သူငယ်ချင်းများ...

ဟို အရင် အတိတ်က ဇာတ်လမ်းတွေ အကြောင်း စဉ်းစားရင်း အရင်က ခင်ခဲ့ရတဲ့ ခုထိလဲ ချစ်ခင်နေဆဲ သူငယ်ချင်း တွေ အကြောင်း သတိရမိတယ်၊ လက်ချိုး ရေတွက်လိုက်ရင် မိန်းကလေး သူငယ်ချင်းရယ်ဆိုလို့ ၅ ယောက်ထဲ ရှိတယ်၊ ကိုယ့်ကို ခု ဒီက ဘလော့မောင်နှမတွေ ခေါ်သလိုဆို သူတို့တွေကို လူဆိုးမကြီးနောက်က ၁၊ ၂၊ ၃၊ ၄ တပ်ပေးရမယ်၊ တယောက်တမျိုး သိပ်ဆိုးတယ်၊

ကိုယ်ကလွဲရင် ကျန်တဲ့ သူငယ်ချင်း ၄ယောက်က အချောအလှ လေးတွေ ချည်းပဲ၊ တယောက်ကဆို မျက်လုံးဝိုင်းဝိုင်း၊ မျက်ခုံးလှလှလေး၊ ဒါပေမဲ့ သူက စိတ်ပုတ်တယ်၊ သူများတွေကို ပုတ်တာ မဟုတ်၊ ကိုယ့်တို့ သူငယ်ချင်း ၄ယောက် အပေါ်ကို ပုတ်တာ၊ ကိုယ်တို့ ၅ယောက်မှာ ကားမောင်းတတ်တာ ကိုယ်ရယ် သူရယ် ၂ယောက်ထဲ ရှိတယ်၊ သူက ကားမောင်း ကြမ်းတာ မဟုတ်၊ ရမ်းတာ၊ သူ မောင်းရင် ကိုယ်တို့ ဘယ်သူမှ မစီးချင်ဘူး ဆိုတာ သိနေတဲ့ အတွက် ကိုယ်တွေ အပေါ် မကြည်မလင်တဲ့ နေ့တွေဆို သူ မောင်း ကို မောင်းရမှ ဆိုပြီး ဘုရား၊ တရား၊ သံဃာ အကုန်တအောင် မောင်းတတ်တယ်၊ ကိုယ်တို့ သူ့ကို စိတ်ပုတ်မ လို့ ခေါ်တယ်၊ သူနဲ့ ခွဲနေရတာတော့ ၅နှစ် ကျော်သွားပြီ၊ ခု သူ အမေရိကားမှာ ပျော်နေလောက်ပီပေါ့။

ဒုတိယ လူဆိုးမကြီးကတော့ ကိုယ်တို့ထဲမှာ အသက်အကြီးဆုံး၊ နေရာတကာ၊ သူ မပါမပြီး ဆရာ လုပ်လွန်းလို့ ဆရာမကြီးလို့ ခေါ်တဲ့ တယောက် အရပ်ရှည်ရှည်၊ ထောင်ထောင်မောင်းမောင်း၊ ညိုချော ချောသူပေါ့၊ တနေရာရာ သွားဖို့၊ တခုခု စားဖို့ သွားမယ်ဆို သူ မစားဖူးတာ မရှိ၊ မချက်တတ်တာ မရှိ၊ သူ အကုန်သိ၊ အကုန် တတ်၊ ကားမောင်းတဲ့ ကိုယ့်ကို တောင် ဒီလမ်းကမောင်းလေ၊ ဟိုလမ်းကို သွားလေ၊ ဒါလေးတောင် မသိဘူးလား၊ ဘေးကနေ ပွစိပွစိ၊ ဆရာ လုပ်နေတတ်သူပေါ့၊ နောက် သူ အတင်းပြောတတ်တယ် သိလား၊ သူများအကြောင်းတော့ မဟုတ်၊ ဖုန်း တလုံးနဲ့ တယောက်အကြောင်းကို နောက်တယောက်ကို ဆရာ မလုပ်လိုက်ရသမျှ လိုက်ပြောနေတတ်သူ၊ တခါတလေ ၅ယောက်လုံး တူတူ ရှိနေတာတောင်၊ ဘေးနားကပ်ပြီး ဆရာလုပ်၊ အတင်းပြောတတ်တယ်၊ ခု သူဆရာလုပ်တာ ပွစိပွစိ၊ အပြောမခံရတာ ၃နှစ်ပြည့်တော့မယ်၊ သူကတော့ ရွာမှာ ပျော်လို့ပေါ့။

နောက် မင်းသမီးတလက်ကတော့ အဲ နောက်တယောက်ကတော့ မင်းသမီးနဲ့ တူတယ် ပြောချင်တာ၊ အိန္ဒြာကျော်ဇင် လိုလို ဘာလိုလိုပေါ့၊ လှလှလေး၊ ကိုယ်တို့ ထဲမှာ မော်ဒယ်ပေါ့၊ သူလဲ လှလှပပလေး ဝတ်စားနေထိုင်သလို၊ ကိုယ်တွေကိုလဲ လှနေမှ၊ စတိုင်ကျနေမှတဲ့၊ ကိုယ်လို ဝတ်ချင်ရာ ဝတ်တတ်တဲ့ သူနဲ့ တွေ့ရင်တော့ သူ ဘယ်လိုပဲ လှချင်ပချင်၊ စတိုင် ကျချင်ချင်၊ ကိုယ့်ကြောင့် ဒုက္ခ ရောက်ရတယ်၊ တခုခု သွားစရာရှိလို့ အားလုံး ချိန်းကြရင် သူ ကိုယ့်ကို မှာတတ်တာက ပေါက်ကရ စကပ်နဲ့ အကျီင်္တွေ တွဲဝတ်မလာခဲ့နဲ့ နော် တဲ့:D၊ သူကကျ ဘာလုပ်လုပ် မပြတ်သားဘူး၊ မဆုံးဖြတ်ရဲဘူး၊ ကိုယ် ဘာလုပ်ချင်တယ် ဆိုတာ မသိဘူး၊ သူများတွေ ဝိုင်းဆုံးဖြတ်ပေမှ လက်ခံချင်သူ၊ ခုချိန်မှာတော့ အရာရာ ကိုယ်ပိုင် ဆုံးဖြတ်ချက်တွေနဲ့ နာမည်ကြီး ဒီဇိုင်းနာ တယောက် ဖြစ်နေပါပီ၊သူဆွဲ ပေးတဲ့ ဒီဇိုင်းနဲ့ စတိုင်ကျကျ အဝတ်လေးတွေ ခုချိန် ဝတ်ချင်သေးတယ်။

နောက်ဆုံးတယောက်ကတော့ ကိုယ့်လိုပဲ ပြန်မပြော နားမထောင်တယောက်ပေါ့၊ ရုပ်ကလေးကြည့်လိုက်ရင် ဘယ်သူ့မေးမေး အသက်အစိတ် မပြည့်သေးဘူး ထင်ရတယ်၊ သူ့ ဘယ်လို ခေါ်ရမလဲ၊ ထင်တိုင်းကြဲ ပေါ့၊ တနေရာရာ သွားချင်ပြီလား၊ လုပ်ချင်ပြီလား၊ ဘာမှ လှည့်မကြည့်ဘူး၊ ဘယ်သူမှ မတိုင်ပင်ဘူး၊ လုပ်ပြီးပြီ၊ သွားပြီးပြီ ဆိုမှ အားလုံးကို ပြောပြတယ်၊ သူ သိပ်ဆိုးတယ်း) ၊ သူအကြောင်းတော့ သိပ်မရေး တော့ဘူး၊ သူ့ကို ကိုယ်မလွမ်းဘူး၊ သတိရမနေဘူးလေ၊ ဘာလို့လဲဆို သူက ခု ဒီမှာ ကိုယ်နဲ့ တူတူနေတာ ၂နှစ်ကျော်နေပြီကိုး၊ သူအကြောင်း ထည့်ရေးရင် ကိုယ့်ဘလောထဲလဲ ဝင်ဖတ်ရော တခါထဲ အထုအထောင်း ခံရမှာ ကျိန်းသေတယ်၊ ကြောက်ရတယ်…း)

သူငယ်ချင်းတွေ ကို သတိရနေလို့ ရေးမိနေတာ သူတို့ရော ကိုယ့်ကို သတိရနေပါမလား….

ကိုယ့်အကြောင်းလား???

အားလုံးသိနေပြီးသား၊ ဘာရေးစရာလိုလဲ၊ ချောချော၊ လှလှ၊ ဝဝ၊ ပုပု၊ ဘလော့မောင်နှမတွေ မကြိုက်တာဆို ဘာမှ မလုပ်( ကိုယ်ကြိုက်တာပဲ ကိုယ်လုပ်တာ) အလိမ္မာလေးအကြောင်း ရေးစရာကို မရှိ…း)

လူဇိုးမကြီးလို့ ဘာကြောင့် ခေါ်ကြမှန်းကို မသိ..:D

19 comments:

ဖိုးစိန် March 5, 2010 6:06 PM  

မေပြာ့ သူငယ်ချင်းတွေထဲက နောက်ဆုံးတစ်ယောက် ကိုတော့ သိနေတယ်လေ..

ဟေးးးဟေးးး


အင်းး... သူ မ သိပ် ဆိုးတယ်...

သိပ်ဆိုးတဲ့ သူ မ ကို ပေါင်းလို့ ရတဲ့ မေပြာနဲ့ သားလဲ သိပ်ဆိုးတယ် ထင်ပါ့နော်...


ခြင်္သေတွေ ဂူအောင်းနေတုန်း...း)))


ဘာတဲ့ ချောချော လှလှ ဝဝ ပုပု ဟုတ်လား


အိုင် သိပါတယ်... ယူ လှတယ်ဆိုတာ ကိုပေါ့လေ...

အိုင် ဘယ်သူ့ ကိုမှ မပြောဘူးနော်...

ဇွန်မိုးစက် March 5, 2010 9:03 PM  

သူငယ်ချင်းတွေအကြောင်း ဖတ်လို့ကောင်း ...း))

su March 5, 2010 9:32 PM  

its too short yr post :)
but i like it :D

Calm Hill March 5, 2010 10:55 PM  

လူဇိုးမကြီးတွေ တယ်များပါလား တစ်ယောက်တည်းတောင် မျက်စေ့နောက်နေတာ ငါးယောက်လုံးများ ဆုံတာမြင်ဖူးလို့ကတော့ အတော်လေး စိတ်ညစ်စရာကောင်းမယ်ထင်တယ် :P

သီဟသစ် March 5, 2010 11:39 PM  

လူဇိုးမကြီး ၂ ယောက်တောင် ဂလောက်ဆိုးနေတာ ကျန်တဲ့သူတွေနဲ့များ တွေ့ရင် မလွယ် :)

မမပြာ ဘာလုပ်မိလို့လဲ ဆိုပြီး အကယ်ဒမီ မင်းသားကြီး ရဲ့ စတိုင်လ်မျိုးနဲ့ လာမမေးနဲ့၊ ကိုယ်ဆိုးတာ ကိုယ်သိတယ်ဟုတ် :)

ခင်မင်စွာဖြင့်
သီဟသစ်

ကိုလူထွေး March 6, 2010 4:46 AM  

ချောချောလှလှဆိုတဲ့ စကားလုံးနှစ်လုံးက နေရာမှားပြီး ရောက်လာတာထင်တယ်...

ထင်တိုင်းကြဲဆိုတာတော့ ထင်တဲ့တယောက်ပဲ ဖြစ်ရမယ်...

းဝ)

မိုးခါး March 6, 2010 8:29 AM  

မမရေ
တူတူနေတဲ့ သူငယ်ချင်းအကြောင်း ဘလော့ပေါ် မတင်တော့နဲ့
လူချင်းတွေမှ ဆက်ပြောပြတော့နော် .. :D
မမပြာလား
မဆိုးးးးးပါဘူး .. အင်း မဆိုးပါဘူး ... :P

တောင်ပေါ်သား March 6, 2010 11:47 AM  

အမယ်လေးးးးးးးးး လေးးးးးးးးးးးး

ငါးကြင်းကို ဒုတ်ထိုးးးးးးးး.... ဖားကို ခြေဖြုတ်....... ခရုလို တွားသွားးးးးးးးးးးး တဲ့လူကိုများးးးး သိပ်လှတယ် အဟေးဟေးးးးးးးးးးးးး


မှတ်ပြီလားးးးးးးးးးး ငါကွ တောင်ပေါ်သားးးးးးးးးးးးးးးးးးးးး

သူငယ်ချင်းများစွာ တူရှိခဲ့တာ နောက်ဆုံးသောအချိန် ........... ဘာညာ ဘာညာ............. နောင်တချိန်မှာ ကလေးတွေ ရလာမယ် ....... ဘာညာ..... ဘာညာ........



လေးစားလျက်
တောင်ပေါ်သား

အိုက်ခီလောက် March 7, 2010 12:55 AM  

မကြီး မကြီး တောင်ပေါ်သားပြောသွားတာ ဘယ်သူ့ လည်းဟင်
သူ့ နားသွားမေးရမယ်နဲ့ တူတယ်နော်
အဲ့တစ်ယောက်က ဘယ်သူ့ လည်းဆိုတာ

flyboy March 7, 2010 12:52 PM  

Inn not so bad but this is not the one i want you to write.

reenoemann March 7, 2010 4:10 PM  

လူဇိုးမကြီးတွေထဲက ဒီဇိုင်းနာ ကိုတော့ စိတ်ဝင်းစားတယ်။
သူကိုဟုတ်ဘူး. သူညီမလေးကိုး ဟဲဟဲ

မေသူ March 7, 2010 9:32 PM  

မမမမမမ ..

တော်တော်ဆိုးကြတယ်နော်...
မေသူတော့ လိမ္မာတယ်မလား

=)

ရွှေပြည်သူ March 7, 2010 11:07 PM  

အစ်မ ကောင်းကင်ပြာရဲ့ သူငယ်ချင်းတွေအကြောင်း ဖတ်ရင်း ပြောမနာဆိုမနာ သူငယ်ချင်းတွေရဲ့ မေတ္တာဆိုတာလေးကို ခံစားလိုက်ရပါတယ်။ သေချာပါတယ်... သူငယ်ချင်းတွေကလည်း အစ်မကို သတိရနေမှာပါ...

noblemoe March 8, 2010 10:45 AM  

သူငယ်ချင်းတွေကြောင်းလာဖတ်သွားပါတယ် မရေ
ဘယ်သူတွေ ဘယ်နေရာမှာ ဘယ်လောက်ပျော်ပျော်
မ လည်းဒီမှာ ကွန်ပြူတာတစ်လုံးနဲ့ ပျော်နေတယ်ဟုတ်
သာယာချမ်းမြေ့ပါစေနော်
မိုး

မြစ်ကျိုးအင်း March 10, 2010 11:35 PM  

ကိုယ့်နောက်ကွယ်မှ အတင်းမပြောတတ်တဲ့ သူငယ်ချင်းမျိုးရရင် တော်ပြီ ဆိုးချင်ဆိုးပဲ

Angel Shaper March 11, 2010 4:07 AM  

မမပြာ ဆိုးလို့လား...
မယုံပါဘူးးးးးးးးးနော်။

ပိုးဟပ်လေး March 14, 2010 1:20 AM  

Five Star လူဇိုးကြီးခေါင်းရှောင်က ဘူရဲဟင်

Moe Myint Tane March 15, 2010 10:49 PM  

အော် လူဇိုးမကြီးလို့ ခေါ်မှတော့ တကယ်ကို ဆိုးလို့ ဖြစ်မှာပေါ့။

စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

bravo March 18, 2010 12:32 AM  

လူဇိုးမကြီးလို့ ဘာလို့ခေါ်သလဲဆိုတော့
လူဇိုးမကြီးပဲ ပိုတိမှာပေါ့ ဂျ.....
ဟီး......