ဒါဘဲ …….ဒါဘဲ…….ဖုန်း ချလိုက်တော့မယ်……

ဒါဘဲ …….ဒါဘဲ…….ဖုန်း ချလိုက်တော့မယ်……

တယ်လီဖုန်း၊ တယ်လီဖုန်း ဆိုတာ ငယ်ငယ် သိတတ်ခါစက ကလင် ကလင် ကလင် ဆိုပြီးမြည်ခဲ့ တဲ့ မည်းမည်းကြီး..နောက် တဖြည်းဖြည်း ခေတ်နဲ့ အညီ ပေါ်လာတဲ့ ဖုန်းလေးတွေ သုံးခဲ့ရတယ်..နောင် ဟန်းဖုန်း ဆိုတာတွေ စပေါ်လာတော့ ဆယ်လူလာဆိုတဲ့ ဟန်းဆက် အကြီးကြီး ကိုင်ခဲ့ရတယ်၊ နောက် စီဒီအမ်အေ၊ ဂျီအက်အမ် ဆိုတာတွေ ပေါ်လာတော့ ဟန်းဆက် လှလှလေးတွေ နဲ့ သူငယ်ချင်းတွေနဲ့ ချိန်းထားတာ၊ ကိုယ် အပြင်ရောက်နေလို့ အိမ်က အမေ စိတ်ပူစွာ ဖုန်းလှမ်းခေါ်တာ၊ အလုပ် ကိစ္စ အတွက် သုံးတာ ဒီလောက်ပဲ ရှိခဲ့ပေမဲ့၊ ဒီ နိုင်ငံ စရောက်ထဲတော့ တယ်လီဖုန်းဆိုတာ ပို အရေးပါမှန်းသိခဲ့တယ်၊ အလုပ် အင်တာဗျူး သွားတာ၊ ကျောင်းသွားတာ၊ အလုပ်သွားတာ၊ ဘယ်သွားသွား မပါမဖြစ် သုံးခဲ့ရတဲ့ တယ်လီဖုန်း အလုံးပေါင်းလဲ မနည်ဘူး၊ ပျက်လိုက် ပြင်လိုက် သုံးတာရော၊ ဝယ်လိုက် ပျက်လိုက် သုံးတာရော၊ သူများပေးတာ သုံးတာရောဆို အနည်းလေး ၁၀လုံးတော့ ရှိမယ်၊ရေးရင်းနဲ့ တယ်လီဖုန်း ကြေငြာ သလိုတွေ ဖြစ်ကုန်ပီ၊ အမှန်က တယ်လီဖုန်း အကြောင်းထက် ဖုန်းပြောတဲ့ အကြောင်းလေး ကိုယ် ခံစားလိုက်ရတာလေး ချရေးချင်တာ၊ စာက မရေးတာ ကြာတော့ ဟိုရောက်ဒီရောက် ရောက်…..

ကိုယ့်နိုင်ငံမှာ ဖုန်းသုံးတာ ထားတော့ ဒီနိုင်ငံ ရောက်လာတော့ တယောက်အား တဲ့ အချိန် တယောက်က မအား ၊နေတဲ့ နေရာတွေက တနေရာစီ ဆိုတော့ တယောက်အကြောင်း တယောက် ပြောဖို့၊ မေးဖို့၊ သွားဖို့၊ လာဖို့ ချိန်းရင် ဒီ တယ်လီဖုန်းလေးက အရေးကြီးဆုံးပါပဲ၊ သူများတွေ ဖုန်းပြောရင်တော့ ဘယ်လို ပြောတယ် မသိ၊ ကိုယ် ဖုန်းပြောမိရင် တဖက်က ခေါ်တဲ့ သူရဲ့ ဘာပြောချင်တာလဲ အရေးကြီးနေတာလား၊ ရိုးရိုး ပျင်းလို့၊ သူငယ်ချင်းချင်း ပြောချင်တာလား၊ ကိုယ် သူ စကားဆုံးအောင်ထိ နားထောင် တတ်တယ်၊ ကိုယ့်ထဲကို မက်ဆေ့ လာနေနေ၊ နောက်ထပ် second call လာနေပစေ ကိုယ် မကိုင်တတ်ပါဘူး၊ နောက်ပြီးမှ ပြန်ခေါ်တတ်တယ်၊ ပြောနေတဲ့ သူနဲ့ ပြောပြီးသွားလို့ ဖုန်းချရင်တောင် ကိုယ်က နောက်မှ ချပါတယ်၊ သူများ ပြောစရာ ကျန်နေသေးဦးမလား၊ ကျန်နေလို့ လှမ်းခေါ်ရင် ကိုယ်မချသေးရင် သူ ပြောလို့ အဆင်ပြေအောင်ပါ၊ ကိုယ် က ခေါ်မိရင်လဲ အားလား မအားလား အရင်မေးပါတယ်၊ ကိုယ် ဖုန်းဆက်မိတာ အနှောင့်အယှက် ဖြစ်နေမှာ စိုးရိမ် တတ်တော့ တော်ရုံတော့ ကိုယ်က လှမ်းမခေါ်ဘူး၊၊

အိမ်က ကိုယ်ရဲ့ မောင်တွေလဲ ရှိပါတယ်၊ အမ က ဆက်တာဆိုတော့ ကိုယ်က စကားတခွန်းပြောလို့ မပြီးသေး သူတို့ ကောင်မလေး မဟုတ်လေတော့ ဟုတ် ဒါပဲနော် ဆိုပြီး ဖုန်းကို တန်းချ သွားတတ်ပါတယ်၊ တခါတလေ ဖုန်းချသွားမှန်း မသိလိုက်ဘူး စကားဆက်ပြောနေမိတယ်၊ နောက်ပိုင်း တော်တော် သတိထားပြီး ဖုန်းမခေါ်ဖြစ်တော့ဘူး၊ ကိုယ်နဲ့ ပတ်သက်ရာ ပတ်သက်ကြောင်းတွေလဲ ကိုယ် အဲ့လို ဖုန်းချ သွားရင် မကြိုက်ဘူး ဆိုတာ သိထားလေတော့ စတတ်တယ်၊ အစသန်တော့ ကိုယ်ခဏခဏ စိတ်ဆိုးရတယ်၊ စိတ်ကောက်ရတယ်၊ အမှန်က စိတ်ဆိုးစိတ်ကောက်တယ် တော့ ဘယ်ဟုတ်မလဲ၊ စိတ်မကောင်းဖြစ်တာ၊ ကိုယ် အပေါ် ရက်စပတ် မရှိဘူး၊ အရေးမထားဘူး၊ ခံစားမိတာ၊ စတယ် ဆိုတာလဲ သိပေမဲ့ ကိုယ် ပြောလိုက်တဲ့ စကားတခွန်းဟာ တဘက်လူ အပေါ် ဘာဖြစ်သွားမလဲ ဆိုတာ သူတို့ မခံစားမိပေမဲ့ ကိုယ်တိုင် ခံစားဘူး တဲ့ လူကျ ဆတ်ဆတ်ထိ မခံ ဖြစ်တယ်ပဲ ဆိုပါတော့......

ဒီနေ့ တမနက်လုံး အလုပ်သာ လုပ်နေတယ်၊ စိတ်ထဲက သူပြောလိုက်တဲ့ ဒါဘဲ…..ဒါဘဲ…..ဖုန်းချလိုက်တော့မယ်….ဆိုတဲ့ စကားပဲ နားထဲ စွဲနေတယ်၊ သူ စလိုက်တယ် ဆိုတာ သိပေမဲ့..ကိုယ်က အရင် ဖုန်းကို ဦးအောင်ချလိုက်ပြီး တနေ့လုံးဖုန်းမခေါ် တော့ဘူး၊ ဖုန်းအရင် မချဘူး ဆိုပြီး ဘာလို့ အရင်ချသလဲ မေးရင် ကိုယ်စိတ်ဆိုးမှန်းသိအောင် ချလိုက်တာပါပဲ၊ ဒါလဲ ပတ်သက်ရာ ပတ်သက်ကြောင်းမို့ပါ၊ ညီအကို မောင်နှမတွေက ဆက်ရင် အဲ့လို မလုပ်ပါဘူး ..:D

ဒီစာလေး ရေးဖြစ်သွားတာက ကိုယ်လို ခံစားတတ်တဲ့ မောင် ညီမလေးများ ရှိခဲ့ရင်ပဲ ဖြစ်ဖြစ်၊ ကိုယ်က ဆက်မိလို့ အဲ့လို ဖုန်းချတော့မယ် ဆိုရင်ပဲဖြစ်ဖြစ် နဲနဲ သတိလေးထားပြီး ပြောစေချင်တာပါပဲ၊ ဖုန်းချဖို့ အကြောင်းအရင်း ကို ပြောရင် အလွန်ဆုံး တစက္ကန့် လောက်ပါပဲ၊ အကျိုးသင့် အကြောင်းသင့် လေး တစက္ကန့်လောက် ပြောလိုက်ရင် တဖက်သူလဲ နားလည်မယ်၊ ကိုယ်လဲ ကိုယ် လုပ်စရာ ရှိတဲ့ အလုပ်ကို အေးဆေး လုပ်န
ိုင်မယ်၊ဒါကလဲ ကိုယ်ရဲ့ ကိုယ်ပိုင်ခံစားချက်ပါ၊ လိုက်လုပ်ရမယ်လို့ ပြောတာ မဟုတ်ပါဘူး၊ ခံစားချက်ကလေးများ တူခဲ့ရင်ပေါ့……..


သီချင်းက စာနဲ့တော့ မဆိုင်ပါဘူး၊ ကြိုက်လို့ ရောတင်လိုက်တာ.....းD

19 comments:

ဖိုးစိန် October 26, 2010 10:06 PM  

ဖုန်းကိုမကြိုက်တာ.

ဖုန်းက ကိုယ့်အတွက်ဆိုအပိုပဲ။

လိုမယ်ထင်လို့သာ ကိုင်ထားရတာ။

ဒါပဲနော်။

ဖုန်းချလိုက်တော့မယ်။

ခံစားတတ်လိုက်တာနော်..။

CalmHill October 26, 2010 10:15 PM  

ဟုတ်ကဲ့ အခုတော့ အင်မတန်ကို သတိထားပါတယ်ခင်ဗျ

အတွေးကမ္ဘာ..မှတ်တမ်း October 26, 2010 10:34 PM  

ဒါပဲပြောချင်တာမဟုတ်လား.. ဖုန်းချလိုက်ပြီနော်ဗျ. ဂလောက်...:P

ကြည်ဖြူပိုင် October 26, 2010 10:40 PM  

မမပြာရေ
ပျောက်နေတာကြာပီနော်
အွန်လိုင်းမှာလဲမတွေ့
မက်ဆေ့ဂ်ျမပြန် အီးမေးလ်မပြန်နဲ့ဆိုတော့
........အင်း............
အနော်လဲ..
ဒါပဲနော်......ဖုန်းချလိုက်တော့မယ်လို့.........
ပြောမိလေသလား?
ခေါင်းကုတ်ပြီးစဉ်းစားသွားတယ်
:D
;)

chocothazin October 26, 2010 11:07 PM  

အပြည့်အဝ ထောက်ခံတယ်။
တဖက်က ဘာလုပ်နေလို့ နောက်မှပြန်ခေါ်မယ်နော်... မအားသေးလို့ ဖုန်းချလိုက်တော့မယ်နော်လို့ ... ပြောလိုက်ရင် ဒီဘက်လူက ဘယ်လောက် စိတ်ကျေနပ်လိုက်မလဲ။
ဟုတ်တယ် မဟုတ်လား မမ
ဒါပဲနော်... ဖုန်းဆက်လိုက်ရမလား ... အဲ ... ဖုန်းချလိုက်ရမလား ... ဟင်

ZT October 26, 2010 11:26 PM  

ဇက်တီရေ.. ဝါးတီးရှိတယ် ဆိုပြီး ဖုန်းမခေါ်တာ ကြာပြီ။ အဟဲ။

ရက်စပက် ကို မြန်မာလို ရေးထားလို့ အတော် စဉ်းစားလိုက် ရတယ်။

သီဟသစ် October 26, 2010 11:30 PM  

လွန်လွန်လွန်းတယ်
ဘယ်လိုလူတွေလဲဟေ့
ဖုန်းဆက်လိုက်ရမလား
ဖုန်းဆက်လိုက်ရမလား
:P

ဖိုးသင်္ကြန် October 26, 2010 11:59 PM  

အဲဒါ ကျွန်တော်ပြောနေကျ ဝါကျကြီးးးးး

း( October 27, 2010 11:33 AM  

တဖက်လူက အခြေအနေတွေလည်း မြင်ရတာမှ မဟုတ်တာ။ တခါတလေ ဆက်ပြောလို့ မရတဲ့ အကြောင်းအရာတွေကြောင့် စကားစဖြတ်ချင်တာလည်း ဖြစ်မှာပါ။ ခွင့်လွတ်လိုက်ပါ။ ယမ်းပုံ မီးကျတာကျနေတာပဲ။ ဒါပဲ ဒါပဲ သွားပြီ။းP

ဇွန်မိုးစက် October 27, 2010 10:39 PM  

သြော်... မမပြာ စိတ်မကောင်းဖြစ်နေတာကိုး။
ဇွန်ကတော့ (သူနဲ့ဆိုရင်)အရင် ဖုန်းချရမှ ကျေနပ်တတ်သူ။ သူက နောက်မှ အမြဲဖုန်းချတတ်တယ်။ အင်း... သတိရစရာတွေ တွေးမိကုန်ပြီ။ ဒါပဲနော်...မမပြာ။

မိုးခါး October 27, 2010 11:14 PM  

ညီမကတော့ ဦးအောင်ကို အရင်ပဲဖုန်းချချပစ်တတ်တယ် .. ဘယ်သူနဲ့ပတ်သက်ပတ်သက် ဘာအကြောင်းနဲ့ပတ်သက်ပတ်သက် .. ကျန်ခဲ့ရမှာကို မလိုချင်တာလေ .. ဟီးး .. အကျင့်မကောင်းဘူးနော် .. :P

သံလွင် HeRo October 28, 2010 12:38 AM  

ဟုတ်ခဲ့.....

ရွှန်းမီ October 28, 2010 7:56 PM  

ဟာ.. စကားမဆုံးခင် ဖုန်းချပစ်လို့ကတော့ ပြောစရာကျန်သေးတယ်လေ ဆိုပြီး အတင်းပြန်ခေါ်ပြီး ဆက်ပြောပစ်တာပဲ.. တချို့က ဖုန်းချမယ်လို့တောင် အဖက်လုပ်ပြီး ပြောတာမဟုတ်ဘူး..
ဖုန်းထဲကနေ မျက်နှာကို မမြင်ရတော့ စကားသေချာပြောမသွားရင် အဲ့လိုလူကို ရိုင်းတယ်ပဲမှတ်တယ်။

Kyel Pyar November 1, 2010 11:14 AM  

မမပြာနဲ့ အကျင့်တူသွားပြီ ..... ကြယ်ပြာလဲ ဖုန်းကိုချက်ခြင်းမချပစ်တတ်ဘူး ... ကိုယ့်စကားဆုံးအောင်နားမထောင်ပဲ ဖုန်းချပစ်လဲ သိပ်သဘောမကျတတ်ဘူး .... ဒါပေမယ့် ကြယ်ပြာ ပြောစရာမပြီးသေးရင်လဲ ပြန်ခေါ်ပြီးပြောလိုက်တယ် ...း)

Sunny November 5, 2010 12:58 AM  

ဟုတ်တယ်.. စကားပြောနေတာကို သေချာနားမထောင်ဘဲနဲ့ အရင်စလိုဖုန်းချချင်နေတဲ့လူတွေကို မကြိုက်ဘူး.. ပြောချင်တာ ပြောပြီး၊ သိချင်တာ သိပြီးရင် “ဒါပဲနော်..ဖုန်းချလိုက်တော့မယ်” ဆိုတာတောင် မပြောဘဲနဲ့ ဖုန်းချလိုက်တဲ့လူတွေကို မကြိုက်ဘူး..

ဇူး November 5, 2010 10:55 AM  

ဇူးလည်း သတိထားရမယ်... ဖုန်းတော့ အရင်မချဘူး.. သူများခေါ်တာနဲ့ သူဘာပြောချင်တယ်ဆိုတာ မသိဘူး.. ဇူးသူ့ကို ဘာပြောစရာရှိသေးတယ်ဆိုတာပဲ သတိရပြီး ပြောရော.. ပြီးမှ သူများက ပြောရတယ်... ပြင်မှ.. ပြင်မှပဲ..း)

အင်္ဂါဟူး December 3, 2010 9:35 PM  

ခံစားချက်တော့ တူမယ်ထင်တယ်.. ဖုန်း ကို ကိုယ်က အရင်ချတယ်ဆိုတာ ရှားတယ်.. ဒါတောင် ပြောပြီးမှ သူ့ဆီက စကားသံမလာမှ ချတာ...

နေ့စဉ်နဲ့အမျှ ပြောပြီးဖုန်းချသွားသူတွေ ကိုယ်ဆက်ပြောတာကို နားမထောင်ပဲ သူပြောချင်ရာပြောပြီးဖုန်းချ သွားသူတွေကြောင့် စိတ်ကသိကအောက် ဖြစ်ရတာ အကြိမ်ကြိမ်...

ဖုန်းသံကြားရင်ကို အမြင်ကတ်လာတာ... ပါဆင်နယ်လ်ဖုန်းကိုတောင် အလုပ်ကိစ္စတွေ ဆက်လွန်းလို့ နောက်တစ်လုံးပြောင်းကိုင်ရတယ်... သယ်ရင်းတွေလဲ နောက်နံပါတ်ပြောထားပြီး ကိုယ်လဲ သူတို့နဲ့ပတ်သက်ရင် အဲဒါပဲသုံးတယ်..အေးရော

အုပ်ကြီး December 7, 2010 1:23 AM  

ကျွန်တော်လည်း ဒီလိုအကျင့်ရှိတယ်ဗျ ..
သူများအပေါ်ကိုတော့ အရေးမထားမိတာတော့
မဟုတ်ဘူးပေါ့ ...ဒီလိုမျိုး
တစ်ခြားသူရဲ့ စိတ်ကိုထိခိုက်စေနိုင်ရင် ဆင်ခြင်ရမယ်ဗျာ..

ရွှေပြည်သူ January 5, 2011 10:45 PM  

ညီမလည်း အဲဒီလိုပဲ... ကိုယ်အရမ်းရင်းနှီးတဲ့ သူတွေနဲ့ကျရင် ကိုယ့်ဘက်က အသေးအမွှားလေးက အစ ဂရုစိုက်တတ်သလောက် သူတို့ဘက်က “ဒါဘဲ …….ဒါဘဲ…….ဖုန်း ချလိုက်တော့မယ်……” လုပ်ရင် မကြိုက်ချင်တော့ဘူးး) ဒီနေရာမှာ စိတ်ချင်းတူလို့ အဲဒီခံစားချက်ကို နားလည်ပါတယ် အစ်မပြား)