Happy Belated Birthday

ကိုယ့် အတွက် ဒီဇင်ဘာ ၂၂ ရက် နေ့ဟာ အမှတ်တရ များစွာထဲက အမှတ်ရစရာ နေ့စွဲလေး တခုပါ၊ ဒီနေ့လေးကို မေ့နေခဲ့တာတော့ မဟုတ်ပါဘူး၊ ရှေ့အရင်ရက်တွေမှာ သတိတရ ရှိနေခဲ့တယ်၊ ဒါပေမဲ့ ကျန်ခဲ့တဲ့ ၂ရက်မှာ အိမ်မှ ချစ်သော မောင်ဖိုးစိန် ချက်တဲ့ ငါးကြော်ချက် ကို အားရပါးရ စားလိုက်တာမှာ ပိစိညှောင့်တောင့် ဆူးလေး တချောင်းဟာ ကိုယ့် အာခေါင်မှာ စူးလို့ နေခဲ့တယ်၊ ဒီ ဆူးကို ထုတ်ဖို့ အမျိုးမျိုး ကြိုးစားလိုက်တာ ပါးတခြမ်းနာ ခေါင်းတခြမ်းကိုက် လူပါ နေမကောင်းချင်သလို ဖြစ်ပြီး ဒီနေ့ မနက်မှ သူ့အလိုလို ထွက်သွားတယ် ထင်ပါတယ်၊ ဆူးထွက်သွားတာကို အပျော်လွန်သွားတယ် ပြောရမလားပဲ ၂၂ ရက် ဒီဇင်ဘာ ရက်လေးကို ကျော်သွားပြီး အိပ်ခါနီးမှ သတိရမိခဲ့တယ်

ခုမှ သတိရမိတဲ့ အတွက် ၊ မက်ဆေ့ မပို့မိတဲ့ အတွက် ကိုယ့်များ စိတ်ဆိုးနေမလားဆိုတဲ့ စိုးရိမ်စိတ်ကလေးနဲ့ ဒီစာလေးကို ရေးမိပါတယ်၊ နောက်ကျ သွားတဲ့ ဟက်ပီးဘတ်ဒေး အတွက် ဒီစာလေးနဲ့ ကျေနပ်ပါလို့..............:)

ပျော်စရာ မွေးနေ့လေး ဖြစ်ခဲ့ပါစေလို့......... ဆုတောင်းလျှက်





3 comments:

မိုးခါး December 23, 2011 10:45 AM  

ဒါတော့ လွန်တာပေါ့ .. လုံးဝမဖြစ်သင့်တဲ့ ကိစ္စပဲ :P

desertraindrops December 23, 2011 8:42 PM  

:)) မွေးနေ့ရှင်ရေ စိတ်ကောက်ပလိုက် စိတ်ကောက်ပလိုက် :P

အတွေးကမ္ဘာ..မှတ်တမ်း December 31, 2011 5:52 PM  

ဒါမှန်တယ် စိတ်ကောက်သင့်တယ်..