အော်…ခုတလော ဘာပဲမြင်မြင်၊ ဘာပဲကြားကြား တခုခုကိုပဲ လွမ်းနေသလိုလို၊ ငိုချင်သလိုလိုနဲ့နေလို့ကိုမကောင်းဘူး။
အင်း!! အသက်ပဲကြီးလာလို့လားမသိဘူး။ တခုခုဆို ရင်ထဲမှာ ခံစားလွယ်နေသလိုလိုပဲ။တခါတလေ ထမင်းစားနေရင်းနဲ့လည်း မျက်ရည်ကျချင်တယ်(ဟင်းမကောင်းလို့မဟုတ်ပါ၊နေ့တိုင်းဟင်းကောင်းပါသည်။မကြွားတတ်ပါ)တခါတလေ ရထားစီးရင်းနဲ့လည်း ငိုချင်တယ်။ တခါတလေ လမ်းလျှောက်ရင်းလည်းငိုချင်တယ်။ဘယ်လိုပဲဖြစ်ဖြစ်ငိုချင်နေတာပဲ၊ရုပ်ရှင် ကြည့်ရင်တောင် ဟာသာကားကြည့်လည်း ရယ်စရာမဟုတ်တဲ့ဟာကို ရယ်စရာ လုပ်ထားတာကိုကြည့်မိလေခြင်းဆိုပြီး စိတ်မကောင်းဖြစ်ပြီးငိုချင်တယ် သြော်.....အင်ရှင်ကားကြည့်တော့ လည်း လူဆိုးက မင်းသားကို ချလိုက်လို့ နောက်ဆုံးမင်းသားနိုင်သွားရင်တောင်မှ လူဆိုးကို သနားပါတယ်ဆိုပြီး ငိုချင်ပြန်ရော၊ မထူးပါဘူးလေဆိုပြီး ဒရာမာဘက် လှည့်ပြန်တော့လည်း ကြည့်ရင်းကြည့်ရင်းနဲ့ ရင်ထဲမကောင်းလို့ ငိုချင်ပြန်ရော၊ တော်ပါပြီလေ စာပဲဖတ်တော့မယ် ဆိုတော့လည်းထူးမခြားနားပဲ ဖြစ်ပြန်ရော။နောက်ဆုံးသီချင်းပဲ ကောင်းပါတယ်လေဆိုပြီး နားထောင်မယ်လုပ်လိုက်ကာမှ ပိုဆိုးပါလေရော ဘာသီချင်းပဲ နားထောင်လိုက် နားထောင်လိုက် ကိုယ့်အတွက်ပဲ ဆိုပေးနေသလား ထင်ရတယ်။အလွမ်းသီချင်း နားထောင်တော့လည်း လွမ်းမိနေသလိုလို (ဘာကိုလဲတော့မသိဘူး)၊ အချစ်သီချင်း နားထောင်တော့လည်း ကိုယ့်လိုအချစ်ရေး ကံမကောင်းတဲ့ သူကို ရွဲ့နေသလိုလို၊ ကိုယ်တစက်ကလေးမှကို နားမလည်တဲ့ အင်္ဂလိပ်ရက်ပ် သီချင်းနားထောင်တာတောင် အဆိုတော်က နင် ဒါလေးတောင်နားမလည်ဘူးလား ဆိုပြီး ကိုယ့်ကို လှောင်ပြောင်နေသလိုလို၊ ကုန်ကုန်ပြောရရင် ချစ်စရာ အဆိုတော် ပေါက်စလေး ဗီဗာဟိန်း လေးရဲ့ တောင်ပြုံးဆိုလား ဘာဆိုလား သီချင်း နားထောင်တာတောင်မှ အော်..ဒီလောက် ပျော်စရာကောင်းတဲ့ တောင်ပြုံး ဒီတခေါက် ပြန်တော့ မရောက်ခဲ့ ပါလား ဆိုပြီး စိတ်မကောင်းဖြစ်ပြီး ငိုချင်ပြန်ရော.. ဘယ်နှယ့်ကြောင့် ဒီလိုဖြစ်နေတာလဲ ဆိုတာတော့ ကိုယ်တိုင်လည်း ရေရေရာမသိဘူး။ သူငယ်ပြန်တယ် ပြောရအောင်လည်း အသက်ကလေးသာ နဲနဲကြီးတာ (၄၀)တောင် မကျော်သေးပါဘူးလေ။ ကဲ့..ဘယ်နှယ့်လုပ်ရမလဲကွယ် ဒီလိုမဖြစ်အောင် နောက်ဆုံး အဆိုတော် အဲလက်စ်ရဲ့ သီချင်းလေးလိုပဲ (တော်ပါပြီစိတ်ကုန်တယ်…တောထဲက သစ်ပင်ပေါ်သွားနေမယ်…ကျားကြီးပဲ ကိုက်ပ စေ ကျေနပ်တယ်) ဆိုသလိုပဲ လုပ်ရတော့မှာပေါ့လေ။ ဒါတောင်နေဖို့ သစ်ပင်လေးကလည်း ထင်းစိုက်မဲ့ သူတွေနဲ့ တွေ့လို့ ခုတ်သွားရင် နေစရာမရှိလို့ ငိုနေရအုံးမှာပါလား….
ကိုယ့် ရဲ့ ဘလော့လေး အသက်ငင် နေတာ နှစ်နဲ့ ချီပြီးကြာနေပါတယ်၊ စာတွေ ပုံတွေ စီထားတာ အများကြီး ရှိနေသော်လည်းဘဲ လည်းဘဲ ပေါ့လေ၊ ခုတော့ ကိုယ့် ဘလော့လေး ဖွင့်ကြည့်မိပြီး စာလေး တပုဒ်လောက်တော့ တင်ဦးမှ ဆိုတဲ့ စိတ်ကလေးနဲ့ ရေးမိပြန်တာကတော့ အပေါ်က မြင်တဲ့ အတိုင်း စာတွေ စီတာ ကမောက်ကမ ဖြစ် လိုင်းတွေက မညီညာ အကြောင်းအရာက ဘာမှ မဟုတ် ဒါကြောင့် မတော်လို့များ ဒီ ကောင်းကင်ပြာ လင့်ကို တွေ့ မိလို့ လာဖတ်တဲ့ ညီအကို မောင်နှမတွေကို ဒီစာလေးနဲ့ တောင်းပန်ပါရစေလို့၊ စာတွေ ဆက်ရေးနိုင် အောင်လဲ အများကြီးကြိုးစားပါဦးမယ်လို့ .........:)



6 comments:
သိပ်သနားဖို့ကောင်းတာပဲ။ အိမ်မှာလဲ ခဏခဏ ရယ်. အဲလေ. ငိုနေတာ တနေကုန် စိတ်မကောင်းစရာပဲ..။
ဖတ်လို့သိပ်ကောင်းတယ်။
ခံစားရတယ်။
ဘာမှန်းမသိဘူး ငိုချင်သွားတယ်။
အချစ်အကြောင်းများလားလို့ လာဘတ်တာ .. မျက်ရည် တောက်တောက်ကျတွားဒယ် .. :P
ရင်ဘတ်ချင်း တူတယ် ။
တောထဲ သွားနေ ဘို့ သစ်ပင်ရှာတွေ့ရင်ပြောပါ ..အတူလိုက်နေမယ် ။
အော်... မမပြာတယောက် အဲသလောက်တောင် ဝမ်းနည်းပက်လက်... ပိုးစိုးပက်စက်... ငိုကြေးနေတာကိုး...
ခုမှပဲ ဒီစာဖတ်မှပဲ သိတော့တယ်...
အပြိုင်ငိုသွားတယ်မမ... ဗြဲ.... (နှပ်တွေစင်ကုန်ပလားဟင်... ဟင့်...)
:P
:waa :waa အော်ငိုလိုက်တော့မယ်။ အလိုလိုနေရင်း ငိုချင်နေပါတယ်ဆိုမှ ကောမန့်ရေးပြီးသား ဘာနှိပ်မိတယ်မသိ.. မတက်လို့ နောက်တကြိမ်ပြန်ရေးတာ။
“ တော်ပါပြီ စိတ်ကုန်တယ် တောထဲက သစ်ပင်ပေါ်ပဲ သွားနေမယ် ” လိုက်မယ်နော့။
အသက်ကြီးတဲ့သူတွေ အထီးကျန်ခံစားရတယ်ဆိုတာ အခု မငုံတို့တောင် ၃၀ကျော်တင် ခံစားနေရပြီ။။ ငိုချင်တယ်။
Post a Comment