ဟိုဟို ဒီဒီ...

ဘလော့ ထဲကို အလည် လာ အဲ မှားလို့...ကိုယ့် ဘလော့ ထဲ ကိုယ် ဝင်ဖို့ ပတ်စ်ဝပ် မေ့ နေလို့ တော်တော် စဉ်းစားယူ ရတယ်၊ စာရေးမယ် စာရေးမယ် ကြံ နေတာလဲ နေ့တိုင်းလိုလို ပါပဲ၊ ဒါပေမဲ့ ဘာအကြောင်း ကို ဘယ်လို ရေးလိုက်ရမယ် ဆိုတာ မရေးတာ ကြာတော့ စာစီမရဘူး ဖြစ်နေတယ်၊ အဲ့လိုနဲ့ ရက်ကို လစား လကို နှစ်မစား ခင်မှာပဲ...ဒိုမိန်း ဝယ်ပေးထားတဲ့ မောင်လူပျိုကြီး က ညည်း စာရေးမှာ လား မရေးဘူးလား မေးမှ ရေးမှာပေါ့လို့ သက်တမ်း တိုးထားလိုက် ဒီနေ့ည ရေးမယ် လို့ ပြောလိုက် တော့ ရေးစရာ အကြောင်းရှာရပီလားတဲ့၊ ရေးစရာတော့ အကြောင်း မရသေးဘူး စိတ်ထဲ ပေါ်လာတာ ရေးမှာ ဒီနေ့ ဂျစ်တူ (ချစ်သူ) နဲ့ စိတ်ကောက်တဲ့ အကြောင်းရေးမယ် ပြောတော့ ညည်း ဘယ်သူနဲ့ စိတ်ကောက်ပြန်တုန်း တဲ့၊ သူ့ခမျာ လူပျိုကြီး ပီပီ ဂျစ်တူ (ချစ်သူ) လို့ ပြောတာတောင် နားမလည်ရှာသူပါ၊ ထားပါတော့လေ၊ သူက လူပျိုကြီးဆိုတော့၊ ဒါပေမဲ့ ကိုယ့် သူ့ကို နဲနဲ လက်ချာ ပေးထားတော့ နောင် မကြာခင် နဲနဲ တိုးတက်လာမဲ့ သဘောတော့ ရှိပါတယ်၊ သူက ကျောင်းတတ်စားတဲ့ နေရာ၊ စာသင်တဲ့ နေရာတွေ မှာ အတော်လေး ကျွမ်းကျင်လေတော့ ကောင်မလေးကို ပြောချင်တဲ့ စကားတွေ စာထဲ ထည့်သင်လိုက်လို့ မြှောက်ပေးထားတယ်၊ ရေးရတာတော့ ခပ်လန့်လန့်ပါ၊ သူက ရန်ဖြစ်တာလဲ ကျွမ်းကျင်တော့ ကိုယ့် ကို ရန်လာတွေ့မှာလဲ ကြောက်မိတယ်၊ ကိုယ့် အမ ကိုတော့ ရန်မရှာလောက်ပါဘူးလေ( ကြိုကာထားတာ )

ကိစ္စ များမြောင် လူတို့ဘောင် ဆိုပေမဲ့..မောင် တွေရယ် အကိုရယ် ညီမ တွေရဲ့ဂရုစိုက်မှု အောက်မှာ တာဝန် နည်းပါးစွားနဲ့ နေကောင်း ကျန်းမာ စွာ နေထိုင်လျက် ရှိနေတယ်၊ စာမရေးဖြစ်ပေမဲ့ ကိုယ့် ဘလော့ကို မဖွင့်မိပေမဲ့ မောင် တွေရဲ့ ဘလော့ထဲကနေ အသစ် တတ်သမျှ စာအားလုံးကို လိုက်ဖတ်တယ်၊ တော်ရုံ ဂျီတော့ ကို မဖွင့် ဖြစ်တော့ပေမဲ့ ဖေ့စ်ဘွတ် ထဲ တော့ မနက် အိပ်ရာက ထလိုက်တာ နဲ့ ဝင်မိနေတယ်၊ကိုယ့် အကိုတွေ အမ တွေ ညီမတွေ မောင်တွေ ဘာတွေ တင်ထားသလဲ လိုက်ကြည့်၊ လိုက်ဖတ်၊ ကိုယ် နှစ်သက်တာလေး တွေ့ ကွန်မန့် ရေးလိုက်၊ like လုပ်လိုက် share လုပ်လိုက် တနေ့ တနေ့ မအားရပါဘူး၊ ကိုယ့်လိုပဲ မအား တဲ့ သူတယောက် ရှိတယ် အိမ်မှာ အတူနေတဲ့ မျောက်ဖိုးစိန် ပေါ့၊ ဒါပေမဲ့ သူလဲ ခုရက်တွေ project တွေ နဲ့ မအားရှာဘူး၊ ဖေ့ဘွတ်ကို မဝင်နိုင်ဘူး၊ သူ မရှိတော့ ကိုယ့်မှာ ဖေ့ဘွတ်ထဲ ဟိုတင် ဒီတင် ဆို အားငယ် မိတယ်၊ ကိုယ် တင်သမျှ သူက လာလာ လိုက်ခ် လုပ်ပြီး ပေါက်ကရ ရေးနေကျ လေ၊ တော်ပါပီ အိမ်က မောင်တွေ ညီမတွေ အကြောင်း ရေးရင် ကုန်မှာ မဟုတ်ဘူး၊

ကျန်ခဲ့တဲ့ တပတ်က စိတ်ဆင်းရဲစရာတွေလဲ ကြုံခဲ့ရသေးတယ်၊ ဘယ်သူမပြု မိမိမှု ဆိုသလို ကိုယ့်ရဲ့ ပိုင်ဆိုင် သမျှ စာရွက်စာတမ်း ၊ မှတ်တမ်း အတိုအစလေးတွေ ပတ်စ်ပို့ ပုံလေးတွေ၊ ပိုင်သမျှ ဘဏ်ကဒ် တွေ ၊ ဒီနိုင်ငံ မှာအရေးကြီးဆုံးဖြစ်တဲ့ ကိုယ့်ရဲ့ ကျောင်းသားကဒ် ၊ ကိုယ် အလုပ်ထဲမှာ မြန်မာလိုပဲ ဖတ်ရပြီး ရိုက်မရလို့ မောင်ငယ်လေး က ပေးထားတဲ့ သူရဲ့ သမ့်ဒရိုက် လေးတွေ အို....အစုံပါတဲ့ ကိုယ့် ရဲ့ ပိုက်ဆံ အိတ်လေး အခိုးခံလိုက်ရတယ်၊ ပိုင်ဆိုင်သမျှ အားလုံးလိုလို အပြင် ငွေသား တလစာ လစာပါ ပါသွားခဲ့တယ်၊ အိမ်က မောင်တွေ အကိုတွေ ညီမတွေ ရှေ့မှာ အော်ဟစ် ငိုယို ခဲ့ရသလို၊ ကိုယ့် အိပ်ရာထဲမှာလဲ ငိုခဲ့ရတယ်၊ ပျောက်တာက ပျောက်သွားခဲ့ပီ ငို နေလဲ အပိုပဲ ကိုယ့် စိတ်ကို တင်းပေမဲ့ စိတ် ကို မထိမ်းနိုင်တော့ နာမည် တလုံး ထပ်ရလိုက်တယ်၊ ဒရမ်မာ မင်းသမီးတဲ့၊ အားအားရှိ ငိုနေတယ် တဲ့၊ အလှူ လို့ သဘောထားလိုက်ပါတဲ့ ၊ မောင်ငယ်လေးကတော့ ဆီသည်မ အလှူပေါ့ အမ ရယ် တဲ့၊ အမျှ...အမျှ..အမျှ...ပေါ့လေ၊

ဒီနေ့ ကျောင်းသားကဒ် ပျောက်တာကို သွားလုပ်ဖို့ အကြောင်းပြပြီး ကျောင်းမသွားပဲ အိုင်စီအေ မှာ ရဲစခန်း ရီပို့ ပြပြီး ကျောင်းသားကဒ် အသစ် သွားလုပ်တယ်၊ နက်ဖြန် ဆိုရင် တော့ ကျောင်းသားကဒ် ပြန်ရပါပီ၊ အချိန် လေး နဲနဲ ပိုနေတော့ ခြေရှည်ချင်တဲ့ ကိုယ့် အကျင့်အတိုင်း စီတီးဟော ကို ရောက်အောင် သွားပါတယ်၊ ဂရုမစိုက်ပဲ ပစ်ထားတဲ့ ဆံပင်လေးကို ပြုပြင်ဖို့ပါ၊ ကိုယ်ကြိုက်တာ ဝယ်စားဖို့ကတော့ ဒုတိယပေါ့၊ အလုပ်ကိုတော့ လှမ်းဖုန်းဆက်ပြီး အိုင်စီအေမှာ မပြီးလို့ နဲနဲ နောက်ကျမယ် ဆိုတဲ့ အကြောင်း သတင်းပို့လိုက်တယ်၊ ဆံပင်က ကျောလယ်လောက်ထိ ရှည်နေပါပီ၊ အဲ့တာကို ပခုံး ကျော်ကျော်လေး ညှပ်ပေးပါ၊ စည်းလို့လဲရ ခနဿဒာကိုယ် နဲ့လဲ လိုက်အောင် နဲနဲ တိတာပါ၊ လှလှ ပပ လုပ်ဖို့ ငွေ က သူခိုးနောက် ပါသွားပီ ဆိုတော့ ညှပ်ရုံလေး ညှပ်ခိုင်းတာ ဆရာမက ညှပ်ရင်း အားပါသွားပုံရတယ် ပီးတဲ့ အချိန်မှာ ဆံပင်က ပခုံးထောက်ရုံပဲ ကျန်တယ်၊ ကိုယ့်ခနဿဒာကိုယ် ပုံဆိုးဆိုးနဲ့ ဆံပင် တိုတို နဲ့ စဉ်းစားကြည့်ကြပါ၊ ချစ်ရတဲ့ သူကတော့ အားပေးပါတယ်၊ ဆံပင် ဆိုတာ ပြန်ရှည် လာမှာပဲလေ တဲ့၊ တိုပစေ တဲ့...:)၊ အလုပ်ထဲ ရောက်တော့ မှန်လေး တကြည့်ကြည့် နဲ့ ပေါ့လေ ဖေ့ဘွတ် မှာလဲ မနေနိုင် မထိုင်နိုင် သွားရေးတယ်၊ ကေအသစ်လေး နဲ့ လန်းတယ် ဘာညာ ပေါ့၊ အမှန်က ကိုယ့်ဘာသာ အားပေးတာပါ၊ အဲ့ဒါ ကို အလိုက်မသိ မောင်လူပျို ကြီးက နဂိုရှိမှ နဂိုင်းထွက်တာပါလို့ ကွန့်မန့် လာရေးတယ်၊ ဝမ်းနည်းထှာ။

အလုပ်က ၁၁ ခွဲမှ ပြီးမှာ ၉ နာရီ ကျော်တော့ ဖုန်းလာတယ်၊ စကားပြောရင်း ပြောရင်း ရန်ဖြစ်လိုက်တာ ၂ ယောက် ဒီနေ့ စိတ်ကောက်သည်( ဟမ် ဘာမှတော့ မဆိုင်) :D

မောင်လူပျိုကြီး ဒိုမိန်းလေး သက်တမ်း တိုးပေးအောင် ဒီနေ့ စာတပုဒ် မဖြစ်ဖြစ် အောင် ဖြစ်ညှစ် ရေးလိုက်သည်၊

လမ်းကြုံရင် ကြုံသလို ရေးနေဦးမှာပါ....:)

10 comments:

ဖိုးစိန် October 14, 2010 1:31 AM  

ပိုက်ဆံအိတ် ပျောက်တာ။ ရှိသမျှလူစုံအောင် ပြောလို့ ငိုလို့ ပြီးပြီး..

စစ်တီးဟော တခုလုံးလဲသိပြီးပြီး

ပျောက်တဲ့ ပိုက်ဆံနဲ့ ပျောက်ကြောင်း ဖုန်းနဲ့ ငိုလိုက်ပြောလိုက် တာနဲ့တင် ပျောက်တဲ့ ပိုက်ဆံထက် ပိုနေပြီး။

ခုလဲ အားမရသေးဘူး။စာရေးသလိုလို ဘာလိုလိုနဲ့ ဘလော့ပေါ် မှာ ပျောက်ကြောင်း ငိုနေပြန်ပေါ့လား

ဒရမ်းမာ မင်းသမီးကြီးရဲ့..။


ငိုတာတော့ ငိုပါတယ်။

ခုတော့ ကေလေဖြတ်လိုက်... သီချင်းလေးဆိုလိုက်... ချစ်သူနဲ့ ချိန်းလိုက် ကောက်လိုက်နဲ့ ပျောက်တဲ့ပိုက်ဆံတောင် သတိမရအားရှာဘူးထင်ပါတယ်။ :P

ဧပရယ်လ်ပူး@ပူးတေ October 14, 2010 10:17 AM  

မမပြာ ပြန်ပေါ်လာတယ်ပေါ့လေ... ဒီအတိုင်းဆို ဒိုမိန်းသက်တမ်းကိုလဲ ၂ လ တခါလောက် ကုန်ခိုင်းနေမှ ကိုလူပျိုကြီးက မမပြာကို သက်တမ်းတိုးမတိုးမေးနေမှ မမပြာစာတွေ မကြာမကြာ ဖတ်ရမယ့်ပုံပဲ... ချစ်လို့နောက်တာနော်...

မမပြာ ပိုက်ဆံအိတ်ပျောက်မှာပေါ့.... မပျောက်ခင် အိမ်ကမောင်တွေ ညီမတွေ လိုချင်တာတွေရော ပူးတေလိုချင်တာတွေ လိုက်ဝယ်ပေးလိုက်ပြီးရော.....

ဒါလဲ တကယ်စိတ်မကောင်းပါဘူး။ ပိုက်ဆံအိတ်ပျောက်ရင် အတော်ဒုက္ခရောက်တာနော်...အကုန်အသစ်ပြန်လုပ်ရလို့လေ။ နောက်ဆို မပျောက်အောင် ဂရုစိုက်နော်... ဂျစ်သူအကြောင်းပဲ တွေးမနေနဲ့ဦး... ပိုက်ဆံအိတ်ကို ဂရုစိုက်ဦးနော်....

ခင်တဲ့ ချစ်ညီမ
ပူးတေ

CalmHill October 14, 2010 11:03 AM  

မဆိုင်တာတွေ ဘာလို့ပါလာသလဲ

သက်ဝေ October 14, 2010 1:19 PM  

ပြာ့ဆီက စာအသစ် ဖတ်ရလို့
ဒိုမိန်းသက်တမ်း ကုန်တာ ကျေးဇူးတင်ရမလား...
ပိုက်ဆံအိပ် ပျောက်တာ ကျေးဇူးတင်ရမလား... (သတ်ချင်နေလောက်ပြီ)

:P October 14, 2010 1:59 PM  

ပိုက်ဆံအိတ်ပျောက်သွားတဲ့ ပြာပြာလေး... သနားပါတယ်...

Anonymous October 14, 2010 8:04 PM  

ငိုချင်းရှည် နဲ့ နိဒါန်း ပျိုးပြီး...Disco Dancer နဲ့ နိဂုံးချုပ် သွားတယ်...အဲဒါကြောင့် ပိုက်ဆံအိတ်လေး.. Cha Cha နဲ့ Dance သွားတာ..:D....(အနော် ..အိုက်ပိ)

ahphyulay October 15, 2010 9:28 PM  

ရေးတတ်ပြန်ပြီလေ၊
ပိုက်ဆံ အိပ်လေးပျောက်တာကို ပို့ (စ) လေး
တစ်ခု ဖြစ်အောင်..။
အော်...ပြာနေသော မမကောင်းကင်ရေ့ ...။

ဗြုန်းကနဲ ပေါ်လာမှ ပိုသတိရသွားတယ်။

ခင်တဲ့  ...

မြစ်ကျိုးအင်း October 17, 2010 5:30 PM  

အမ်မယ် ပြန်ပေါ်လာသေးတယ်။
ကျနော်ကလည်း fb သိပ်မသုံးတော့ အမတစ်ယောက် နေကောင်းရဲ့လားလို့ RNM ကိုတောင် ဟိုတလောက မေးရသေးတယ်။
နေကောင်းကျန်းမာတယ် ဆိုရင် ဝမ်းသာပါတယ်..။

ဇွန်မိုးစက် October 18, 2010 10:48 PM  

ခုမှရောက်ဖြစ်တယ် မမပြာ။
ကျောင်းသားကတ်ရော ပြန်ရပြီလားဟင်။ မမ တော်တော်စိတ်ပင်ပန်းသွားမှာပဲနော်။ ဇွန်တောင် တလောကပစ္စည်းပျောက်ဖူးတဲ့အကြောင်းလေး ရေးလိုက်သေးတာ။
အစစအရာရာ ဂရုစိုက်ပြီး ကျန်းမာအောင် နေပါနော်။

သတိရနေတဲ့
ညီမလေးဇွန်

နေ့အိပ်မက် October 19, 2010 9:58 PM  

ရှိတ် တီတီပြာ၊ ရှိတ် ရှိတ်.. နေ့အိပ်မက် ပိုက်ဆံအိတ်ပျောက်သွားလို့တော့ မဟုတ်ဘူး။ စာမရေးဖြစ်လို့ :P