တွေးလိုက် ရေးလိုက်...

ကိုယ့် ဘဝဟာ အချိန် ရထား သယ် ဆောင်ရာကို တွန့်တွန့်ဆုတ်ဆုတ် နဲ့ တရွတ်ဆွဲ လိုက်ပါနေသူ မဟုတ်ပဲ အထက်တန်းတွဲ မှာ အခန့်သား ထိုင်ပြီး စိတ်လိုလက်ရ လိုက်ပါလာသူ တယောက်ပဲ..

ကိုယ့် ရထားတွဲက အထက်တန်းကျပေမဲ့ အထက်တန်းကျကျ မစီးရတဲ့ ခရီးဖေါ်တွေ ရဲ့ ဘဝ နဲ့ ခရီးစဉ်တလျှောက် ဖြတ်သန်းတွေ့ကြုံ ရတဲ့ ဝန်းကျင် အနေအထားတွေကို မျက်စိ ရဲရဲ ဖွင့်ပီး မြင်အောင်ကြည့် သိအောင်တွေးပါတယ်၊ နားလည်အောင် လုပ်တယ်၊

ဘဝက ထူထူလို့ ပြောရလိမ့်မယ်၊ ဘဝရဲ့ အဆင်မပြေမှုတွေကို လူငယ်ပီပီ တခါတရံ စိတ်ပျက်လိုက်၊ ညည်းတွားလိုက်၊ တခါတရံ တက်ကြွလိုက်၊ ပေါက်ကွဲလိုက်၊ လောကဓံ ရဲ့ သံစဉ်ရိုးအတိုင်း ခံစားနိုင်ရင် ကောင်းတာပေါ့၊

စိတ်အစဉ်တွေကိုလဲ စာတွေ အဖြစ်ချရေးမိသလို ၊ သူများစိတ်တွေကိုလဲ လိုက်ဖတ်မိတော့ လူတွေကို သိချင်းမသိချင်းက သိတ်တော့ ပဓာန မကျပါဘူး၊ တခါတရံ လူချင်းမသိပဲ ကလောင်အမည်ကိုပဲ ရင်းနှီး၊ စာတွေ ကဗျာတွေ ကိုပဲ ကြိုက်နှစ်သက်ရတာက ပိုပြီးတော့ ကောင်းသလိုလို ရှိတယ်၊

လူချင်းတွေ သိတော့ရော..ရင်ဘတ်ချင်း တူသူတွေ ဖြစ်လာတော့ ရင်းနှီးမှု တွေ ၊မျှဝေမှုတွေ ၊ ခံစားချက်တွေ ၊ အတွေးအခေါ်တွေ၊ ညှိနှိုင်း၊ ဆွေးနွေး ၊တိုင်ပင် အဲ့သလို လဲ ကောင်းတာပါပဲ၊

တခါတလေ ကိုယ့် ကိုယ်ကို မုန်းမိတာ တခုက သူတို့ ပြောတဲ့ စကားတွေ ကို ကောင်းကောင်း နားမလည် သေးသလိုပဲ၊ အသံထွက်တွေ တော်တော် စိမ်းနေသေးသလိုလို၊ တဖြည်းဖြည်း နဲ့ နေ့ပေါင်း ရက်ပေါင်း သတ္တပတ်ပေါင်း များလာတာနဲ့ အမျှ စကားတွေကို ခွဲခြားတတ်လာခဲ့တယ်၊ နားလည် လာတယ်၊ ရင်းနှီးမှုတွေ ပိုလာတယ်၊

အဲ့သလို ပိုလာရင်း....ပိုလာတော့....

12 comments:

ဖိုးစိန် February 11, 2010 12:26 PM  

ပိုလာတော့... ပိုလာတော့...


သံယောဇဉ်တွေ ပိုလာတယ်..

မျက်ရည်တွေ ပိုလာတယ်..

ပလီပလာတွေ ပိုလာတယ်..

ပိုကြာလာတော့ ပိုမျှော်တတ်လာတယ်...။

အကောင်းဆုံး ဖြစ်စေချင်စိတ်တွေပိုလာတယ်...။

နားလည်မှုတွေ ပိုလာတယ်...။

ဟင်းခွက် ထမင်းခွက်တွေ ပိုလာတယ်...။

ဟင်းမယ် ထမင်းမယ်တွေ ပိုလာတယ်...။

ဖုန်းတွေ ပိုပိုမျှော်လာတယ်..။

ရထားတတွဲထဲ ဘယ်က စီးစီး ဒီခရီးကို တစ်စီးထဲ သွားနေရတာပါ..။ သက်တောင့်သက်သာ ရှိမှု မရှိမှုပဲ ကွာပါတယ်..။

စိတ်ညစ်နေလား... ခံစားမနေပါနဲ့.. စစ်တီးဟောသွားပြီး ကွမ်း သွားဝယ်ကြစို့လေ.။။


အာသရေ။။။။ မားးနားး မူး....း))

Mogok Thar February 11, 2010 1:51 PM  

ပိုလာပါ.. ပိုလာလေ့.... ပိုလာဘီးးးးးးးးးးး....

ဘယ်အရာမဆို လိုအပ်တာထက် ပိုသွားရင်မကောင်းဘူးးး တဲ့.....

သို့ပေသည့်...

အဲ့သလို ပိုလာရင်း....ပိုလာတော့....

ွှချစ်တွေ ပို.. ပို..လာတာပဲကောင်းတယ်ဗျာ.. ဏော.........

ကိုယ်တွေကတော့.....
ဗေထိ ဆို.....
..........
......
..
.

စိတ်တွေရော.. မျက်နှာတွေရော.. ဒီကောင်က မဖတ်တတ်တော့... အင်းးး....
ကိုယ့်အတွက် တမျိုးကောင်းတယ်...

အိုင် ကတော့ လူတွေကို နားမလည်ပေးတတ်ဘူးး.... ချစ်ပဲ ချစ်တတ်တယ်...

;-P

ဇွန်မိုးစက် February 11, 2010 2:04 PM  

ဒီမောင်နှမတွေ တော်တော်သံယောဇဉ်ကြီးကြတယ်နော်။ ဘဝရထားစီးနင်းလိုက်ပါနေသ၍တော့ တွေ့ဆုံရင်းနှီး၊ ကွေကွင်းနာကျင်မှုတွေ ဖြစ်နေဦးမှာပေါ့ မမပြာရယ်။

noblemoe February 11, 2010 6:58 PM  

ပိုလာတာတွေ လာယူသွားပြီ
အားလေးလိုက်တာ မနိုင်တော့ဖူး ကူသယ်ပေး MRT ထိ
လိုက်ပို့ ပေးး)
မမပြာ သာာယာချမ်းမြေ့ပါစေ။
ိမိုး

အိုက်ခီလောက် February 11, 2010 11:25 PM  

ပိုလာတာတော့ မဖြစ်နိုင်ဘူး ပိုလာတော့ ပိုလာတော့
အမှန်က ပိုကာဒေါင်း ပိုကာဒေါင်းပါ
ချစ်ယောက်ဖကိုကြီးဖိုးစိန်နဲ့ ပိုကာဒေါင်းနေတာမလား ဟင်းဟင်း
ကိုဖိုးစိန်ဖွသွားတယ်နော် တစ်နေ့ တစ်နေ့ ပိုကာဒေါင်းရတာအမောတဲ့ လေ

reenoemann February 12, 2010 12:05 AM  

ပိုလာတော့လည်း ကောင်းတာပေါ့လေ

တောင်ပေါ်သား February 12, 2010 10:53 AM  

ပိုလာတော့ ပိုလာတော့ ဘာဖြစ်တုန်း
ပိုလာတော့ မကွဲချင်ဘူး တူတူနေမယ် ပြီးရင် စကားများမယ် ရန်ဖြစ်မယ် ပြန်ချော့မယ် ပြန်တည့်မယ် ထုမယ် ထောင်းမယ် ပါးပါးလှီးမယ် အဟေးဟေးးးး


လေးစားလျက်
တောင်ပေါ်သား

ကိုလူထွေး February 13, 2010 8:47 PM  

လက်စသတ်တော့ အထက်တန်း ရထားတွဲထဲမှာ ပိုကာဒေါင်းနေတာကိုး...

နားမလည်တဲ့ စကားလုံးရှိခဲ့ရင် ပြောဘာ...
အေးအေးဆေးဆေး ညှိနှိုင်း၊ ဆွေးနွေး၊ တိုင်ပင် လို့ ရပါတယ်...

းဝ)

seesein February 15, 2010 2:34 PM  

့ဖြစ်ချင်တာတွေလည်း မဖြစ်ရပါ လောဘ ရယ် ဒေါသရယ်....ဆက်ဆိုလိုက်တော့
ဘ၀သံသရာ...ရှည်လျှားထွေပြား မနေမနာ တသွားထဲသွားရမှာ.........


ညစ်မနေပါနဲ့ ကောင်းကင်ဆိုတာ မှုံလိုက် ကြည်လိုက် အုံ့လိုက်ပဲနော မမြဲပါဘူး


ခင်တဲ့
seesein

ကိုမျိုး (အညာမြေ) February 18, 2010 2:48 PM  

မင်္ဂလာပါ ကောင်းကင်ပြာ

ရွှင်လန်းချမ်းမြေ့ပါစေလို့ နှုတ်ခွန်းဆက်သရင်း တွေးလိုက် ရေးလိုက်.. အဖြစ်အပျက်လေးကို ခံစား ဖတ်ရှု့သွားပါတယ်..

ခင်မင်စွာဖြင့်
ကိုမျိုး

ပိုးဟပ်လေး February 18, 2010 3:48 PM  

ပိုလာ ဝက်ဝံတို့ ...
ပိုလာ ရေခံမုန့်တို့..
ပိုလာဘာလီ ကျွန်းတို့...
အင်...ဒါတွေလည်း ပိုလာတွေပဲနော်
ဧကန်ဏ မမပြာ MRT ကို အထက်တန်းတွဲက
စီးမိပြီထင်တယ်....:D

ပိုးဟပ်လေး February 18, 2010 3:48 PM  

ပိုလာ ဝက်ဝံတို့ ...
ပိုလာ ရေခံမုန့်တို့..
ပိုလာဘာလီ ကျွန်းတို့...
အင်...ဒါတွေလည်း ပိုလာတွေပဲနော်
ဧကန်ဏ မမပြာ MRT ကို အထက်တန်းတွဲက
စီးမိပြီထင်တယ်....:D