စိတ်ထဲမှာ နှင်းတွေ ကျနေတယ်....
အပြင်မှာ မိုးတွေ ရွာနေတယ်...
ရင်ထဲမှာ အရမ်း အေးချင်တယ်...
အပြင်မှာ ပူလောင်ပြီး ချွေးထွက်နေတယ်...
စိတ်ထဲမှာ တောင်ပေါ်က မြို့လေးကို ပြန်ပြီး နှင်းတောထဲ လမ်းလျှောက်ချင်တယ်..
အပြင်မှာတော့ မိုးရွာပြီး ထီးမပါတော့ ဟိုပြေး ဒီပြေးပေါ့...
မိုးရေထဲ လမ်းလျှောက်ဖူးသလား...
မျှော်လင့်ချက်တွေ စိမ်းလန်း လာတဲ့ အထိ..
သက်တန့် တခု ကို မော့ကြည့်ဖူး သလား...
စိတ် အစဉ်တွေ ဖြူစင်သွားတဲ့ အထိ....
မိုး....မိုးရွာတယ် ဆိုတာ အေးချမ်းတဲ့ သဘောလို့ ယူ ဆရင် ကိုယ့် အတွက် တော့ အမှားပဲ.....
မိုးတွေ ခဏခဏ ရွာတယ် နော်...ကိုယ် မိုးတွေ ကို မချစ်တတ်ဘူးလေ၊ ကိုယ်ချစ်တတ်တာ နှင်းပွင့်လေး တွေ တဖွဲဖွဲ ကျနေတဲ့ ဆောင်းဥတုလေ၊ စိတ်ကူးတွေ ယဉ်လွန်းလိုက်တာ..လူ နဲ့ မလိုက်..အဲ့လို တွေ ဖြစ်လွန်းလွန်း လို့ မှတ်သလား ဆိုပြန်တော့လဲ.......
မျှော်လင့်ချက်တွေ စိမ်းလန်း လာမလား ဆိုပြီး မိုးရေထဲ လျှောက်တာပဲ...ဒါပေမဲ့ ကိုယ့်အတွက် မဟုတ်ခဲ့ဘူးလေ၊ စိတ်အစဉ်တွေ ဖြူစင်မလား ဆိုပြီး သက်တန့် တွေ ကို မော့ကြည့်ခဲ့တာပဲ...ဒါပေမဲ့ ကိုယ့်အတွက် မဟုတ်ခဲ့ ပြန်ဘူးလေ၊ မိုးကလဲ သူ့ သဘာဝ အရ သူ့အလုပ်သူ လုပ်နေသလို သက်တန့် တွေ ဟာလဲ ကိုယ် နဲ့ ပြဒါး တလမ်း သံတလမ်း ပဲလေ...
ဒါဆို ကိုယ်က ဘာတွေ လုပ်နေတာလဲ မရနိုင် မမြင်နိုင် တဲ့ နှင်းတွေ ကို တမ်းတ နေသူပေါ့.....
နှင်းတွေကို တမ်းတ နေသူ
Posted by
ကောင်းကင်ပြာ
at
Monday, February 22, 2010



16 comments:
နွေဆိုရင်တော့ နေပူခံရလိမ့်မယ်...။
မိုးရာသီမှာတော့ မိုးစိုတာ ခဏ ခံရမှာပါပဲ..။
နွေတွေ မိုးတွေ ပီးလို့
ဆောင်းရောက်လာရင် နှင်းတွေ ကျလာမှာပေါ့။
နှင်းတွေ ဝေတဲ့တစ်နေ့မှာ
နေပူခဲ့တဲ့ နေ့တွေအကြောင်း..
မိုးရေထဲ ထီးမပါ ဟိုပြေး ဒီပြေးခဲ့တဲ့အကြောင်းတွေ..
ရယ်ရယ်မောမော ပြန်ပြောကြတာပေါ့
ပြာဂျီးရေ
ဒီဇင်ဘာည တစ်ည နှင်းကျတဲ့ည အပြင်မှာ
အေးသလောက်..ရင်ထဲမှာ ပူလောင်နေဆဲ ပဲ
ဆိုတဲ့ သီချင်းစာသားလေးကိုတောင်သွားသတိရမိပါ
ရဲ့ခင်ဗျာ
ပျော်ပါစေ အစ်မရေ
*.*.*
နှင်းတွေကို ချစ်တဲ့သူက နှင်းတောထဲ မနေနိုင်ပဲ မိုးရွာရင်ရွာ မရွာရင် နေပူတတ်တဲ့ ဒီကျွန်းပေါ်ကို ရောက်နေတာပါလား
စိတ်ကူးထဲကအတိုင်း နှင်းဝေတဲ့ဆောင်းကို အမြန် ပြန်ကြုံတွေ့နိုင်ပါစေ ..း))
နှင်းတွေတော့မကြုံလိုက်ဖူး...မြူတွေဆိုင်းနေတာတော့
ကြုံလိုက်တယ်.... ရန်ကုန်မှာ
နှင်းဆိုလို့ အပြေးလေးလာဖတ်တာ မမရေ
နှင်းကြိုက်ချင်းတော့ တူတယ် မိုးကိုမချစ်ဖူးလားမ
မိုးမရှိရင် ဆန်နဲ့ ကောက်ပဲသီးနှံတွေ ဘယ်လိုလုပ်မလမ
သာယာချမ်းမြေ့ပါစေနော်
ဆောင်းနှင်းတွေက ဖြူဆွတ်နေတယ်..
မာနကင်းတယ်...
ဟန်ဆောင်မှုမရှိဘူး...
အေးမြတယ်...
ကောင်းကင်ပေါ်ကနေ တဖွဲဖွဲ ကျလာ တလောကလုံးကို အေးမြစွာ လွှမ်းခြုံထားလိုက်ပုံများ .....
သြကာသ လောက တစ်ခုလုံး ဖြူလို့... ဖွေးလို့... အေးမြလို့...
အပြင်မှာရော ရင်တွင်းမှာပါ ဆောင်းနှင်းတွေ တဖွဲဖွဲကျဆင်း... အေးမြနိုင်ပါစေ...
နှင်းတွေဝေသော နေ့ရက်တွေ အမြန်ရပါစေ ညီမလေး
ချစ်မရေ..........
ဖြူစင်အပြစ်ကင်းတဲ့ နှင်းလေးတွေနဲ့ မနက်များကို ပိုင်ဆိုင်ပြီး အဆင်ပြေပျော်ရွှင်ပါစေနော်။
ဘဝမောမောလေးတွေ ပြေပါစေ။
ပြာကြီးရေ ပြာကြီးလိုချင်တဲ့ နှင်းတွေကျတဲ့ နေ့တစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေဗျာ
အမရေ.. စာစုလေးတွေဖတ်ပြီး
လူပါ မျှောလွင့်သွားတယ်ဗျာ
ရေးထားတာလေး အရမ်းကို နူးညံ့တယ်ဗျာ
ဖတ်ရင်းနဲ့ စပရိမ်တွေလို တစ်ရစ်ချင်း ခွေကျသွားမလား အောင့်မေ့ရတယ်..
ဘယ်လိုခံစားချက်နဲ့ ရေးတာတော့မသိဘူး
ကိုယ့်ခံစားချက်နဲ့ကိုယ် ဖတ်သွားတယ်..း-)
ပျော်ရွှင်ပါစေ
ခင်မင်စွာဖြင့်
စည်သူ။
သဘာဝဟာ သဘာဝပါ .. သီချင်းလိုပါပဲ အစ်မရယ်...
မမပြာပြာ
သဲ ကို တမ်းတ ရင် တမ်းတ တယ် ပြောပါ ..
ဘာလဲ ...
နှင်း ကို တမ်းတ နေသူ ..!
အဲ့လို စီးကရက် တွေ သဲ မကြိုက်ပါဘူးဆို ..
အဟိ ..
ကွန်မန့်က ပေးချင်တာပေးလိုက်တာ ..>>
အနော်လဲမိုးကိုမကြိုက်တတ်ဘူး မမပြာ
တူတူပဲ
နှင်းဝေတဲ့ဆောင်းနဲ့ ပြန်ဆုံချင်ရင်တော့ မမပြာ ဒီကျွန်းက ခဏဖြစ်ဖြစ်ခွာမှ ရမယ်နော်။
ကန်မလေး မိုးမိနေသလား...
ကော်ဖီသောက်ပြီး ကွေးနေတလား...
ရင်ပူနေရင် ရေခဲမုန့်ချားပါ...
းဝ)
တောင်ပေါ်မြို့လေးရဲ့ နှင်းတောထဲ လမ်းလျှောက်ချင်တယ်။
Post a Comment