ကိုယ့် အကြိုက် တဲ့ ညီမငယ် ဇွန်မိုးစက်က လာတဂ် ထားတယ်၊ ငွေ အကြွေးတွေ မရှင်း နိုင်သေးခင် စာအကြွေးတွေ တော့ ရှင်းဦးမှ ဆိုပြီး ရေးမလို့စဉ်းစားတော့ ကြိုက်တာထက် မကြိုက်တာတွေ က ပိုများနေတယ်၊ ကိုယ့်ရှေ့ က မမ တွေ ရေးသွားသလို လုံချည် လေး တွေ ချပြရအောင်လဲ လူရင်းတွေ သိပါတယ်၊ လုံချည်လေး ၃ ကွင်း ထဲ ပါတာ အဲဒီ ၃ကွင်း ကို ခု ၃နှစ်ပြည့်တဲ့ ထိ ဝတ်မလား စဉ်းစားနေတုန်း၊ လူကြုံ ရှိတယ် ဆိုလို့ အိမ်ကို လုံချည် ဝတ်စရာ ကုန်လို့ ၃ကွင်းလောက် ထည့်ပေးလိုက်ပါလို့ မှာလိုက်ရတယ်၊ လူကြုံ ညီမလေး တော့ ပြန်ရောက်ပါပြီ ၊ လုံချည် ၄ကွင်းပါတယ် လို့ သတင်းရထားတယ်၊ လုံချည် ဝတ်တယ် ဆိုပြန်တော့ လှလှ ပပ ချပ်ချပ်ရပ်ရပ် ဝတ်တတ်တာ မဟုတ်၊ ဝတ်လိုက်ရင် ဘိုသီ ဘပ်သီ၊ စွန် တောင်ဆွဲ၊ လုံးဝတ်တတ်တယ်၊ ခန္တာကိုယ်က အသက်ကြီးလို့ ဝလာရတဲ့ ကြား လုံချည်ကို လုံးဝတ်ထားတဲ့ ပုံ မြင်ယောင်ကြည့်ပါ၊ စည်ပိုင်း ကို ပတ်ထားသလို ပုံမျိုး၊ ကိုယ်ကိုယ်တိုင် တော့ မှန် နဲ့ ရန်ဖြစ်ထားပါတယ်၊
လုံချည် ကြိုက်သလားဆို ကြိုက်တယ် ဖြေရမှာပဲ၊ ဒါပေမဲ့ မဝတ်ဖြစ်တာပါ၊ မဝယ် တတ်တာပါ၊ ကိုယ့် အမေ ဝယ်ပေးတဲ့ လုံချည်တွေပဲ ဝတ်တယ်၊ ငယ်ငယ်ထဲ က မိန်းကလေး က ကိုယ် တယောက်ထဲ ဆိုတော့ အကိုတွေ မောင်တွေ ဦးလေး တွေ အကျ ဘောင်းဘီတို ၊ ရှည်၊ စပို့ရှပ်၊ တီရှပ် ၊နဲ့ စကပ်တွေ ပဲ ဝတ်တတ်တာ၊ ၈ တန်းနှစ် ကျောင်းတတ်တော့ မဝတ်မနေရဆိုတော့ လဲ အကို့ အကျ အုန်းပင် တံဆိပ် ခေါ်လား အဲ့ဒီ ပုဆိုးတွေ ကို အထက်ဆင် မပါပဲ ဝတ်ခဲ့တာပဲ၊ ပုဆိုးတွေက အနံကြီး ကွင်းကျယ် တွေဆိုတော့ လုံးဝတ်တာ၊ ဘယ်လိုမှ လှလှပပ ကျောင်းသွားတဲ့ နေ့ရယ် ဆိုတာ မရှိခဲ့၊ ၁၀ တန်းအောင် တက္ကသိုလ် တတ်ပြန်တော့ လုံချည် တိုတိုတွေ ဝတ်တဲ့ ခေတ် ကို ရောက်လာရော၊ ကိုယ့် အကြိုက် အမေ့လုံချည် တွေ အားလုံးကို အပေါ်က တီရှပ်၊ အောက်က လုံချည် တိုတို လုံးဝတ် ထားတာနဲ့ အံဝင်ဂွင်ကျပဲ၊ အပေါ်အင်္ကျီ အရောင် နဲ့ လုံချည်မလိုက်လဲ ဝတ်တာပဲ၊ နောက်ပိုင်း အစ ပျော့ပျော့တွေ ပေါ်လာတော့ ကိုယ့် အမေက သူ့သမီးလေး လှစေချင်လို့ ဝယ်ပေး၊ ဝတ်ခိုင်း ပေမဲ့ ဘယ်လိုမှ အဆင်မပြေတဲ့ အတွက် ကိုယ့် အမေရဲ့ ပါတိတ်လုံချည် တွေ နဲ့ ပဲ ကျောင်းပြီးခဲ့တယ်၊ နောက်ပိုင်း ကျမှသာ စကပ်လုံချည် ဆိုတာတွေ ပေါ်လာတာ၊ အဲဒီအချိန်မှာ ကိုယ်က အလုပ် လုပ်နေပြီ ဆိုတော့ အဲ့လို လုံချည် တွေ နဲ့လဲ အဆင်မပြေပြန်ပါဘူး၊ နေရာတကာ လျှပ်ပြာပြာ၊ ဂျမ်းတော တယောက်ဟာ အဲ့ဒီ သုံးလွှာ လုံချည် စကပ် နဲ့ ခဏခဏ ဒူး တုတ် လဲ မလိုတွေ ဖြစ်ခဲ့တယ်၊ အပေါ်က ဖိချုပ်ထားတဲ့ နေရာလေး တွေ တခုမှ အကောင်းမရှိဘူး၊ ပြဲထွက် ပြုတ်ထွက် တွေ ချည်းပဲ၊ လုံချည် အကြောင်းကို ဒီထက် ရေးရင် လဲတာ ကွဲတာတွေပါ ပါလာနိုင်တဲ့ အတွက် နောက်တခုပဲ ထပ်ရေးတော့မယ်၊
နောက်ထပ် အကြိုက်တခု ကတော့ ကော်ဖီ၊ လက်ဖက်ရည်ပါ၊ မြန်မာပြည်မှာ နေတုန်းကတော့ လက်ဖက်ရည်ပဲ ပိုကြိုက်တယ် ပြောရမယ်၊ ကော်ဖီကတော့ အိမ်မှာနေရင်းပဲ သောက်တာ၊လက်ဖက်ရည်ပဲ အသောက်များတယ်၊ မိန်းကလေး ပီပီ လက်ဖက်ရည်ဆိုင် ထိုင်တတ်ပါတယ် :D၊ ကိုယ့်မှာ မိန်းကလေး ဖေါ်လဲ ရှားတော့ အိမ်မှာနေရင်း လက်ဖက်သုတ်စား ဂျင်းသုတ်စား မရှိဘူး၊ ကြိုက်လဲ မကြိုက်ဘူး၊ မောင်တွေ အကို တွေ အပြင်ထွက် ကိုယ်လဲ လိုက်ပါတယ်၊ မောင်တွေ ကလဲ အမ တယောက် ဆိုတာထက် တိုင်ပင်ဖေါ် အကို တယောက်လို ဘယ်သွားသွား ခေါ်ပါတယ်၊ ဘယ်နားက လက်ဖက်ရည် ကောင်းတယ် ဆိုတဲ့ အသံ ကြားတာ နဲ့ သွားသောက်တတ်ပါတယ်၊ အခု ဒီရောက်တော့ ဖုကောင့် တွေ မှာ ရောင်းတဲ့ လက်ဖက်ရည် ကို မသောက်နိုင်ဘူး၊ တခုခု လိုနေသလိုပဲ၊ အဲ့ဒီတော့ အိမ်ကို ကော်ဖီမှုန့် မှာသောက်တယ်၊ ဘယ်လောက်တောင် သောက်သလဲ ဆို အိမ်မှာ နေတဲ့ နေ့ဆို ခဏခဏကို သောက်မိပါရော၊ အတူ နေတဲ့ ဗီယက်နမ် မလေးဆို ကော်ဖီ ကြိုက်တာ သိတဲ့ အတွက် သူတို့ ဆီက ကော်ဖီမှုန့်ကို ဖျော်စရာ ခွက်တွေ ဘာတွေက အစ ပို့ပေးပြီး သောက်စေတယ်၊ အသက်ကြီးရင် ကျန်းမာရေး ထိခိုက်မယ် ကော်ဖီ တွေ အများကြီး မသောက်နဲ့ နော် လို့ ပြောတဲ့ သူတွေကိုလဲ အင်းပါ၊ ဟုတ်ကဲ့ပါ ပြောပြီး သောက်တာပါပဲ၊ ခုလဲ ကော်ဖီ သောက်ရင်း စာရေးနေတာပါ၊
ကိုယ့် အကြိုက်ကတော့ ဒီလောက်ပါပဲ၊ နောက် အကြိုက် တခု ကတော့ မရေးတော့ဘူး၊ ရေးရင် ဝိုင်း ပြောကြမှာ သေချာနေလို့၊ စားစရာပါပဲ၊ အားလုံးကို မစားတော့ဘူး ဖြတ်တော့ မှာပါ ပြောထားပေမဲ့ စားနေတုန်း၊ စားနေဆဲ၊ စားလတ္တံ ဖြစ်နေတဲ့ အတွက် မစားနဲ့တော့ နော်လို့ ပြောလာမဲ့ သူတွေ အတွက် အင်းပါ၊ ဟုတ်ကဲ့ပါလို့ ခုစာထဲကနေ ကြို ကာ ထားလိုက်ပါတယ်၊
ညီမငယ် ဇွန်မိုးစက် ရေ မမ အကြိုက်တွေ က ဒီလောက်ပါပဲ၊ နောက်တခါ တဂ်ရင် မကြိုက်တဲ့ အကြောင်းလေး တဂ်ပါ၊ ရေးစရာတွေ အများကြီး ရှိပါတယ်...း)
ကိုယ့် အကြိုက်..
Posted by
ကောင်းကင်ပြာ
at
Wednesday, February 24, 2010



20 comments:
မေပြာ... အိမ်လာလည်တဲ့ သူတွေကို MRT လိုက်ပို့တိုင်း ထမီ ဝတ် ပိုက်ဆံအိပ် ဂျိုင်းကြားညှပ်ပြီး တကောက်ကောက် လိုက်တာကို ကြည့်တိုင်း ပွဲစားမ ကြီးနဲ့ တူပါတယ်လို့... ပါးစပ်မှာ ကွမ်းတမြုံမြုံနဲ့လေ... အဟဲ...
ဘောင်းဘီတိုနဲ့ ပိုလိုက်ပါတယ်.. အိုး.. ဘာတဲ့.. ဘာအကျီင်္ ဆိုလား... မောင့်သဘော အကျီ ဆိုလား.. အဲဒါ နဲ့ ပေါ့... ခုတောင် မျက်စိထဲ ပြေးမြင်မိတယ်..
ကော်ဖီကလဲ မယားငယ် ကော်ဖီ ဆိုလားပဲ.. နာမည်ကိုတွင်ရော...း))
နောက်အကြိုက်တစ်ခုကို မေပြာရဲ့ မောင်နှမတွေ ဖတ်ရင် ဟွန်းးးးးးးးးးးးး ဆိုပြီးးးး ပြောကြတော့မှာနော်....
ဖြတ်လို့ ပြောတဲ့ထဲ သားမပါသေးဘူး... ပြောလဲ ပြောတာ အရာမရောက်ဘူးးးလေ... အဟဲ.. ကျန်တဲ့သူတွေတော့ ပြောပါစေတော့လေ..
အဲဒီအကြိုက်ထဲမှာ အောက်ဆုံးကတော့ မေပြာ့ အကြိုက်ဆုံး ဆိုတာ......
kom တို့သိတယ် အခုဘာဝါးနေသလဲဆိုတာ။
အဟမ်းးးးးးးး အလုပ်ရရင်တော့ ဘာဖြတ်မယ်ဆိုသလားးး
ကြားးးးးမိသလာာာာာားးးးးးးလို့
း((((((((
ကိုဖိုးစိန်ပြောတယ်နော်
ရာဟုသမီး စကားနားထောင်ပါတဲ့
ဟွန်းဟွန်း
ကွမ်းစားတတ်သလားဟင်။။။အဖော်ညှိမလို့ ဟီး၂
အမ က တော့ ကော်ဖီလည်း မကြိုက် ....လက်ဖက်ရည်လည်း မကြိုက်... လက်ဖက်သုပ်... ဂျင်းသုပ် လည်း မကြိုက် ဘူး... ဒါပေမယ့် ရေနွေးကြမ်း တော့ တအား ကြိုက် တယ် ... တနေ့ ကို
ရေနွေးကြမ်း ဓါတ်ဗူး အလတ် နှစ်ဗူး လောက် သောက်ဖြစ်တယ် ... ခု တောင် ရွှေကြက် ပဲကြီးလှော် နဲ့
ရေနွေးကြမ်း သောက်ရင်း စာရိုက် နေဖြစ်တာ ... ညီမလေး ပဲကြီးလှော် စားဦး မလားး)
mie nge
မမပြာအကြိုက်တွေ သိရတဲ့အတွက် ကျေးဇူးပါ။ မပြောချင်ပေမယ့်လည်း ချစ်လို့ပြောပါရစေ။ မမအကြိုက်တွေက ကျန်းမာရေးထိခိုက်မယ့်ဟာမျိုးဖြစ်နေတော့ အလွန်အကျွံတော့ မဖြစ်စေနဲ့နော်။ ကြိုးစားပြီး နည်းနည်းချင်းလျှော့ကြည့်ပေါ့မမရယ်။ ကော်ဖီလည်းလျှော့၊ ... လည်း လျှော့နော်။
ချစ်တဲ့
ညီမဇွန်
မမရေ ကော်ဖီကြိုက်တာတော့တူပါတယ်။အရင်တုန်းကတော့  ကော်ဖီကို တစ်နေ့ ကို ၅ ကြိမ်လောက်သောက်ဖူးခဲ့ တယ် အခုတော့  တစ်ကြိမ် သောက်ဖို့ တောင်ကြေက်နေတယ်။ရင်တုန်တဲ့ဒဏ်ထက်
အိပ်ရေးပျက် ရင် အလုပ်မှာပျက်သနာလေ။ကိုယ်နိုင်ငံမ
မဟုတ် တော့အစစရာရာ သတိထားနေရတယ်မရေ။
အားလုံးဖြတ်စေချင်တဲ့  မမပြာဝါးဝါးနေတဲ့ ဟာ တချိန်မှာ ဖြတ်နိုင်ရင်တော့ ကောင်းဆုံးပါပဲ။
သာယာချမ်းမြေ့ပါစေနော်
မိုး
ဖြတ်............... အကုန်ဖြတ်......... မကောင်းတာတွေ အကုန်ဖြတ်............ ကွမ်းလဲ မစားနဲ့........ အရက်လဲ မသောက်နဲ့........ ဘီယာလဲ မမျိုချနဲ့......... ၀ိုင်လဲ မကစ်နဲ့........... ကုလားကားလဲ မကြည့်နဲ့.......... မကောင်းတာတွေ အကုန်ဖြတ်........... မှတ်ပြီလားးးး စီဘောက်မှာ လာလာအော်နေကြတာ ဟွန်းးးးးးးးးးးး
ထမီကို ၀တ်တတ်အောင် သင်ပါ ဒါပဲ ပြောမယ် အဟေးဟေးးးးး
လေးစားလျက်
တောင်ပေါ်သား
စ ဖတ်ဖတ်ချင်း
ကွမ်းယာ အကြောင်း မရေးဘဲ
လုံချည် အကြောင်း ရေးတော့
အံသြ သွားတယ် ..
နောက်ဆုံးမှာ တော့ ပါလာ သေးတယ် ..
အဟိ ..!
သဲ လည်း
ကိုဖိုးစိန် ပြောတာကို
မျက်စိ ထဲ မြင်ယောင်လိုက်အုံးမယ် ..
အို .. အဲ့လို ဒီဇိုင်းလေး လည်း လှတာပဲ ..
နောက်ဆုံးပေါ် ခေတ်သစ်
စင်္ကာပူ ဒီဇိုင်း ပေါ့ ..>>>
ဝါးးးးးးးးးးးး
ချစ်မ အကြိုက်တွေ သိတယ်။ သိတယ်။ အဲလေ...
သိပြီ။ သိပြီ ဖြစ်ရမှာနော်။ အဟဲ
လက်ဖက်ရည်ဆိုင်က လက်ဖက်ရည်ကောင်းကောင်းလေး ကြိုက်တာ တူတယ်။
မြန်မာပြည်လက်ဖက်ရည်ဆိုင်က လက်ဖက်ရည်တွေပဲ ကြိုက်တာ။အဟီးးးး ကော်ဖီတော့ လျော့သောက်ဦးနော်။ ဝါးတာလေးလဲ လျော့ပါတော့။ ပြောလဲရမယ် မထင်ပါဘူး။ အဟဲ...တမင်နောက်တာနော် အတည်။
ဟင်
စားနေတုန်းပဲလား
ဖြတ်ပါဆိုတာပြောမရဘူး
ခေတ်ကာလကလေးတွေများတယ်ဆိုးတာပဲ
လူကြီးသူမဆုံးမတာကို ပန်းနဲ့ပေါက်တယ်ထင်နေကြတယ်
အင်းးးးးးးးးးးခက်သေးတယ်ခက်သေးတယ်
ပြောမနေတော့ပေါင်အေ
နားမထောင်တဲ့တူတူတော့
;0)
ကော်ဖီ.. ဟုတ်လား။
ကျွန်တော်လွှတ်ကြိုက်ပါတယ်။
ဘယ်လောက်ကြိုက် ဆို ဘဝ ကိုတောင် ကော်ဖီခါးခါး
တစ်ခွက်နဲ့  နှိုင်း ခဲ့ ဘူးမိပါတယ်လို့ ။
အမျိုးတွေက ကော်ဖီခြံတွေ ပိုင်တယ်ဆို.. ဟုတ်သလား...
းဝ)
ပြာပြာ့ကို အဲဒီ ကွမ်းဆိုတာကြီးကို လုံးဝပြတ်အောင် အပြတ်ဖြတ်ပေးနိုင်တယ် ဆိုရင် ယုံနိုင်ကြပါ့မလားပဲ “စ“လုံးမှာ နေလို့ ကတော့ ပြာပြာလုံးဝပြတ်စေရမယ် ကွမ်းပြောတာ ။ သမီးပျိုတို့က ကွမ်းသိပ်ကြိုက်တဲ့ ဆရာ ကိုတောင် ဘာမီတွန်ကြိတ်ထည့်ပြီး ကျီစားခဲ့သေးတာ ။ ပြာပြာတကယ်ပြတ်ချင်တယ်ဆို ဥဏ်ရောင်စုံသုံးပြီးတော့ကို ဖြတ်ပေးမှာ ။ ဖြတ်မလားဟင် ပြာပြာ....
ခင်တဲ့
သမီးပျို
ကြိုက်တာက နည်းနေသလိုပဲ ။ အကြိုက်တွေ များမှ ဘဝက ပိုနေပျော်တယ် မဟုတ်လား။ ဟိုဟာမစားဘဲ ပြောရင် အမအသံက မူရင်း အသံ မဟုတ်ဘဲ နေလိမ့်မယ်နော် :)
မမ ကောင်းကင်ပြာ
စာကြွေးတွေဖတ်သွားတယ်
အင်း ငယ်ငယ်က .. အကိုတွေနဲ့ ကြီးပြင်းလာတယ် ဆိုပေမယ့် ထမိန် ၀တ်တတ်သေးတယ် ဆိုတော့ လေးစားရပါတယ်ဗျာ ..
မ အကြိုက်တွေ လာဖတ်...မှတ်သွားပါတယ် =)
ကော်ဖီကို သုတေသနတွေလုပ်ပြီးပြောချင်သလိုပြောပါ
ကျနော်ကတော့ ကော်ဖီကို ကြိုက်တယ် ဟီး
ခါးသက်သက်လေး ကို ကြိုက်တာ..
အမှန်တိုင်းပြော၇ရင် ကော်ဖီအကြောင်းကောင်းကောင်းမသိဘူး
ကော်ဖီကြိုက်တာချင်းတူတယ်ဆိုတော့
မိန်းကလေးပီပီ လက်ဖက်ရည်ဆိုင်မထိုင်ပဲ
ကျွန်တော်နဲ့ ကော်ဖီတူတူတွားတောက်မယ် ဟီး
Post a Comment