လှေကလေး

လှေကလေး
ပင်လယ် ကမ်းစပ်မှာ တယောက်ထဲ ရပ်နေတုန်းကပေါ့၊ လှေကလေး တစင်း တွေ့တယ်၊ ဒီလှေကလေး နဲ့ ကိုယ်နဲ့ စကားတွေ ပြောဖြစ်ခဲ့ကြတာပေါ့၊ ကိုယ့်ကို လှမ်းပြောတယ်၊ သူငယ်ချင်း...လူဖြစ်ခိုက် ရေပြင်ပေါ်မှာ ရွေ့လျားနိုင်ဖို့ လှေ ရှိတုန်း လှော်ကြည့်ပါလားတဲ့....

ဘယ်ထိ လှော်နိုင်မှာလဲလို့  လှေ ကလေးကို မေးကြည့်တော့ ပင်လယ်ပြင်ဟာ သွေးကြောတွေလိုပဲ လောကနိယာမ ရေပြင်ပေါ်မှာ စီးဆင်းနေသတဲ့လေ၊ ရှည်လျားသလောက် ကွေ့ကောက်နေမှာပဲတဲ့၊ စုန်မျောမှု အားလုံးဟာ ပြန်ဆန် တက်ပေးရသလို ပဲ ဆန်တတ်မှု မှန်သမျှ ဟာလည်း နောက်ဆုံး မျှောချ ပစ်ရတာပဲ့တဲ့၊ ကိုယ့်စိတ်ထဲကတော့ လှော်ကြည့်ရင် ကောင်းမလားပေါ့..၊

သူက ဆက်ပြောပြန်တယ်၊ ရေပေါ် ပေါ်ခွင့်ရတုန်း ခရီးဆက်ခွင့် ရှိတယ်တဲ့၊ ကိုယ်ကလဲ ကိုယ်သွားမဲ့ လမ်းကို လှေကလေး သိလို့လားလို့ ပြန်မေးမိတယ်၊ သူပြန်မဖြေဘူး၊ သူထပ်ပြောတာက လှိုင်းစီးချင်ယုံ သက်သက် နဲ့တော့ လှေပေါ် မတတ်ပါနဲ့တဲ့၊ လက်မောင်းကြွက်သားတွေ မကောင်းဘူးဆိုရင်လည်း လှော်တတ်မကိုင်ပါနဲ့တဲ့၊ ဘာမှ မလုပ်တတ်သူ အတွက် မျောပါသွားတတ်လို့ပါတဲ့၊ သူ ပြောတာ အမှန်တွေပဲလေ၊ ကိုယ် နဲနဲ တွေဝေ နေတယ်...

သူ့ရဲ့ အသံတိတ် ဘာသာ စကားကို ကိုယ်နားလည်စွာ ဆက်နားထောင်နေမိတယ်၊ သူက ဝဲကတော့တွေရဲ့ လှည့်စားမှုက အားသန်ကြသလို ယမုံနာ လေပြင်းက လေညင်းမဟုတ်ဘူးတဲ့၊ ပင်လယ်ပြင်ဟာ ရေသေကို လက်ခံမထားဘူးတဲ့၊ အဟန့်အတား ဒိုက်သရော ဘဝတွေကို လာပတ်တတ်ပြီး တချို့ အပုပ်ကောင်တွေရဲ့ သတင်းအနံ့ ကလည်း ဆိုးလွန်းတယ်တဲ့၊
ဒါပေမဲ့ သူက လှော်ကြည့်စေချင်တယ်..၊

လှော်ကြည့်ပါလား.....လှော်ကြည့်ပါလား....
သူခဏ ခဏ ပြောနေတယ်၊ စကားလုံးတွေ ခင်းပြတယ်၊
တကယ်လို့ လိုရာ ဆိပ်ကမ်းကို ရောက်ခဲ့ရင်တော့ သူ့ဘဝ ရပ်တည်မှုအတွက် တိုင်တတိုင်၊ ငုတ်တငုတ် မှာ ချည်နှောင် ပေးရစ်ခဲ့ပါတဲ့၊ သူဟာလည်း လှော်သူ မရှိရင် လွင့်မျောတတ်တဲ့ သဘောရှိတယ်တဲ့...
ကိုယ် လှေလေးကို လှော်ရမလား၊ ဒီတိုင်း လှည့်ပြန်လာရမလား၊ လှေလေးရဲ့ စကားသံတွေ နားထဲမှာ ပဲ့တင်ထပ်........


ကဗျာလေး တပုဒ် ဖတ်မိပြီး ကြိုက်လို့ စကားပြေ သဘောမျိုး ရေးကြည့်တာပါ...( လှေစကား နားမလည်သူ တယောက်ပါ)

23 comments:

တောင်ပေါ်သား January 27, 2010 3:35 PM  

first

တောင်ပေါ်သား January 27, 2010 3:39 PM  

လှေလေးကို လှော်သင့်လားဆိုတော့ လှော်သင့်ပါတယ် ဒို့မဟုတ်ရင် သူလဲ လျှောက်ရွက်လွှင့်မျောပါပြီး ဒုက္ခရောက်နေရှာမှာပေါ့ လမ်းဆုံးရင်တော့ ချည်နှောင်လို့ မထားခဲ့ပါနဲ့ဗျာ သူ့ဘ၀ကြီး ဒီအတိုင်း ချုပ်နှောင်ခံရမှာ မကောင်းလှပေဘူး အကောင်းဆုံးက ပင်လယ်ထဲက သူ့ကို လှော်ခတ်လာပြီး လှိုင်းတံပိုးတွေ မရှိတဲ့ ရေငြိမ်လေးထဲ အလှထားပေးလိုက်ပါ့လား

လေးစားလျက်
တောင်ပေါ်သား

Mogok Thar January 27, 2010 3:39 PM  

လှေကလေးနဲံ နှစ်ယောက်တူတူ

လှေကလေးကို လှော်မည်... ဘေးမသန်းပဲ အေးချမ်းတော့မည်..

သပြေသီးမည့်တွေလဲ ခူးချင်သေးတယ်...

အတွေးလေးတွေ ပေးတဲ့ စကားပြေကောင်းတစ်ပုဒ်ကို ဖျက်သလို မရည်ရွယ်ပါ။

ရင်ထဲရောက်လာသော အတွေးစများ လှေကလေး စကား နာကြားရင်း...


ချစ်ခင်တဲ့

ရေတမာ January 27, 2010 3:49 PM  

လူဖြစ်ရတုန်း လှေရှိတုန်း ရေရှိတုန်း လှော်ပါ။ ရေစုန်မှာ မျှောလိုက် ရေဆန်မှာ လှော်လိုက်။ အားအင်တွေ ကုန်ခမ်းတဲ့အခါ ဒါမှမဟုတ် ဒိုးတူဘောင်ဖက် လှော်ခတ်ပေးမယ့် အဖော်ရော ပါရင်ပေါ့။

မေသူ January 27, 2010 4:15 PM  

စိတ်ထဲဘာခံစားမှုပေါ်လာလဲ... လုပ်သာလုပ်ပစ်...

လှော်ချင်တယ်ဆို.. လှော်ပစ်
မလှော်ချင်ဘူးမလား.. ရတယ်... ဒူမှ အပြစ်မပြောဘူး
ကိုယ်ပိုင်တဲ့ ကိုယ့်စိတ်ကြိုက်ကလေးသာ လုပ်နေရရင် ကမ္ဘာကြီးက လှပလို့ ....... =)

မေသူ့ အတွေးးး

မိုးခါး January 27, 2010 4:31 PM  

အင်း
ညီမဆိုရင်တော့ မလှော်တတ်လို့ မလှော်တော့ပါဘူး
သွားချင်တဲ့နေရာကို ရောက်မယ်ဆိုရင်တော့ လှော်ပေးမယ့်သူလည်းရှိရင် လိုက်သွားမယ် ..း))

မေဇင် January 27, 2010 4:44 PM  

လှော်..လှော်...လှေ..ကိုလှော်....မြစ်ကိုစုန်ဆင်းမယ်...လှော်ကြ လှော်ကြ...မြစ်ကိုစုန်ဆင်းမည်....။း))

naychi January 27, 2010 4:46 PM  

လှေကလေးကို လှော်မည်... ဘေးမသန်းပဲ အေးချမ်းတော့မည်..

ခေါင်းစဉ်တွေ့ကတည်းက အဲဒီသီချင်းပဲ ပြေးဆိုမိတယ်။ ကိုဘိုဦးသွားတယ်း)

ဇွန်မိုးစက် January 27, 2010 4:55 PM  

အဖော်လေးနဲ့ လှော်ပါ မမပြာ :)

ဖိုးစိန် January 27, 2010 5:16 PM  

လိုရာခရီးကို တူတူပဲ လှော်လှော်

တစ်ယောက်ထဲပဲ လှော်လှော်

လိုရာခရီးရောက်ပြီး လှေကလေးကို ငုတ်တုတ်ကြိုးချည် ချန်ခဲ့ရမှာ နှမြောစရာ

နောက်ပြန်လှည့်ကြည့်တဲ့ အကြည့်တွေနဲ့တင် လှေနားက ခွာနိုင်ဖို့ ကြိုးစားရမယ်.


တောင်ပေါ်တို့  မိုးကုတ်သားတို့  ရုံးတက်အလုပ်လုပ်ကြလား.. တစ်လုတမ်းပဲကစားနေကြတာလား.. အားအားယားယားတွေ..

may16 January 27, 2010 5:44 PM  

လှေကလေးကို လှော်မည် :P

နေ့အိပ်မက် January 27, 2010 5:59 PM  

လှေပေါ်မှာသာ အိမ်ဆောက်နေပစ်လိုက် :) :) :)

မြတ်မွန် January 27, 2010 7:42 PM  

ဘဝဆိုတာ ရေရဲ့သဘာဝ နဲ့တူတယ်
လူကတော့ လှေနဲ့တူတယ်...
ကြိုးစားမှုတွေကတော့ ကိုယ်သွားမဲ့ ရေလမ်းခရီးလေး နဲ့တူတယ်..မမပြာ....။

ကိုယ်ရဲ့ လိုရာခရီးလေး ရောက်ဖို့..
လှေကလေးကို သုံးပြီး
ရေဆန်ကို လှော်သင့်ရင် လှော်ရမယ် ပင်ပန်းတဲ့အခါ ရေဆန်မှာမျှော်ရင်းနဲ့
ကြိုးစားကြည့်ကြတာပေါ့ မမပြာ....။
ချစ်ခင်လေးစားလျှက်။

ခြေလှမ်းသစ် January 27, 2010 8:52 PM  

စကားပြေလေးထဲမှာ ခဏ မြောတောင်သွားတယ် ဖတ်လို့ကောင်းပါ့ဗျာ

flyboy January 27, 2010 9:22 PM  

it make me think. good post. i love it.

လင်းကြယ်ဖြူ January 28, 2010 5:57 AM  

လှေ စကား လေး လာဖတ်သွားပါတယ်..
ပျော်ရွှင်စွာ စီးဆင်းနိုင်ပါစေ...
လေးစားစွာ
*.*.*

ပိုးဟပ်လေး January 28, 2010 7:59 AM  

လှေမလှော်တတ်လို့ ...
ဒီအတိုင်းပဲ ဖတ်ပြီးပြန်သွားင်္ပြီ

့hnin January 28, 2010 9:19 AM  

မမကောင်းကင်ပြာ...
လှေကလေးဆိုတဲ့ အတွေးစာစုကောင်းလေးကို ဖတ်ပြီး မှတ်သားနာယူခဲ့ဘူးတဲ့ ဆုံးမစကားလေးတစ်ခုကို သတိရမိတာနဲ့ မမ အတွက် ပြန်လည်မျှဝေပေးခဲ့ပါတယ်နော် ...။
လောကမှာ အန္တရာယ်များတဲ့ ရေလမ်းခရီးကို သွားတဲ့အခါ ကိုယ့်လှေလေးကိုယ် အကောင်းဆုံးဖြစ်အောင်၊ ခိုင်သထက်ခိုင်အောင် ပြင်ဆင်၊ ရိက္ခာတွေ စိတ်တိုင်းကျ ဖြည့်တင်းပြီးမှ သွားကြသလို မိမိတို့ရဲ့ ရှေ့ဆက်ရမယ့် သံသရာခရီးကြီးအတွက် ပစ္စုပ္ပန်ဘ၀ဆိုတဲ့လှေလေးကို ကုသိုလ်တရားတွေနဲ့ အကောင်းဆုံးဖြစ်အောင်၊ ခိုင်သထက်ခိုင်အောင် ပြင်ဆင်၊ ရိက္ခာတွေ ဖြည့်တင်းထားရပါမယ်။ ရိုးရိုးခရီးက ကိုယ်စိတ်တိုင်းကျတဲ့နေ့မှ သွားလို့ရပေမယ့် သံသရာခရီးက ဘယ်အချိန်သွားရမယ်ဆိုတာ ကြိုမသိနိုင်တဲ့အတွက် အမြဲအသင့်ဖြစ်နေဖို့ အရေးကြီးပါတယ်။ သတိတရားလေး လက်ကိုင်ထားပြီး ကိုယ့်စိတ်ကိုယ် ကုသိုလ်ဖြစ်တိုင်း၊ အကုသိုလ်ဖြစ်တိုင်း အတတ်နိုင်ဆုံး သိနေပေးမယ်ဆိုရင် သတိပဌာန်တရား ပွါးများပြီးဖြစ်လို့ လှေကတော့ ခိုင်ပါပြီ။ ဒါန၊ သီလ ရိက္ခာတွေပါ တင်ထားပြီးပြီဆိုရင်တော့ ကိုယ့်ကိုယ်ကို အစိုးမရတဲ့ဘ၀မှာ သူက ဘယ်အချိန်လာထွက်ခိုင်း၊ ထွက်ခိုင်း ကျေကျေနပ်နပ်ကြီး သွားလို့ရပြီပေါ့။
မမကောင်းကင်ပြာလဲ ရိက္ခာတွေအပြည့်တင်ထားတဲ့ ပစ္စုပ္ပန်ဘ၀ဆိုတဲ့လှေလေးကလေးတစ်စင်းကို ရဲဝံ့စွာလှော်ခတ်ပြီး ခရီးဆက်နိုင်သူဖြစ်ပျါစလို့ ဆန္ဒပြုရင်း
ချစ်ခင်မှုများဖြင့်
ညီမလေး နှင်းဟေမာ

ကိုမျိုး (အညာမြေ) January 28, 2010 12:26 PM  

မင်္ဂလာပါ ကောင်းကင်ပြာ..

လှေကလေးကို လှော်ခတ်ကြည့်လိုက်ပါ။ အဲဒါမှ လှော်ခတ်မယ့် ရေလမ်းခရီးမှာ ညီညာသာယာမှုတွေ ရှိသလား၊ ၀ဲဂယက်တွေ တွေ့သလား ဆိုတာ အသေအချာ သိတာပေါ့။ ဒါပေမယ့် တစ်ကိုယ်တည်း လှော်ခတ်မယ့်အစား နှစ်ကိုယ်တူ ဆိုရင် ပိုကောင်းတာပေါ့လေ။

ကဗျာလေးတစ်ပုဒ်ကို ခံစားပြီး ရေးဖွဲ့ထားတာ ဆိုပေမယ့် ဘ၀ရဲ့ အနှစ်သာရ အတွေးတွေ များစွာ ရရှိခံစားစေပါတယ် ကောင်းကင်ပြာ။

ခင်မင်စွာဖြင့်
ကိုမျိုး

ဂျပန်ကောင်လေး January 28, 2010 1:39 PM  

လိုက်သွားလိုက်ပါ... အဲဒီလှေကို ကျွန်တော်ထွင်းပေးမယ်... လှော်ခတ်ကြည့်ပါ.. ဒါမှ ဘယ်လိုခက်တယ်ဆိုတာ သိမှာပေါ့.. စိတ်မပူပါနဲ့ မလှော်တတ်ရင် သင်ပေးမယ့်သူတွေရှိပါတယ်.... ရေလယ်ခေါင်ရောက်ရင် မကြောက်နဲ့.. ဒါဟာ ဘ၀ပဲ... မုန်းတိုင်းမိလို့ နစ်ခဲ့ရင် မသေမချင်း အားမလျှော့ကူးပါ.. ငါးမန်းကိုက်ကိုက်.. ဘာမှ မမှုနဲ့... ဘ၀မှာတစ်ခါပဲ သေရတာပါ.... သေရမှာကို ကြောက်နေပေမယ့် သေတာတော့ ခဏလေးပဲလေ.....

ညရဲ့ကောင်းကင် January 30, 2010 10:11 AM  

လှော်ချင်ပါတယ်... ဒါပေမယ့် ယုံကြည်မှုတွေ အပြည့်နဲ့မှပေါ့... ပန်းတိုင်သိမှပေါ့... အခုတော့ လှေကလေးကို ခနစောင့်ခိုင်းထားလိုက်မယ်..း)

ခင်မင်စွာဖြင့်

desertraindrops February 5, 2010 4:45 PM  

လှေကလေးကိုလှော်လို့ အေးချမ်းစွာ လိုရာခရီးဆက်ကြပါစို့

ကိုလူထွေး February 6, 2010 6:53 PM  

လှော်ရမယ့်ခရီးကို မလှော်ဘဲ မျောလိုက်သွားလို့ လိုရာမရောက်နိုင်ဘူးခင်ဗျ...

းဝ)