လရောင်လမ်းဆွေး

လမ်းလေး ရဲ့ အစကို ကိုယ်ပြန်ရောက်လာသည်၊ မျက်ရည်တွေ ကုန်အောင် သုတ်လိုက်ပြီး တချက်ပြုံးလိုက်သည်၊ ကိုယ့်ကိုယ်ကို အားပေးသော အပြုံးပေမဲ့ မပီပြင်မှာ သေချာနေသည်၊ ဒီလမ်းလေး ထဲမှာ ကိုယ်တို့ နှစ်ယောက် တွေ့နေကျ လမင်းကြီးကို ကြည့်နေကျလေ။

ကိုယ့် ခြေလှမ်းတွေကို ဆက်လှမ်းရနိုး၊ ရပ်လိုက်ရနိုး စဉ်းစားနေတုန်းမှာပဲ ကိုယ့် ကို သူမြင်သွားခဲ့သည်၊ သူ့မျက်ဝန်းမှာ အံ့သြရိပ်တွေတော့ ထင်မနေခဲ့ပါဘူး၊ အရင်တုန်းက ဆိုရင် ဘာကိုပဲ ဖြစ်ဖြစ် လှည့်မကြည့် စတမ်း ပြတ်သားနိုင်ခဲ့ပေမဲ့ သူ နဲ့ ပတ်သက်လာရင် မပြတ်သားနိုင်ခဲ့တာ သူ သိနေမှာပါ။

သူ့ မျက်နှာပေါ်က ဟန်ဆောင်မှု မပါတဲ့ အပြုံး တခုကို ကိုယ် လှမ်းမြင်လိုက်ရသည်၊ ကိုယ့် မျက်နှာပေါ်မှာလည်း အလားတူ အပြုံးတခု ရှိနေမှာတော့ အမှန်ပါ၊ ကိုယ် တို့ ဟန်ဆောင် မျက်နှာဖုံးတွေ မသုံးခဲ့ ကြဘူးနော်၊ သူရော လမင်းကြီး ကို လာကြည့်တာပဲလား…၊

ဟော…ကြည့်…….ဟိုမှာ လမင်းကြီး ထွက်တော့မယ်..

ကောင်းကင် နီဝါရောင် မလင်းတလင်းကနေ တဖြည်းဖြည်း ဝါဝါ လင်းလာပြီ၊ အဝါ ရောင် လင်းလာတာကို ကြည့်ရင်း၊ ဟော…လဝန်း ရဲ့ အစွန်းလေး ရိပ်ခနဲ ပေါ်လာတာဟာ ကဗျာ မဆန်လိုက်ဘူး လား…ဟင်..ရွှန်း မြမြ လရောင် ဆိုတာ ဒါ ကို ခေါ်တာရယ်၊ တကယ်တော့ ည ဆိုတာလည်း လ ရှိနေမှ ပြည့်စုံသည် မဟုတ် တဲ့၊ လ ရှိနေသော ည၊ လ မရှိသောည၊ လ နှင့်နီးသောည၊ လ နှင့် ဝေးသောည ဘယ်လို ည မျိုးပဲ ဖြစ်ဖြစ်ပေါ့၊ ည ဆိုသည် ကတော့ သူ့ အရည်အချင်းနှင့် သူ အမျိုးမျိုး ဆန်းကြယ်စွာ ရင်ခုန်စရာ ကောင်းနေမှာပါပဲ လို့ ဆိုပေမဲ့….

ကိုယ့်ရဲ့ ညတွေကတော့ လွမ်းဆွတ်မှုတွေနဲ့ မတွေ့ရတဲ့ အချိန်မှာ သူ့ကို ဘယ်နှကြိမ် သတိရမိသလဲ ဆိုရင် ကိုယ် မရေတွက်နိုင်တာ သေချာသည်၊ မာနတွေနဲ့ ဘယ်လိုပဲ တင်းခံခံ၊ လွမ်းတဲ့ စိတ်ကိုတော့ ဖျောက်မရခဲ့တာ အမှန်…

ဒါဟာ ကိုယ့်ရဲ့ ပျော့ညံ့ချက် ဖြစ်နိုင်ပါသည်၊ ဒါမှ မဟုတ် နောက်ဆုံးအနေနဲ့ နှလုံးသားရဲ့ ဆန္ဒကို ဖြည့်ဆည်းခြင်းလည်း ဖြစ်နိုင်သည်၊ အလွမ်းတွေကို နိုင်အောင် ဖျောက်ပြီးဘဝမှာ ပျော်အောင် နေနိုင်ရမည်လေ၊ အသက်ရှင်နေသည့် ကာလ တလျှောက်မှာ လုပ်ချင်တာကို လုပ်သင့်တာကို ဖြစ်အောင် လုပ်ရပါဦးမည်၊ ဒါမှ လူဖြစ်ရကျိုး နပ်မှာလေ၊


ကိုယ် တိှု့နှစ်ယောက် ဒီလမ်းလေး ပေါ်မှာ သာသာယာယာ ပျော်ပျော်ရွှင်ရွှင် အမြဲတမ်း လပြည့်ညတွေ ဖြစ်ချင်တာပါပဲ။

လဆိုတာ အမြဲတမ်း မသာနိုင်.. မလင်းနိုင်… မပြည့်နိုင်လေတော့လဲ ကိုယ့်ဆန္ဒတွေကို မျိုသိပ်ရင်း……

16 comments:

CalmHill July 19, 2010 8:09 PM  

ဖတ်တော့ဖတ်သွားတယ် ဘာတွေရေးထားမြန်း နားကိုမလည်ဘူး ဥာဏ်မမှီဘူး :D

pwa July 19, 2010 9:13 PM  

Himm.. sist ur writing scale is getting down. very different from last time. Even though i understand ur situation, but should not happen like that. eager to read upcoming ur best posts.

နွေဆူးလင်္ကာ July 19, 2010 9:29 PM  

လပြည့်ညချည်းပဲတော့ ဘယ်ဖြစ်မလဲလေ။ တခါတလေ လကွယ်ကလည်း လွမ်းစရာ ကောင်းပါတယ်။

သက်ဝေ July 19, 2010 9:56 PM  

လရောင်ကို ချစ်တဲ့သူတွေအားလုံးက ညတွေတိုင်းကို လပြည့်ညတွေအဖြစ်နဲ့ချည်းပဲ မြင်ချင် တွေ့ချင်ကြတာ... ဒါပေမယ့် လဲ...

နေ၀သန် July 19, 2010 10:22 PM  

း)))... ကွမ်းမစားရလို့များ ပတ်ရစ်နေလားမသိဘူး... ဟီးဟီး


ခင်မင်တဲ့
နေ၀သန်

ဇွန်မိုးစက် July 19, 2010 10:33 PM  

ပို့စ်အသစ်လေးမို့ လာဖတ်တယ်

မမမွေးနေ့ ဘယ်တော့လဲ (ဆိုင်လဲဆိုင်ဘူးနော်.. ဟိ)

ချစ်တဲ့
ဇွန်

ဧပရယ်လ်ပူး@ပူးတေ July 20, 2010 3:23 PM  

မမပြာ

လာဖတ်သွားတယ်နော်...ပူးတေလဲ ညတိုင်းကို လပြည့်ညဖြစ်စေချင်နေတော့တာပဲ... လပြည်ညဆို လရောင်က ပူးတေအခန်းထဲကို တိုက်ရိုက်ကျနေတယ်လေ.. အဲဒီညတွေဆို မီးမထွန်းပဲ လရောင်လေးအောက်မှာ ဘလော့ဖတ် ဘလော့ရေး တော်တော်မိုက်တယ်... ၁၁နာရီလောက်ဆို တခန်းလုံးကို လရောင်ကျတယ်... လိုက်ကာလေး တင်ထားလိုက်ရင် ရန်ကုန်ပြန်ရောက်နေသလိုပဲ ခံစားရလို့ ကြိုက်တယ် သိလား...

လင်းခေတ်ဒီနို July 21, 2010 11:27 AM  

မပြာ ဖတ်သာဖတ်လိုက်ရတယ် အစရှာမရ အဆုံးမလိုက်ဖြစ်သွားတယ်း)) ခံစားချက်တွေ ပြင်းပြင်းထန်ထန် လျှံထွတ်နေတာချည်း တွေ့လိုက်ရတယ်း)))

ခင်မင်တဲ့
ဗညား

ပီတိ July 21, 2010 6:23 PM  

မမပြာ တော်တော်ကြာနေပြီ။
ပျော်ရွှင်ပါစေ။

မြစ်ကျိုးအင်း July 25, 2010 12:07 AM  

လမသာတဲ့ ညတွေကိုလည်း နားလည်မှုနဲ့ ဖြတ်သန်းမယ်ဆိုရင်
ကျေုနပ်စရာ ညလေး ဖြစ်လာမှာပါ။

mae July 26, 2010 11:02 PM  

အရေးအသားကောင်းလိုက်တာ
စိတ်မညစ်နေနဲ့နော် မမပြာ

ရွှေပြည်သူ August 5, 2010 12:23 AM  

ရင်ထဲမှာ ခပ်နင့်နင့်ကျန်ခဲ့တယ်... ပျော်ရွှင်ပါစေ အစ်မကောင်းကင်ပြာ

ကြည်ဖြူပိုင် September 24, 2010 12:46 PM  

အရေးအသားလေးတော်တော်ဆန်းပြီးကောင်းတယ်မမ
စာဆက်ရေးပါဦးနော်
အားမှပါ။
မမပြာမအားဘူး..ညဖက်ပြန်ရောက်ချိန်တွေ
အရမ်းနောက်ကျတယ်ဆိုတာ
သတင်းရထာားတော့အရမ်းကြီးတော့
တိုက်တွန်းတော့ပါဘူးကွာ။
အစစအဆင်ပြေပါစေမမရေ

အတွေးကမ္ဘာ..မှတ်တမ်း October 4, 2010 8:04 PM  

မမ က ညည ဆို လကြည့်ပြီးမှ ပြန်ပြန်လာတယ် ထင်တယ် ... အိမ်ရောက်တာနဲ့ နှပ်လိုက်တာ.. သင်္ဘောံသီးသုပ် အစွမ်းပြမှ သာ ထတော့တာပဲ..ဟီးးးးး

Anonymous November 2, 2010 10:48 PM  

Great article! I just saw these at Target the other day and was impressed. Your review answered the questions I had about the seats - now I just need to scrape together the cash! Ouch!

-

Anonymous November 10, 2010 4:29 PM  

Good points

- Monique KNOTTS