တယ် တယ်လို့ ထင်နေမလဲ..၊
ကဲ..အိပ်ပါတော့..အိပ်ခန်း ပြတင်းပေါက်ရဲ့ အပြင်မှာတော့ လကြီးက သာလိုက်တာ ထိန်လို့ပါပဲ၊ ငါ မအိပ်နိုင်ပါဘူးကွာ၊ မနက် ၃နာရီတောင်ထိုးနေပီ ၊ ငါ အိပ်လို့ မရသေးဘူး၊ ဒါ ဇန်န၀ါရီလရဲ့ နွေးထွေးတဲ့ ညပဲ၊ အိပ်ခန်း ပြတင်း အပြင်ဘက်က နူးညံ့တဲ့ လေပြေကလေးဟာ သစ်ပင်တွေကို တိုက်ခတ်ပြီး တိုးတိုးလေး မြည်နေပါတယ်၊ အဲ့ဒီ အသံက ရင်ဘတ်ထဲက မြည်နေတဲ့ အသံလိုပါပဲ၊ ငါ လရောင် အောက်မှာ အိပ်လို့ မရဘူး၊ ဘာကြောင့်လဲ မသိပါဘူး၊ နောက်ပြီး ရင်ထဲမှာ သိပ်ပူတယ်လေ။
အပြင်ထွက်ပြီး မီးဖိုခန်းထဲ သွားတယ်၊ ဘုံဘိုင်ခေါင်းကို လှည့်ပြီးဖွင့်လိုက်တယ်၊ ဖွင့်စတော့ နွေးသလိုလို နောက်တော့ ရေအေးအေးလေး ထွက်လာတယ်၊ သောက်ဖို့ အနေတော်ပဲ၊ နောက်တော့ တခါးဖွင့်ပြီး အပြင်ဘက် ထွက်လိုက်တယ်၊ လရောင်ဟာ နှင်းဆီ ပန်းတွေ အပေါ်မှာ သာနေလိုက်တာ ပန်းတွေရဲ့ ပုံသဏ္ဍန်တွေ အရောင်တွေကို မြင်နေရတယ်၊ ဟိုမှာကြည့်ပါဦး၊ အနီရောင်၊ အဖြူရောင်နဲ့ အ၀ါရောင်တွေ သူတို့ဟာ နူးညံ့ပြီး အနံ့တွေကလည်း ချို နေတာပဲ၊ ပန်းပွင့်တိုင်းဟာ နှင်းဥများနဲ့ စိုစွတ်နေတယ်။
မြက်ပင်တိုလေးတွေ ပေါ်မှာ ရပ်ပြီး မိုးကောင်းကင်ကို မော့ကြည့်လိုက်ပါတယ်၊ လကြီးက ထိန်နေအောင် သာနေပါတယ်၊ ဒါဟာ ဘာနဲ့ တူသလဲ ဆိုတော့ အင်မတန်အားကောင်းတဲ့ လျှပ်စစ်မီးရောင်ဟာ ခြံထဲမှာ လင်းနေသလိုပါပဲ၊ လေဟာ တိုးတိုးလေး သစ်ပင်တွေကို တိုက်ခတ်နေပြန်ပီ၊ ရောက်လာမဲ့ မွေးနေ့ တရက်ကို သတိရနေပြန်တယ်၊ အဲ့ဒီ အခါမှာတော့ ငါဟာ နှင်းစိုနေတဲ့ လရောင်အောက်မှာ အရှေ့သွားလိုက် အနောက်သွားလိုက် ဖြစ်နေပါတယ်၊ လမ်းမဘက် လျှောက်သွားလိုက်တယ်၊ မိုးကောင်းကင်ကို ထပ် မော့ကြည့်တဲ့ အခါမှာတော့ သစ်ပင်ထိပ်ဖျားမှာ ရွှေရောင်တောက်နေပါတယ်၊ လကလဲ မရှိတော့၊ နေ့ ဖြစ်နေပြီပဲ၊ သူမ ဘယ်မှာပါလိမ့်၊
ရုတ်တရက် ကိုယ့်ကိုယ်ကို မိုက်မဲရာ ကျတယ်လို့ ထင်လိုက်မိပါတယ်၊ လှည့်ထွက်ဖို့ အချိန်ရှိသေးလား၊ မှီနိုင်သေးသလား၊ သစ်ပင် တပင် နောက်မှာ ပုန်းလိုက်ရမလား၊ သစ်လွင်တဲ့ နံနက် အလင်းရောင်ဟာ နှင်းဆီ ပန်းတွေ ပေါ်မှာ တောက်ပနေတယ်၊ ဟိုးမှာ အလွန်လှပတဲ့ အနီရောင် နှင်းဆီပွင့်၊ ပွင့်မဲ့ ဆဲဆဲ သွေးရောင်လို ရင့်နေတယ်၊ မခူးပဲ ထားဖို့ ဆုံးဖြတ်လိုက်တယ်၊ ဒါနဲ့ပဲ ငှက်ကလေး တကောင် သီချင်းဆိုသံ ကြားလိုက်ပါတယ်။
ဘာတွေ ရေးမိမှန်း မသိပါဘူး၊ အိပ်တော့မယ်.....
ရင်ခွင့်မဲ့ ငှက်တကောင်
1 hour ago



21 comments:
မော်ဒန်ပန်းဖြစ်မယ် ထင်တယ်...
သိပ်ပူတဲ့ ညချမ်းမှာ နှင်းဥတွေ စိုစွတ်နေတဲ့ အကြောင်းကို ဖတ်ရတာ တော်တော် ကဗျာဆန်တာပဲ...
းဝ)
Yes
Thank,s
folwer lar pay mar thi lar kya naut nor
အင်း ဘာတွေ ရေးထားမှန်းမသိတဲ့ဟာကို ဘာမှန်းမသိတဲ့ ငတောင်ပေါ် လာဖတ်တယ်း) စိတ်ကူးတွေ အရမ်းယဉ်နေပါ့လားး) အစစအရာရာ အဆင်ပြေပါစေ
လေးစားလျက်
တောင်ပေါ်သား
အင်း ဘာတွေ ရေးထားမှန်းမသိတဲ့ဟာကို ဘာမှန်းမသိတဲ့ ငတောင်ပေါ် လာဖတ်တယ်း) စိတ်ကူးတွေ အရမ်းယဉ်နေပါ့လားး) အစစအရာရာ အဆင်ပြေပါစေ
လေးစားလျက်
တောင်ပေါ်သား
အင်း အဲဒါ အထီးကျန်ခြင်း တမျိုးပဲ...
ဘာမှ မလိုပါဘူးဆိုတဲ့ လူတွေတောင် အနီးကပ် နွေးထွေးမှုကို လိုချင်ကြတာပဲလေ...
တို့ အစ်မကြီး ပျော်ရွှင်ပါစေ...
မမရေ အဲဒါကို တရုတ်လိုရေး :D
ဖတ်နေရင်း ကိုယ့်ဟာကို ဘာသာပြန်သွားတယ် ... အထီးကျန်ခြင်းကို ဆိုလိုနေတာလားလို့ ..
နှင်းဆီပန်းလေးကို လွမ်းနေတာလားမမပြာ
ဘာတွေ ဖတ်မိမှန်း မသိပါဘူး..အိပ်တော့...(ဘာတွေ ရေးမိမှန်း မသိပါဘူး အိပ်တော့မယ်.....)
အင်း အနော်တော့ ကောင်းကင် စိတ်ကုးယဉ်သလို ယဉ်ကြည့်လိုက်တယ်။ မဖြစ်ဘူး မဖြစ်ဘူး...
ဇန်န၀ါရီလကြီး ညသန်းခေါင်မှာ ပြတင်းပေါက်လေးဖွင့် ထားရင်တော့ အနော်တော့ မနက်ဂန့်သွားလိမ့်မယ်...
အေးခဲလွန်းလို့.. ဟိဟိ
အားပေးနေတယ်နော် ကောင်းကင်ပြာ
မင်္ဂလာပါ ကောင်းကင်ပြာ..
ဖတ်လို့ ခံစားလို့ ကောင်းတုန်းရှိသေး ဘာတွေရေးမိမှန်း မသိဘူး..အိပ်တော့မယ် တဲ့။ တို့လို့တန်းလန်း နဲ့ မထားခဲ့နဲ့လေကွယ်။ အိပ်ယာထရင် ဆက်ရေးအုံးဗျ။.. :) :)...
ခင်မင်စွာဖြင့်
ကိုမျိုး
မမပြာပြာ..ဘာမှမစဉ်းစားနဲ့
အိပ်တာ အကောင်းဆုံး။
လှပတဲ့ စိတ်ကူးလေးကို
အိမ်မက်လေးထဲ ယူသွားလိုက်နော်။
ချစ်ခင်လေးစားလျှက်။
အေးမြတဲ့ ဇန်နဝါရီညချမ်းမှာ...
ရင်အပူနဲ့ မအိပ်စက်နိုင်တဲ့ အမျိုးသမီးတစ်ယောက်...
ကွမ်းမူးသွား... အဲလေ... စိတ်ကူးအယဉ်လွန်သွားပြီး...
မြတ်နိုးခဲ့ဖူးတဲ့/ မြတ်နိုးဆဲ အနီရင့်ရင့် နှင်းဆီတစ်ပွင့်ကို.. လွမ်းတေးဆိုနေလေသလားး....
မမပြာ အမြဲအိပ်ရာဝင် နောက်ကျတယ်နော်။ စောစောအိပ်ဖို့ကြိုးစားကြည့်ပါလား မရေ။ ကျန်းမာရေးအတွက် ပြောတာပါ။
ဘာတွေရေးမိမှန်းမသိဘူးဆိုပေမယ့်
ဒီလိုရေးထားတာကို သဘောကျတယ်၊
ဖတ်ရင်းနဲ့ ပြုံးနေမိတာ၊
မိန်းကလေးရဲ့ လှုပ်ရှားမူကို လိုက်ပြီး မြင်နေရတယ်လေ။
ပိုစ့်လေးဖတ်ပြီး ရေးတဲ့သူက အိပ်တော့မယ်ဆိုပေမယ့် ဖတ်တဲ့သူက အတွေးများများတွေးသွားတယ်.
...“လှည့်ထွက်ဖို့ အချိန်ရှိသေးလား၊ မှီနိုင်သေးသလား၊ သစ်ပင် တပင် နောက်မှာ ပုန်းလိုက်ရမလား၊ ”...
အကုန်လုံးက ဘုရားသခင် အလိုကျအတိုင်း လိုက်သွားကြမယ် မေပြာရေ....
မိုးခါးပြောသလို တရုတ်လိုရေးလေ..
သွေ့.. သွေ့...း))
စောစောလဲအိပ်နော်... မနက်စောစော ပြောပါတယ်..
း))
တနေ
စိတ်ကူးလေးတွေနဲ့ ချယ်ထားတာပါ။
ဒါကဘာတွေဒုန်း ကဗျာလည်းမဟုတ် ဝတ္ထုတိုလည်းမဟုတ် မော်ဒန်ဆိုတာ ဒီဟာဖြစ်မယ်ထင်တယ်။ ကျွန်တော်သိတဲ့ မော်ဒန်ဆိုတာကတော့ လက်ဘက်ရည်ဆိုင်နာမည်ပဲ :P
မိုက်တယ်ဝေးး
ငှက်ကလေး သီချင်းဆိုသွားတယ်တဲ့
ကြားလိုက်မိပါတယ်၊ ဘာတဲ့........
နှုတ်ဆက်လိုက်ပါတယ် တို့ရဲ့
ကောင်းကင်ပြာ ကြီးရယ်တဲ့.......
တော်တယ်နော် အနော်က ငှက်ဘာသာ စကား
နည်းနည်းသင်ထားတယ်လေ အဟတ်ဟတ်..
ငှက်ကလေး သီချင်းဆိုသွားတယ်တဲ့
ကြားလိုက်မိပါတယ်၊ ဘာတဲ့........
နှုတ်ဆက်လိုက်ပါတယ် တို့ရဲ့
ကောင်းကင်ပြာ ကြီးရယ်တဲ့.......
တော်တယ်နော် အနော်က ငှက်ဘာသာ စကား
နည်းနည်းသင်ထားတယ်လေ အဟတ်ဟတ်..
Post a Comment