ကိုယ့်အတွက် ဖြစ်ချင်နေတာတွေ တပွေ့တပိုက်ကြီး။ ဖြစ်လာမှာလား… ဖြစ်လာမှာပါ။ ကိုယ်ဒီအသက်အရွယ် ရောက်တဲ့အထိ ကိုယ်ဖြစ်ချင်တဲ့အရာတွေ အကုန်လုပ်ခဲ့တယ်လေ။ ဖြစ်လာခဲ့လား မေးရင် ဖြစ်ခဲ့ပါတယ်။ မဖြစ်ဖြစ်အောင်လဲ လုပ်တာကိုး… တစ်ခုခု ဖြစ်ချင်ပြီး ဆိုရင် တဇွတ်ထိုး၊ မှန်တာ မှားတာက နောက်ပဲ။ အဲ့လိုတွေ လုပ်လို့ မှားခဲ့ပေါင်း မနည်းခဲ့ဘူး။ အမှားလုပ်ခဲ့တာတွေ မှန်အောင်ပြန်ပြင်ခဲ့သလို အမှားတွေ အတွက်တော့ နောင်တ မရခဲ့ဘူး။ လဲကျသွားလို့ ပြန်ထခဲ့ ရတဲ့ အကြိမ်ပေါင်းလည်း မနည်းဘူးလေ။
စိတ်ဓာတ်ကို ကြည့်ဦးမလား။ အရမ်းမာကျောသလို အရမ်းလည်း နူးညံ့ပျော့ပျောင်းတယ်။ မငိုတတ်ဘူး ဆိုပေမဲ့ ခဏခဏ မျက်ရည်ကျတတ်တယ်။ မျက်စိအားနည်းလို့ ထင်ပါရဲ့။ မျက်မှန်အသစ်လဲ မလုပ်နိုင်သေးဘူးလေ။ တခါတလေ ကိုယ့်စိတ်ကို နားမလည်သလို တခါတလေ သူများကိုလဲ နားလည်မပေးဘူး။ တခါတလေလည်း နားလည်ချင်ယောင် ဆောင်တတ်ပါတယ်။ အဲဒါ ဟန်ဆောင်တာ မဟုတ်ဘူး၊ မျှဝေယူတာ…. ခံစားပေးတတ်တယ်၊ ကူလွမ်းပေးတတ်တယ်၊ ပျော်ပေးတတ်တယ်၊ စိတ်ညစ်ပေးတတ်တယ်၊ အားပေးတတ်တယ်၊ အဲလိုတွေ ပြောပေးတတ်တယ် ဆိုတော့ နှုတ်ချိုသလား ဆိုလည်း မချိုပါဘူး။ အပေါက်ဆိုးပါတယ်။ စကားပြောချင်သူတွေနဲ့ဆို တတွတ်တွတ် စာအံသလို ပြောနေတတ်ပြီး မပြောချင်ဘူးဆို အာစေးထည့်ထားသလို ပါးစပ်မပွင့်တော့။ တစုံတခုအတွက် သည်းခံပြီးလားဆို အဲဒီအတွက် ရိုက်၊ပုတ်သွားတောင် ငြိမ်ခံနေတတ်တယ်။ သည်းမခံနိုင်တော့ဘဲ အတေးအမှတ်တွေ ကိုယ့်စိတ်ထဲ ပေါ်လာရင်တော့ ပြုံးပြုံးလေးပါပဲ။ “ဟင်” ဆို လှည့်မကြည့်တော့ဘူး။ စိန်တွေ ရွှေတွေ ပုံပေးပါစေ။ NOဆို NOပဲ။
အပေါင်းအသင်းနည်းပါတယ်(အရင်တုန်းက)။ ကိုယ့်ကိုနားလည်တဲ့သူတွေပဲ အနားမှာ နေနိုင်ပါတယ်။ နားမလည် နိုင်သူက ကြာကြာမနေနိုင်ပါဘူး။ အထင်သေးချင်လည်း သေးမယ်၊ အထင်ကြီးချင်လည်း ကြီးမယ်၊ နားလည်မှုတွေ လွဲချင်လည်း လွဲမယ်၊ ဂရုမစိုက်တတ်ပြန်ဘူး။ ဒါပေမယ့် လူချစ်လူခင် များပါတယ်။ ကိုယ်ကတော့ သိပ်မချစ်တတ်၊ မခင်တတ်၊ ဒါပေမယ့် ချစ်ပြတတ်တယ်။
အကြွေးလား…. အကြွေးတွေလဲ များပါတယ်။ ဆပ်ပြီးပြီးလားဆို မဆပ်နိုင်သေးပါဘူး။ ကြိုးစားနေတုန်းပါ။ ချစ်ကြခင်ကြ သူတွေကို မရှိတာ မရှိဘူး ပြောပြီး အကူအညီတောင်းတတ်ပါတယ်။ ကျေးဇူးတင်ပါတယ်ကို ဖွဲ့ဖွဲ့ နွဲ့နွဲ့ မပြောတတ်ဘဲ ရိုးရိုးကျေးဇူးတင်ကြောင်းပဲ ပြောတတ်ပြန်တယ်။
အစားအသောက်လား…. မတရားဂျီးများတယ်။ ငတ်ပေါင်းလည်း မနည်းတော့ဘူး။ ဟင်းချက်တတ်သလား ဆိုပြန်တော့ ကိုယ်ကြိုက်တာတွေ ကိုယ်ချက်တတ်ပါတယ်။ ချက်လည်း စားပါတယ်။ မကြိုက်တာကို ကြိတ်မှိတ် မစားမိ။ ချက်လဲ မချက်မိတဲ့အတွက် ဟင်းမချက်တတ်ဘူး ဆိုတဲ့ အဖြေက ပိုမှန်နေပါတယ်။ ကြိုက်တာကိုတော့ ခုချိန်ထိ စားနေတုန်းပဲ။ ဘယ်သူမှ မတားနိုင်သေးဘူး။ ကိုယ့်ဘာသာတော့ ဆင်ခြင်နေပါတယ်။ လျှော့စားတယ်လေ…။ အသက်ကြီးလာလို့ သွေးတိုးစာတွေ၊ အချိုစာတွေ ပြောတာပါ။ တလွဲ မတွေးပါနဲ့။
အလုပ်လား….။ ရှာနေတုန်းပါပဲ။ ကိုယ့်မောင်လေး လူပျိုကြီးပြောသလို ကျောင်းတက်စားတာ နှစ်နှစ်ကျော်နေပြီး။ အခုမှသာ အလုပ်ကိုအသဲအသန် ရှာနေရတာ။ ခု အလုပ်လုပ်နေကြတဲ့ မောင်လေး၊ ညီမလေးတွေက သူတို့ အားလုံး အလုပ်ကိုယ်စီနဲ့ ဆိုတော့ အေးအေးဆေးဆေးပဲ ကျောင်းတက်စားပါ လို့ ပြောလာပေမယ့် မဖြစ်သေးဘူးလေ။ အခုဒီလိုပြောနေကြတာကလည်း အားလုံးက တစ်ယောက်တည်း သမားတွေ ဖြစ်နေလို့ပေါ့၊ နောင်နှစ်ယောက် ဖြစ်လာကြရင် ကိုယ့်ကို ဖုတ်လေတဲ့ငပိ ရှိတယ်လို့တောင် ထင်မှာ မဟုတ်ဘူး။း)
ဘာလုပ်တတ်သလဲ မေးဦးမလား….။ အိမ်မှုကိစ္စ ကလွဲရင် ဟိုစပ်စပ် ဒီစပ်စပ် အကုန်တတ်တယ် ပြောရမလိုပဲ။ ကွန်ပြူတာလား… ဖွင့်တတ်၊ ပိတ်တတ်၊ ဘလော့ရေးတတ်တယ်လေ။ ကျန်တာ ဘာမှမတတ်။ သူများကိုမေးပြီးမှ ဟိုနှိပ် ဒီနှိပ် နှိပ်ဆို နှိပ်တတ်တယ်။ ဓာတ်ပုံလေးများ ဇစ်ဖိုင်လေးနဲ့ မပို့နဲ့၊ နှိပ်ချင်တာတွေ နှိပ်မိပြီး ဘာပုံမှ မထွက်လာတာ အခါခါ။ အဲဒီလိုတော်ချက်။
တရုတ်စကား တတ်လားမေး…။ “ဝေါ် ပု ကျိ တောက် ” တစ်လုံးထည်းနဲ့ ကျောင်းက တရုတ်မတွေနဲ့ ပြောလာတာ နှစ်နှစ် ကျော်နေပြီး။ ခုတော့ နဲနဲပါးပါး (တကယ်တော့ တစ်လုံးစ၊ နှစ်လုံးစ) ပြောတတ်တယ်ပေါ့။ သင်ပေးတဲ့ ဆရာမလေး နဲ့ စာအုပ်ပေးထားတဲ့ သူတွေ မငြူစူအောင် ကြိုးစားကျက်မှတ်ပါတယ်။ (တစ်ပတ်မှာ တစ်ရက်)း))
လုပ်ချင်တာတွေ၊ ဖြစ်နေတာတွေ၊ ဖြစ်ချင်တာတွေ ရေးနေတာနဲ့ ကိုယ့်မကောင်းကြောင်းတွေ ကိုယ် တော်တော်ရေးမိသွားပြန်ပြီ။ ရေးချင်တာက ကိုယ့်စိတ်ထဲမှာ ဖြစ်ချင်နေတဲ့ အကြောင်းအရာတွေ မဖြစ်ဖြစ်အောင် လုပ်မယ်ဆိုတဲ့ စိတ်လေးကို ရေးဖို့၊ ခုတော့…… “ကိုယ့်ဂုဏ် ကိုယ်ဖော် မသူတော်”

23 comments:
ဇာတာရှင်... ဘီလူးခေါင်းလေးနဲ့ မင်းသမီးလေး မေပြာ
ဗေဒင်ဟောမယ်... အင်္ဂါသမီး မေပြာ...
ဇာတာအရ
ဟန်မဆောင်တတ်၊ ပြောချင်တာ ပွင့်ပွင့်လင်းလင်းပြောတတ်၊ သနားတတ်၊ ဝမ်းနည်းတတ်၊ အားငယ်တတ်၊ ရယ်ရင် ခေါင်းလေးစောင်းစောင်းသွားတတ်။
မွေးစားသား များကို ချစ်လတ္တံ။
ကွမ်းကြိုက်။
ခရမ်းချဉ်သီး ငပိချက်ကောင်း၊ ကြက်ရိုးစွတ်ပြုတ် အချက်ကောင်းလတ္တံ။
တခါတရံ ရင်ထဲရှိတာ ဖွင့်ပြောပေမယ့် တခါတရံ လူမသိအောင် သိမ်းထားလတ္တံ။
ဆိတ်ဆိတ်နေတတ်သလို ပြောချင်ရင်လဲ ပြောလတ္တံ။
အစားအသောက်ထက် ကွမ်းကို ပို ကြိုက်လတ္တံ။
ကျောင်းတက်စားခြင်း ဖြင့် အကျိုးပေးလတ္တံ။
အိမ်မှုကိစ္စများ မပြုလုပ် လတ္တံ။ မပြုလုပ်ကြောင်း ဂုဏ်ယူ ပြောလတ္တံ။
အလုပ်ရကိန်းမြင်လတ္တံ( ညဆိုင်းဆင်းရမည့် အလုပ်နှင့် အကျိုးပေးနိုင်)
နောင်လာမည့် ငါးနှစ်အတွင်း တရုတ်ဆရာမ အိမ်ထောင် ကျပြီးတောင် တရုတ်စကား မတတ်လတ္တံ။
သို့သော်....
လုပ်ချင်တာတွေ၊ ဖြစ်ချင်တာတွေ တနေ့ မုချ မသွေ ဖြစ်လတ္တံ။
ယတြာ။ ။ မိမိမွေးရက်မှ စ၍ မနက်ကိုးနာရီတွင် ဆရာစိန် စီမံ ပြုလုပ်ထားပေးသော ဂါထာ ဖယောင်းတိုင်ကို မနက်ကိုးနာရီ တိတိတွင် သက်စေ့ ထွန်းပါလေ....။ ဖယောင်းတိုင် မကုန်ခင် မုချအကျိုးပေးပါမည်။
ရှာနေတဲ့ အလုပ် မြန်မြန် ရ ရ ပါစေ တော် ..........
mie nge
း).... ဘာလို့အဲဒီလောက် ကိုယ့်ကိုယ်ကို ဂုဏ်ယူစွာ ရေးသားနေတာလဲဟင်.... :D
ခင်မင်တဲ့
ဂျပန်ကောင်လေး
း)
ဘာစိတ်ကူးပေါက်နေကြတာလဲး) ရှက်ပါ့ ကိုယ့်အကြောင်းတွေ ပြောနေကြတယ် အဟေးဟေးးးး
ငါ့အမက ပွင့်လင်းတယ် ရိုးသားတယ် ခင်မင်တတ်ပါတယ် မကောင်းတာမတွေ့သေးဘူး ခုထက်ထိတော့ ကွမ်းစားတာလေးတော့ လျှော့စေဗျာ......
လေးစားလျက်
တောင်ပေါ်သား
လျှော့စားပေလို့သာပဲ မဟုတ်လို့ကတော့ စည်ပိုင်းဖြစ်လောက်ပြီ။ တရုတ်စကားကတော့ “နင်ဟောင်လား နင်မဟောင်ရင် ငါဟောင်” လို့ပြောပြလိုက်ပါ :P
မမ ကြိုးစားတာကိုသာ မရပ်လိုက်နဲ့.. မဖြစ်ဘူးဆိုတာ မရှိဘူး။ မဖြစ်သေးတာပဲရှိတယ်။ ဆက်ကြိုးစားပါ။
အော်...
မ သူတော် မကြီးလားးးး....
သိပါဘူး....
ကျနော့်အတွက်တော့ ဘီလူးခေါင်းလေးနဲ့ မင်းသမီးလေးပါ.. (Shrek ဇာတ်ကားထဲက princess Fiona လေးလေ.... ကွိကွိ)
ဘယ်လောက် အပျင်းတစ်တစ်.. ချစ်ဖို့ကတော့ အမြဲကောင်းပါတယ်.. အဟေးးဟေးးး (ပေါ်ပေါ့်ရယ်သံဖြင့် အငှားရယ်သည်)
စနောက်သမျှ စိတ်မဆိုးပဲ အမြဲ ပြုံးနေတတ်ပေမဲ့ စိတ်တိုရင်တော့ ကြောက်ဖို့ကောင်းတယ် (ကိုယ်တွေ့လေ...:-P )
ရိုးသား ပွင့်လင်းပြီး ဘဝကို ဒေါင်ကျကျ၊ ပြားကျကျ.. အပြုံးမပျက် ရင်ဆိုင်နိုင်တဲ့ သတ္တိကို ဦးညွှတ်ကြောင်းပါ။
ချစ်ခင်တဲ့
(နောက်ဆက်တွဲ.. ဗေဒင်ဆရာ ဆရာစိန့်ဗေဒင်ထဲမှာ မှန်စေချင်တာတစ်ခုက ညဆိုင်းအလုပ်မြန်မြန်ရဖို့ပါပဲ.....)
မ သူ တော် ဟိဟိဟ ခေါ်လို့ကောင်းဘူး ပြန်ခေါ်မယ်နော် နောက်တစ်ခေါက် ဟီးဟီး
လုပ်ချင်တာတွေလုပ်နိုင်ပါစေ..
ဖြစ်ချင်တာတွေအကောင်အထည်ပေါ်ပါစေ..
စားချင်တာတွေစားနိုင်ပါစေ...
လိုအင်ဆန္ဒပြည့်ဝပါစေဗျာ..
မွေးစားသား၊သမီး..မောင်၊နှမအားလုံးနဲ့
လက်တွဲမဖြုတ်တမ်းပျော်ရွှင်နိုင်ပါစေဗျို့....
နာ့ မမက သူတတ်တဲ့ တရုတ်စာတွေ ဒိုင်လျှိုသွားတယ်
ဝေါ်အိုက်နီ ကျန်သေးတယ်လေး))
အလုပ်က ရတော့မှာ
ရည်ရွယ်ချက်များ အမြန် ပြည့်ပါစေ .. :D
ချစ်ခင်စွာဖြင့်
ရှာနေတဲ့ အလုပ်လေးမြန်မြန် ရပါစေရှင်... ပြီးတော့ လုပ်ချင်နေတာလေးတွေ ဖြစ်ချင်နေတာလေးတွေလဲ ဖြစ်ပါစေ...း)
ခင်မင်လျှက်
နှင်းဆီဖြူ
မမပြာဆန္ဒတွေ အမြန်ဆုံးပြည့်ဝပါစေ။
မမပြာ ရေ
မကြာမှီလာမည် မျော်... တွေဆိုပေမယ့်လည်း
တစ်ချိန်ချိန်မှာ တော့ ရုံတင်မှာပါ
အဆင်ပြေပါစေ ကောင်းကင်ရေ
မမပြာပြာက သိပ်အားငယ်တက်တာပဲနော်..
မမ..အားမငယ်နဲ့နော်..
ဝ စီလုပ်စီကား နီးနီး တင်ပေးမီဝေ့
"ကျင်းရှိ ကွေ့ရှောင်။ တုန်းမြင့် ခုန်ရှောင်
စောင်ရှိစောင်ပေါင်"
ညဉ်းအဝတ်ညဉ်းလျှော်၊ ကျူပ်အဝတ်ကျုပ်လျှော်"
ပျော်ပါစေမမပြာ
ပြီးတော့..ဟိုလေ...
အစစအရာရာ အဆင်ပြေပါစေဗျာ.......
ခင်တဲ့
ပိုးဟပ်လေး
သြ.. ကောင်းကင် ဆိုတဲ့အတိုင်း အခု နေသာ အခု မိုးအုံ့ အခုမိုးရွာ အညိုးညိုး ဖြစ်တတ်ပါ့လေ
ဆရာဝန်လောင်း၊ အင်ဂျင်နီယာလောင်း၊ ဗိုလ်လောင်း
တွေလို့ပ အလုပ်လက်မဲ့လောင်းလေးပေါ့ ဟုတ်တယ်ဟုတ် ခဏနေရင်ဖြစ်သွားလိမ့်မယ်
ကျွန်တော်တို့ တစ်တွေကတော့ မိုးကောင်းကင်ကြီး ကြည်လင်အေးချမ်းနေတာကိုဘဲ တွေ့ချင်မြင်ချင်ပါတယ်နော်
ပျော်ရွင်ပါစေ။
မကြီး ပြောနေကြပြီနော်။ ကွမ်းစားတာလျော့ဦး။
ကောင်းကင်ပြာကနေ ဘယ်နှယ် မသူတော် ဖြစ်သွားရတာတုန်း...
အခုစာဖတ်လိုက်ရမှပဲ ပြာကြီးအကြောင်း အူမချေးခါး သိလိုက်ရတော့တယ်...
းဝ)
အစ်မက လုပ်ပြီ ...
အနော်လည်း အတူတူပါပဲ ...
၁၀၉ ၁၁၀ လေ ... အဲဒါအစ်မကို မပြောဘူး...
ကိုယ့်ဂုဏ် ကိုယ်ဖော်တာ...
နှစ်ယောက်ဖြစ်သွားလဲ အရေးလုပ်နေဦးမှာပါ.
ချစ်နေဦးမှာပါပဲ မမပြာရယ်
အားလုံးချစ်ချစ်ခင်ခင် ပျော်ပျော်ရွှင်ရွှင် ရှိကြပါစေ
ညီမလဲ ဟုတ်
ယောင်းယောင်း ဆိုလဲ မှန်တဲ့
မြ
:D
မ....
စိတ်နှလုံးကြည်လင် လှပတဲ့ မရဲ့ကောင်းကင် အမြဲကြည်စဉ်လှပနေမယ်လို့ ယုံပါတယ်။
တိမ်အုံ့လည်း ခဏလေးပါ မရယ်နော်။
ချစ်တဲ့
=)
Post a Comment