ကိုယ့်ရင်ထဲ မှာ
အစာမကျေပါဘူး၊ ဘယ်သူ့ကို အစာ မကျေလဲ မမေးပါနဲ့ ကိုယ့်ဘာသာမကျေတာပါ၊
ကိုယ်ဟာမျှော်လင့်ချက်တွေနဲ့ ရှင်သန်နေသူပါ၊ ကိုယ့်ဘ၀လမ်းကို
ကိုယ့်ဘာသာရေးနေသူတယောက်ပါ၊ ပါဝင်ကူညီ ရေးသားနေသူတချို့လဲ ရှိပါတယ်၊ ကိုယ့်
အတွက် ပါဝင်ရေးသားပေးနေသူတွေဟာ ကိုယ့်ရဲ့ ကျေးဇူးရှင်တွေပါပဲ၊
အဲ့ဒီကျေးဇူးတွေကို တနေ့ ဘယ်လို ပြန်ဆပ်ဖြစ်မယ် ဆိုတာကိုယ် သူတို့ကို
မပြောဖူးသလို၊ သူတို့ကလဲကိုယ့်ကိုမမေးခဲ့ ဖူးပါဘူး၊ ကိုယ်
သိပ်ကျေးဇူးတင်ပါတယ်လို့ ဒီနေရာကပြောချင်ပါတယ်၊
တချို့ စကားလုံး တချို့က ပြောမှ သိမှာဖြစ်သလို့ တချို့ကတော့ ပြောစရာမလိုပဲ သိနေနိုင်ပါတယ်၊ ကိုယ် ဟာ အရမ်း ခံစားထိရှ လွယ်သလို၊ အရမ်း သိုဝှက် ခံစားတတ်သူပါ၊ ကိုယ့် ခံစားချက်တွေကို ဖွက်ထားတတ်ပြီးအမြဲ ရယ်စရာပဲ တွေးနေတတ်၊ အကောင်းမြင်တတ်သူ( တချို့နေရာတွေမ ပါ) ပါ၊ ကိုယ့်ဟာကိုယ့် ခံစားချက်တွေကို ရှေ့တန်းတင်တတ်ပြီး ပြီးမှ မလုပ်သင်ဘူးဆိုတာတွေးတတ်သူပါ၊ ဒါပေမဲ့ ကိုယ် လုပ်ခဲ့တဲ့ အလုပ်တွေ၊ အပြုအမူ ၊ အနေအထိုင် တွေပေါ် ကိုယ် နောင်တ ရခဲ့တယ် ဆိုတာ မရှိခဲ့ပါဘူး၊ ကိုယ် လုပ်ခဲ့တာ အတွက် အပြစ်ရှိခဲ့ရင် ခံယူဖို့ အသင့်ရှိခဲ့သူ တယောက်ပါ၊ ကိုယ့် အတွက် အဖေါ်မွန်ကောင်း၊ မောင်နှမ ကောင်းတွေ အများကြီးပါ၊ ကိုယ် အားလုံးကိုသိတ်ချစ်တယ်၊ ကိုယ့်ကိုကိုယ် ထက် ပိုချစ်တယ် ဆိုရင် ယုံချင်မှယုံမှာပါပဲ၊
ခု ဒီရက်ပိုင်းမှာ ကိုယ့်ခံစားချက်တွေ သိတ်ပြင်းထန်ခဲ့တယ်၊ သိသူဟာတယောက်ထဲပါ၊ ကိုယ် အားလုံးကို ဖွင့်ပြောတာ ၊ ကိုယ် ငိုပြတာ၊ ကိုယ် ၇ယ်ပြတာ ၊ ကိုယ် ပြုံးပြတာကို နားထောင်မဲ့သူဟာ တယောက်ထဲပါ၊ ဘယ်သူအပေါ်မှ ကိုယ် မကျူးလွန်၊ မပြစ်မှားခဲ့ဘူး၊ကိုယ့် လုပ်ရပ် အပေါ် ကိုယ် တာဝန် ယူရဲပါတယ်၊ ကိုယ့်ခံစားချက်တွေ ကစင့်ကလျား ဖြစ်နေချိန်လို့ ပြောရမလိုပေါ့လေ၊ ဒါပေမဲ့ တချို့ သောသူ ကိုယ် နဲ့ ပတ်သက် နေသူတွေရဲ့ ခံစားချက်တွေကို ကိုယ် ထည့်မတွက် မိခဲ့ဘူး၊ ကိုယ် လုပ်နေတာတွေ မမှားဘူး၊ ကိုယ် မှန်တယ်လို့ တွေးထင်မိနေတာတွေ အတွက်( ကိုယ် ထင်တာ မှားရင်လဲ မှားနေမယ်) တခုခု ခံစားနေရမယ် ဆို ဒီနေရာကနေ တောင်းပန်ချင်တယ်၊
ကိုယ့် မောင်တွေ ညီမတွေ တအိမ်ထဲ တူတူ နေသူတွေ၊ ကိုယ်ချစ်ရတဲ့သူတွေ ကိုယ် ပြောလို့ရတာတွေဆို ကိုယ် သွန်သင်ဆုံးမမိတယ်၊ အဓိကတော့ ငါ လုပ်သလိုမလုပ်နဲ့ ငါ ပြောသလိုလုပ်ဆိုတဲ့ စကားတွေနဲ့ ကလေးတွေကို ချူပ်ထိန်းခဲ့တယ်၊ ကလေးတွေ( ကိုယ့်အတွက်ပေါ့) သိတ်လိမ်မာတယ်၊ အားလုံးနားထောင်ကြတယ်၊ ကိုယ် ဟာ ကိုယ် ကိုတိုင်သာ အမှားတခုကို ကျူးလွန်ချင် ကျူးလွန်မိမယ်၊ ကိုယ် နဲ့ အတူနေသူ မောင်နှမတွေ အတွက် သူများတွေရဲ့ အပြော တစွန်းတစ်လေးမှ မခံနိုင်ပါ၊ ပြောလာခဲ့ရင် ဖြေရှင်းဖို့ ကိုယ့်အတွက် အဆင်သင့်ပါ၊
ကိုယ်ဟာ သူများတွေ ခေါ်သလို လူဆိုးမကြီးတယောက်ပါ၊ ကိုယ် မဖြေရှင်းပါဘူး၊ ဒီ နာမည်ကို ကျေနပ်စွာ လက်ခံခဲ့သူတယောက်ပါ၊ ရုပ်ကြမ်းပါတယ် ၊ အပြောဆိုးပါတယ်၊ ဒါပေမဲ့ ကိုယ့်မှာ ပိုင်ဆိုင်တာ ဆိုလို့ ရိုးရှင်းစွာ အကောင်းဘက်ကတွေးတတ်တဲ့ စိတ်လေးတခု ပိုင်ဆိုင်ထားရုံ တင်ပါ၊ ခု ဒဿီရက်ပိုင်းမှာ ကိုယ့်ရင်ထဲကခံစားချက် တချို့ ကို ကိုယ် ပြောနေကျ တယောက်သော သူအပြင် ဒီပြင်သူ ၂ယောက်ကို သိစေခဲ့တယ်၊ စိတ်မကောင်းပါဘူး၊ ဒီ လူ ၂ယောက်ဟာ ကိုယ့်ကို ကြောက်နေသလို ခံစားမိတယ်၊ ကိုယ် စိတ်မကောင်းဘူး၊ ကိုယ်ရဲ့ ဆက်ဆံမှုက မှားယွင်းခဲ့လေသလား ကိုယ် မတွေးတတ်အောင်ပဲ၊ ဒီ သူ ဟာကိုယ့်ကို တွေ့ရမှာ ကြောက်နေတယ် လို့ ကိုယ် ထင်မိတယ်၊ အဲ့ဒီ အတွက် ဒီနေရာကနေ ပြောချင်ပါတယ်၊ ကိုယ်ဟာ ကိုယ့် စိတ် ကို အစာ မကြေနေသူတယောက်ပါ၊ ကိုယ့် အတွက်ကြောင့် ဘယ်သူ့ကိုမှ အဆင်မပြေ မဖြစ်ချင်ပါဘူးလို့၊ ကိုယ်ဟာနုနုရွရွ လှလှပပ စိတ်ကူးယဉ်လို့ လှပ နိုင်မဲ့ဟာမှန်သမျှ ကိုလက်ခံနိုင်သူ တယောက်ပါ၊ ကဗျာတွေကို လှပစွာ မဖန်တီးတတ်သလို စာတွေကိုရသ စာပေ မြောက်စွာ မရေးတတ်ခဲ့သူတယောက်ပါ၊
ကိုယ့် ဘာသာ အစာမကျေနေသူတယောက်ပါ.........:)

0 comments:
Post a Comment